4th feb:2011




ပျင်းပျင်းရှိတာနဲ့ ....
သူငယ်ချင်းတစ်ယောက်လာလည်တာကြုံတာနဲ့
....
ညနေ အပြင်ထွက်ဖြစ်ပါတယ်..။
ခခကိုရုပ်ရှင်ပြမယ် ကတိပေးထားတာနဲ့ ရုပ်ရှင်ကြည့်ုဖြစ်တယ်..။
3Dကြည့်တာဆိုတော့ မျက်လုံးညောင်းတယ်..။
တောကမို့ထင်တယ် ခပ်ရိုးရိုးကြည့်ရတာပဲကြိုက်တယ်။
တခါက ရွှန်းမီညွှန်းဖူးတဲ့ ကာတွန်းကား..။
魔髮奇緣(Tangled)ဆိုတဲ့ကား..။ ရယ်ရတယ်။
ကြည့်ပျော်ပါတယ်..။
ယုန်ကလေးက နားရွက်ထောင် ပညာရှိယောင်ယောင်
ယုန်နှစ်ဆိုတော့လဲ...။


ကလေးကြိုက်လေးတွေ..။
မဝယ်ဖြစ်ပါဘူး..။
ဗိုက်ဝတာမှ မဟုတ်ပဲ..။

လမ်းဘေးအနုပညာရှင်အဘိုး..။
အဲဒီလမ်းမှာ လမ်းဘေးအနုပညာသည်တွေ အများကြီး..။
ဒီနေ့ မရိုက်ဖြစ်ခဲ့ဘူး..။
covent garden ကို သတိရသွားတယ်..။


ဟိုဖက်အပင်က မီးနီနီ..
ဒီဖက်အပင်က မီးနီနီ...
မင်္ဂလာရှိသော မီးနီနီ..

သွားရင်း လာရင်း ထီထိုးတော့ သူငယ်ချင်းထီပေါက်တယ်..။
သွားနေကျဟော့ပေါ့ဆိုင် သွားစားလိုက်ကြတာ ကုန်ရော..။


ဒါက သစ်သီးစားပြီးလို့ ကုန်သွားတဲ့ ပန်းကန်ပြားလေး..။

ခခလက်ထဲက ရေခဲမုန့်..။
ချိုရဲနေတာပဲ..
မကြိုက်ဘူး။

အပြန်လမ်းမှာ ကုန်းကြောင်းလျှောက်..
ဖြတ်ကျော်ရတဲ့ တံတားေ့း..။
အိမ်ပြန်ချိန်ရောက်ပြီလေ...။

3 comments:

မပေါက်... ရို့စ်လည်း animation ကာတွန်းဆို သိပ်ကြိုက်တယ်။ Tangled အဲ့ဒီကားလေး မကြည့်ရသေးဘူး။ ဒီနိုင်ငံမှာ ရုံမတင်သေးလို့။ မပေါက် နောက် ပို့စ် တင်ရင် စာရှည်ရှည် ရေးပါဗျို့။ ၁ စက္ကန့်လောက်နဲ့ ဖတ်လို့ ပြီးသွားလို့ ခစ် ခစ်း)

ရို့စ်ရေ..
ဒီမှာလဲ ၃ရက်နေ့ကမှ ရုံတင်တာ..။
နောက်ကျတယ်...။
စာရှည်ရှည်ရေးဖို့လား..
မတိုက်တွန်းပါနဲ့တော့..။
(မဖြစ်နိုင်လို့ပါ..ပုံတင်ပြီး လုပ်စားနေတာသာ ကြည့်တော့..)

အရှေ့ပို့စ်မှာ မေးထားတာ ဟုတ်တယ်နော်..။


ပေါက်

နောက်ဆုံးကျမှ ဘာလို့ တိုက်ပ်ရိုက်တာ မှားသွားတာတုန်းပေါက်