တောင်ပေါ်မြေက ချယ်ရီ

ပိတ်ရက်တို့ ထုံးစံအတိုင်း အပြင်သွားဖြစ်ပြန်တယ်..။
အမှန်က တခြားသူငယ်ချင်းတွေနဲ့ ချိန်းထားတာက တခြားမြို့ကို မီးရထားနဲ့
သွားလည်ဖို့...။
နောက်သူငယ်ချင်းက တောင်ပေါ်သွားလည်မယ် ပြောလာတော့ တောင်ပေါ်သွားမဲ့
သူငယ်ချင်းနဲ့ လိုက်ဖြစ်သွားတယ်..။
တောင်ပေါ်ရောက်ဖို့ အကွေ့အကောက်တွေ ပတ်ရတော့ ခေါင်းမူးတူးတူးဖြစ်နေတယ်။
မြို့ထဲမှာ ခပ်နွေးနွေးဖြစ်နေတဲ့ ရာသီဥတုက တောင်ပေါ်မှာ လေတဖြူးဖြူးနဲ့ ခပ်အေးအေး
ဖြစ်နေတယ်..။


ဒီိလိုကျပြန်တော့ အေးချမ်းနေတာပဲ..။
မြက်ရိုင်းတွေနဲ့ ...။


တောင်အောက်တနေရာဆင်းလာပြီး ပန်းခြံတခုဆီ...။
ချယ်ရီတွေတောင် ပွင့်ပြီကွယ်..။
တချို့အပင်တွေ ကြွေကုန်ပြီ..။
ဒီက ချယ်ရီက အရောင်ပိုရင့်တယ်..။



ဒီချယ်ရီပင်က ပွင့်ကာစချယ်ရီနဲ့ ချယ်ရီဖူးလေးတွေ..။


ဒီလိုဝေးကနေလှမ်းကြည့်ရင် ကိုယ့်မွေးရပ်မြေလိုလို..။
လွမ်းဆွေးဖွယ်ရာပါပဲ..။

ဒီမြက်ရိုင်းပင်ကလဲ ကိုယ့်ဇာတိမြေကို လွမ်းစေတဲ့အထဲမှာ ပါတယ်..။


ချယ်ရီရယ်..
မြက်ရိုင်းပင်ရယ်...
အောက်က စိုက်ခင်းရယ်...
ပေါင်းစပ်လိုက်တော့...
လွမ်းတယ် မွေးရပ်မြေရယ်..။

9 comments:

လွမ်းစရာ့ ချယ်ရီမြေဟာ
လွမ်းစရာပဲ၊
တောင်ကြီးမှာလည်း ချယ်ရီတွေ အတော်ပွင့်တယ်တဲ့၊

ချယ်ရီတွေ လှတယ် ပေါက်
တောင်ကြီးကို တစ်ခါပဲ ရောက်ဖူးပါတယ်
ချစ်စရာမြို့ကလေးပါ

ချယ်ရီတွေ လှတယ် ပေါက်
တောင်ကြီးကို တစ်ခါပဲ ရောက်ဖူးပါတယ်
ချစ်စရာမြို့ကလေးပါ

လွမ်းစရာတွေပဲ...

တစ်ချိန်တော့ပြနရောက်မှာဘဲ။

ချယ်ရီပန်း ပုံလေးတွေ လှလိုက်တာ။ ဒီမှာတော့ ချယ်ရီပန်း မရှိဘူး မပေါက်ရေ....။ မပေါက် ပြောမှ ညန်မာပြည်ကို လွမ်းသွားပြီး(

အဲလိုနေရာမျိုးတွေရောက်ရင် ဝတ်မှုန်တွေကြောင့် မျက်ခွံတွေယားပီး နှာမချေတတ်ဘူးလား? အဲလို အာလာဂျီမျိုးမရှိသူတွေကို သိပ်အားကျတာပဲ။ သဘာဝအလှတွေကို အနှောင့်အယှက်မရှိ ခံစားမွေ့လျော်(enjoy ဆိုတာကို မြန်မာလိုပြန်ရခက်လိုက်တာ)နိုင်တာပေါ့။

ဒီမှာတော့မပွင့်သေးဘူး။ စောင့်ရအုံးမယ်။

ကိုယ်လည်းပဲ ခုတလော အတိတ်ကို လွမ်းနေတာ