နှစ်သစ်နေ့ရက်များ..

နှစ်သစ်ရောက်ပြီ..။
နှစ်ဟောင်းရဲ့နောက်ဆုံးနေ့
၃၀ရက်(၂.၂.၂၀၁၁ -ဗုဒ္ဒဟူး)နေ့မှာ ဆွေမျိုးတစ်စု ဝိုင်းဖွဲ့ထမင်းဝိုင်းအပြီး ကိုယ့်အိမ်ပြန်ရောက်တော့
ည၁နာရီရှိပြီထင်တယ်..။
နှစ်ဆန်းတစ်ရက် (၃.၂.၂၀၁၁- ကြာသပတေး)နေ့မှာ နောက်အမျိုးတစ်ယောက်အိမ်မှာ
ထမင်းဝိုင်းဖွဲ့ ကြပြန်ရော...။
အိမ်ကို ည၁၁ကျော်မှ ပြန်ရောက်တယ်။

ဒီနှစ် အမေ့အိမ်မှာ ဟော့ပေါ့နဲ့ ဝိုင်းဖွဲ့ဖြစ်ကြရဲ့လား မသိ။

နေ့လည်စာ စားအပြီး ကာဖီနဲ့ နာနတ်သီးမုန့်နဲ့ ..
လိမ္မော်သီးနဲ့ ဇီးသီးနဲ့..
စွန်ပလွန်သီးခြောက်တောင် ပါလိုက်သေး.။
ချိုချဉ်နဲ့ 開心果(မြန်မာလို မခေါ်တတ်) ....
အားမနာနဲ့နော် ယူစားသွားကြ..။


သက်သက်လွတ်ဆန်ခေါက်ဆွဲ..။
အရှေ့၂ရက် အသားကြီး ငါးကြီး သိပ်အီသွားတယ်.။
ဒီနေ့တော့ သက်သက်လွတ်လိုက်ပါမယ်လေ..။

8 comments:

ကယ်လိုရီချိန်ဦးနော် :)

အို......
နားမလည်တဲ့ ဘာသာစကားတွေ လာပြောနေပြန်ပြီ။
အိပ်တော့..
အိပ်တော့..
ဘာအချိန်ရှိနေပြီလဲ...။
ဟီးဟီးး

ဒုတိယပုံထဲက အသုတ်ပန်းကန်လေး ပလိစ်..

ဆန်ခေါက်ဆွဲလေး ကောင်းမယ့်ပုံ

မပေါက်က ပန်းသေး တရုတ်လားပာင်။ တရုတ်စာတွေလည်း တတ်တယ်နော်။

ပျော်စရာကြီး။

နှစ်သစ်ရောက်ပြီ ဆိုတဲ့ ရာဇာနေဝင်းသီချင်းတစ်ပုဒ်ကို သတိရသွားတယ်.. ခုတလော သီချင်းတွေ သတိရနေတယ်... :)