ရိုက်စား

မြို့ထဲသွားတယ်..။
ရှော့ပင်းစင်တာ ဝင်ပတ်တယ်..။
အလကားရတဲ့ ရေမွှေးဝင်ဆွတ်တယ်..။
အလကားရတဲ့ ရေအိမ်ဝင်တယ်.။
အလကားရတဲ့ ”ပျော်ရွှင်သောနှစ်သစ်ပါ ”ဆိုတဲ့စကားလုံးတွေနဲ့..မွေ့လျော်တယ်။



window shopping လုပ်တယ်.။
ခခ ဗိုက်ဆာတယ် ဆိုပြီး တစာစာလုပ်တယ်..။
အဲဒီနားက သွားနေကျ စားသောက်ဆိုင် သွားဖြစ်ကြတယ်..။

သွားတော့ ၁၅မိနစ်လောက်စောင့်ရမယ်တဲ့..။
အဆာပြေ ဆေးဘဲဥနဲ့ ပဲပြား တစ်ပွဲယူစားလိုက်တယ်..။

ဒီဆိုင်လာရင် မစားရ မနေနိုင်တဲ့ အမဲသားဖက်ထုပ်ပေါင်း မှာဖြစ်တယ်.။

အမဲသားခေါက်ဆွဲ ...။ (ဒီတခါစားဖြစ်တာ အဖြူထည်..)



အမဲသားကြက်သွန်မြိတ်ကြော်..။
ချာပါတီလို ဂျုံနဲ့လုပ်တဲ့ မုန့်နဲ့ တွဲစားဖို့ ပါ.။

ချာပါတီလိုလို..။(京餅)
အရှေ့တောင်ပိုင်းတရုတ်တွေ စားတဲ့ အစာတမျိုးပေါ့..။



စားပြီး အနီးမှာရှိတဲ့ ဒေါက်တာဆွန်ယက်ဆင်အဆောက်အဦး ဝင်ဖြစ်ပါတယ်..။
တွေ့တဲ့အတိုင်း မီးပုံးတွေထွန်းညှိထားတော့ တမျိုးလှနေပါတယ်.။


၁၀၁အဆောက်အဦး..

နေဝင်တော့မယ့် ဆည်းဆာ..။
မြို့ပြရဲ့ဆည်းဆာ မထူးခြားလှပါဘူး..။
ဂရုပြုသူ မဲ့တဲ့ ဆည်းဆာ...။
လူမသိ သူမသိ ဆည်းဆာ..။
အထီးကျန် ဆည်းဆာ..။


အဆောက်အဦးကြီးကို...
(17th feb: 2011)မှာကျရောက်မဲ့ 元宵節မီးထွန်းပွဲအတွက် ပြင်ဆင်နေကြတယ်..။


မှောင်စပြုနေပြီ..။
မီးထွန်းထားပြီ..။

နေရာတကာ ယုန်။
ချင့်ယုံနော်.။

ဟိုမှာ mcdonalds..။
ှဗိုက်ဆာလို့ မဟုတ်ပေါင်..။

အချိုတည်းစရာ လို့ပါ..။


မှတ်ချက် ။။ ။။ ပိတ်ရက်တွေ ကုန်ဆုံးပြီ..။
ရိုက်လိုက် စားလိုက် လုပ်စားခွင့်လဲ ပိတ်သွားပြီ.။

10 comments:

ကုန်သွားတာလည်းကောင်းတာပဲ
တယောက်တည်း အိမ်မှာယောင်ချာချာမဖြစ်တော့ဘူး

ပေါက်ရေ ဒီက မြန်မာဘုန်းကြီးကျောင်းနဲ့ ကပ်လျက်မှာ ဒေါက်တာဆွန်ယက်ဆင်အိမ်ရှိတယ်။ ပြတိုက်လုပ်ထားတယ်။ အမတို့ အဲ့ဒီနားရောက်တိုင်းလိုလိုမှာတော့ ခြောက်ခြောက်ကပ်ကပ်ပဲတွေ့ရတယ်။ တန်ဖိုးထားခံရမှုခြင်း ကွာတာကို သတိပြုမိရပါတယ်။

This comment has been removed by the author.

ပိတ်ရက်တွေကုန်ပြီကိုး.. မြန်လိုက်တာ..
နောက်တနှစ် နောက်တခါပေါ့လေ..
( အပေါ်က ကွန်မန့် စာလုံးမှားရိုက်မိလို့ ဖျက်လိုက်ပါတယ် )

ဘိုက်ဆာလို့မဟုတ်ရင်ဘာသဘောလဲ ဟင်းဟင်း.

ရုံးမတက်ချင်ရင်ပိတ်လိုက်ပေါ့ညှင်းညှင်း

မပေါက်... ဓာတ်ပုံတွေနဲ့ နှိပ်စက်တာပေါ့လေ။ ရို့စ်လည်း ဆေးဘဲဥ အရမ်း ကြိုက်တယ်။ ဒီမှာလေ ဆေးဘဲဥ ၆ လုံးပါတဲ့ တစ်ကဒ်ကို ၆၈ ခရိုနာတဲ့... အိ အိး( ငိုတာနော်... မသိမှာ စိုးလို့ ကြောကြာတား))

ဒီပိုစ် က အစားအသောက်တွေ အကုန်ကြိုက်တယ်။


...

ပေါက်...
ရိုက်စားးးးး ဆိုလို့ 
နံပြားရိုက်နည်းများလားလို့ အပြေးလာကြည့်တာ...ဟင်းးးးးး
သူ့ ဗိုက်သူ ရိုက်ပြီးစားလာတဲ့  ပို့ စ်ပါလားကွာ..။
မက်ဒေါ်နယ် ဘက်တောင် မျက်စောင်းလေးထိုးလိုက်သေးတယ်.. ခခ ဗိုက်ဆာတာလား...
ခခထက် အငယ်လေး“ပေါက်”များ ဗိုက်ဆာတာလား...။

ှူ京餅 စားချင်တယ်။