ရောက်တတ်ရာရာ


魔術方塊


ဒီနေ့ ဆံပင်ထပ်ညှပ်ဖြစ်တယ်..။
ဆံပင်ညှပ်ဆိုင်မသွားခင် ကတည်းက ဖုန်းနဲ့ကြိုမေးပြီး ချိန်းပြီးသားပါ..။
ဧည့်သည်များနေရင် မသွားတော့ဘူးဆိုတဲ့ အကြောင်း ။
အလကားနေရင်း ထိုင်ပြီး ကိုယ့်အလှည့်ရောက်အောင် စောင့်နေရတဲ့အဖြစ်ကို
မလိုချင်လို့ပါ..။ ကိုယ်သွားတော့ သူ့မှာ ညှပ်လက်စ တစ်ယောက်ရှိတယ်..။
ကောက်ပြီး ပေါင်းတင်မဲ့သူတစ်ယောက်စောင့်နေသေးတယ်..။ ကျနော်က နောက်ဆုံးပေါ့။
မစောင့်ချင်လဲ စောင့်နေရတော့တယ်..။ ကိုယ့်အလှည့်ရောက်တော့ ပွစိပွစိနဲ့ ဘာညာ
ကွိကွ လိုက်တယ်..။

ပြီးခဲ့တဲ့ စနေနေ့က စာရေးကိရိယာဆိုင်ဝင်မွှေရင်း စတုဂံအကွက်လေးတွေကို အရောင်တူအောင်လှည့်
ကစားရတဲ့ ကစားစရာ(魔術方塊)ဝယ်တယ်..။ ငယ်တုန်းက တရုတ်ကျောင်းမှာ 書法ရေးခဲ့ရတာကို
သတိရပြီး စုတ်တံနဲ့ စာအုပ်ဝယ်ခဲ့တယ် ။ အဲ့တာရေးရင် စိတ်ငြိမ်တယ်ဆိုလို့...ဟင်းး။
(ဘာသာပြန်ကြည့်တော့ Calligraphy တဲ့ ..။အရင်က ကြားတောင်မကြားဖူးတဲ့ စာလုံး)

နောက်ပြီး ဖဲတစ်ဘူး ဝယ်ခဲ့တယ်..။ ဖဲကို ဒီနိုင်ငံရောက်မှ သေချာကိုင်ဖူးတယ်..။
အုပ်ထိန်းသူရှိတုန်းက ကလေးကလားကစားတာ သင်ပေးဖူးတယ်..။ ဖဲဗေဒင်တွက်တာ
သင်ပေးဖူးတယ်...။ နောက်တော့ ဆွေမျိုးတွေတွေ့ဆုံပွဲနေ့တွေမှာ ကလေးတွေနဲ့ ရှုံးသူ
နဖူးပေါ်လက်တောက်ကြေးတမ်း ကစားကြတယ်..။
အိမ်ကအမေကတော့ ဖဲဆို အသံတောင်မကြားလိုသူ..။ အဖေကတော့လား........ဟိဟိ။
အဖေကဖဲကစားတတ်ပုံမပေါ်ဘူး..။ မာကျောက်ပဲ အသည်းစွဲ ။ အိမ်မှာ အဖေ့ခြေရာနင်းတာ
အမေ့သားတစ်ယောက်ပဲ ရှိတယ် ။
ိုလိုရင်းကိုပြောရရင် နှစ်ကူးပိတ်ရက်တွေမှာ အပြင်မထွက်ဖြစ်ရင် အပျင်းပြေကစားရအောင်
ဝယ်လာခဲ့ပါတယ်..။ စကားမစပ် ဒီက ကျူရှင်တွေမှာ(တချို့သောကျူရှင်)ကလေးတွေ
အပျင်းပြေကစားခွင့် ပေးထားပါတယ်..။ ဒီလိုပေးကစားခြင်းအားဖြင့် ဦးနှောက်အသုံးပြုရာမှာ
အထောက်အကူဖြစ်စေတယ် တဲ့..။(သူတို့ပြောတာပဲလေ...)

အချုပ်ဆိုရရင်တော့ စိတ်ရှုပ်ရင် ဆံပင်ညှပ်ဆိုင်သွားတတ်တယ်..။
စုတ်တံနဲ့ စာအုပ် ဝယ်ခဲ့တယ်..။
စတုဂံကစားစရာဘေးမှာ ထားထားမယ်..။
လိုအပ်ရင် ဖဲဗေဒင်မေးအုန်းမယ်...။
ကဲ....
ဘာလိုသေးလဲ..။


မှတ်ချက် ။ ။ ပုံကို အင်တာနက်မှ ယူပါသည်။

10 comments:

ချောင်းလေးရယ်... သပွတ်အူလေးတခုရယ်... ကောက်ရိုးလေးတမျှင်နှစ်မျှင်ရယ် ... အဟီး... နောက်တာပါ...

နာလည်း ဆံပင်သွားညှပ်မလို့

ပေါက်ရေ.. ဖဲဗေဒင် စိတ်ဝင်စားတယ်ဝေ့.. online ကနေ မေးလို့ရမလား.. :D

ဘာညာ
ကွိကွ ပွစိပွစိ ? စကားမစပ် လိုရင်းကိုပြောရရင် သူတို့ပြောတာပဲလေ.စိတ်ငြိမ်တယ်ဆိုလို့...ဟင်းး။ကဲ....
ဘာလိုသေးလဲ..။ဟိဟိ။

နောက်တာနော်..။

...

စတုဂံ ကစားစရာ အရောင်တွေ ညီသွားရင် ဒါ့ပုံရိုက်ပြပါ... ကိုယ်တော့ စိတ်မရှည်လို့ အရောင် စတစ်ကာလေးတွေ ခွာပြီး အရောင် တူရာ တူရာ မျက်နှာတွေမှာ သွားကပ်ပစ်လိုက်တယ်... အေးရော...

မမသက်ဝေ.. အကြံကြီးပါပေ့..

ကယ်လီဂရပ်ဖ်ကို နညလည်း စိတ်ဝင်စားတယ် ပေါက်ချစ်.. ရေးပြီးရင် ပြဦးနော

ဟုတ်တယ်လေ နှစ်ကူးတော့မှာ မသီတာတောင် အက တိုက်နေပြီး)
အဆိုထဲ မပါလို့ ပေါက် ကံကောင်းသွားတယ် မှတ်...

ပျော်ပျော်ပါးပါး ကူးရအောင်ပါ ပေါက်ရာ...

ဖဲအကြောင်း ပို့စ် တပုဒ်ရေးအုံမယ် စိတ်ကူးတယ်။ မကြာခင်မှာပေါ့။ ရေးစရာ လမ်းစ ရသွားတဲ့ အတွက် ကျေးဇူးပါ။

မပေါက်.. နှစ်ကူးမှာ.. အဲ.. မပျင်းပါစေနဲ့ လို့ ဆုတောင်းပေးရမလိုပဲ.. =)
မပေါက်ရေးပြတဲ့ စာလုံးလေးတွေ ကြည့်ချင်ပါတယ်.. ပြပါ..

Best idea မသက်ဝေ..
-like- :)

ဆံပင်တောင် ကျန်သေးရဲ့လား မသိဘူး

အိတ်စ်ယောင်းစ်