2/03/2011

မျောနေတဲ့ တိမ်. စီးနေတဲ့မြစ်. ရပ်နေတဲ့ငါ

ဒီဇင်ဘာတုန်းက မြို့တစ်မြို့ကို သွားခဲ့တယ်..။
အစကတော့ တစ်ညအိပ်မယ်ဆိုတဲ့အတွေးနဲ့ပေါ့..။
မြို့ခံအသိကလဲ ဟိုတယ်တောင် ဘွက်ကင်လုပ်ပေးပြီးသား။
တူတူသွားတဲ့ အစ်မက ညအိပ်မသွားလို့ အစီအစဉ်ပျက်သွားပြီး
နေ့ချင်းပြန်ပဲ သွားလိုက်ရတယ်..။
ကျည်ဆံရထားနဲ့ဆိုတော့ အချိန်ကုန်သက်သာသွားတယ်..။
ငွေကုန်တော့ မသက်သာဘူးပေါ့..။ဟီး
အပေါ်ကပုံက အဲ့ဒီမြို့ရဲ့ မြို့လယ်က ချောင်းကြီးပေါ့..။(河)
ပုံမှာတွေ့တဲ့ လှေကို စီးဖြစ်ကြတယ်..။
နေရောင်စွမ်းအားနဲ့ အသုံးပြုတာတဲ့..။


ထုံးစံအတိုင်း တိမ်ပါအောင် ရိုက်ဖြစ်တာများတယ်..။
ရိုက်တာတွေကတော့ ပြောပလောက်အောင်မလှပေမယ့်
အမှတ်တရဖြစ်စေပါတယ်။
သူများဘလော့တွေကြည့်ပြီး အားကျနေတယ်။








ကော်ဖီသောက်ဖြစ်တယ်..။
လေတဖြူးဖြူးနဲ့ ကော်ဖီပူပူနဲ့..
လိုက်ဖက်ပါတယ်..။

မိုးမှောင်လာပြီ..။
မီး ဟိုတစ ဒီတစ ထွန်းလင်းလာပြီ..။



အိမ်ပြန်သင့်ပြီလေ..။
အိမ်ပြန်ခဲ့ရပြီ..။

မှတ်ချက် ။ ။ ဒီဇင်ဘာက ခ၇ီးကို အခုမှ တင်ဖြစ်လို့..
ချေးခြောက်ရေနှူးသလို ။
ခေါင်းစဉ်ပြောငိးုက်ပြီနော်..ဟားဟား
မှတ်ချက် ။ ။
ဒန်သော ခေါင်းစဉ်ကို စဉ်းစားပေးသူ မမကို
ကျေးဇူး..။

11 comments:

  1. ခေါင်းစဉ်ပေးစရာရှားလို့

    ပေါက်ရိုက်တဲ့ ပုံတွေ ပိုကြိုက်တယ်..

    အိတ်စ်ယောင်းစ်

    ReplyDelete
  2. ထိုင်ဝမ် မှာ ခေါင်းစဉ် ရှာတယ်လား။ စလုံးကနေပို့ပေးရမလား။း)
    ပုံလေးတွေလှတယ်။

    သုံးစက်

    ReplyDelete
  3. 高雄 ချစ်စရာမြို့လေးပဲ..

    ReplyDelete
  4. ကဗျာ လည်းမဆန်ဘူး. ကဗျာဆန်ဆန် လှလှပပနာမည်ကလေးများစဥင်္းစားမယ်မရှိဘူး။

    ReplyDelete
  5. ခေါင်းစဉ်လေးပြောင်းလိုက်မှ ပုံလေးတွေကြည့်ရတာ ကဗျာဆန်သွားတယ်...

    ReplyDelete
  6. ခေါင်းစဉ်ပြောင်းလိုက်တာ ဟုတ်တုတ်တုတ်၊
    တခုခု စားရင်းနဲ့ ဘလော့ဂ်ဖွင့်မိရင် ဘယ်လိုလုပ်မလဲ၊

    အဲလိုမျိုး ပြောချင်ခဲ့တာ၊
    :)

    ReplyDelete
  7. လိမ္မာလိုက်တာ
    လိမ္မာလက်စနဲ့ ang pao ပေးပါ
    အိတ်စ်ယောင်းစ်

    ReplyDelete
  8. ခုတော့ လည်း သူ မဟုတ်သလိုပဲ...။



    သုံးစက်

    ReplyDelete
  9. :) အဟီး.. စတင်ခါစကတော့ လန့်တောင်သွားတယ်.. ရုံးက ကွန်ကွန်က မြန်မာလိုရိုက်မရလို့ မမန့်ပဲနေတာ..
    မြို့လေးကတော့လှတယ်၊ စိတ်ဝင်စားစရာ.... ဘာလို့ခေါ်တယ်ဆိုတာ ကြုံရင်ပြောပြပါ..

    ReplyDelete
  10. ပုံတွေကြည့်ပြီး ခရီးထွက်ချင်လာတယ်။

    ReplyDelete
  11. မပေါက် အလည်သွားခဲ့တဲ့ မြို့လေးက ဘယ်မှာလဲပာင်။ လှသားနော်။ ဓာတ်ပုံတွေ များများ ရိုက်နော် နောက်တစ်ခါကျရင်။

    ReplyDelete