အလုပ်ရှုပ်



ဘာရယ်မဟုတ်ပါဘူး..။
အခုတလော အလုပ်များနေတယ်..။
အလုပ်များလွန်းလို့ ငိုချင်နေတယ်..။
စိတ်လဲ များနေတယ်...။
စိတ်ရှုပ်နေတယ်..။
စိတ်မရေရာဘူး..။ (ကရေ ကရာစားချင်လိုက်တာ)

ဟင်းချက်တာတင်ရအောင်လည်း..ချက်ပြီးပြီးချင်း ဆာနေတော့
အမြန်စားလိုက်တာနဲ့ ဓါတ်ပုံရိုက်ဖို့ရာလဲ သတိမရတော့ဘူး။
ဟိုတနေ့ကတော့ ဈေးမှာအော်စွန်းတွေ့လို့ တစ်ချောင်းဝယ်လာသုတ်စားတယ်။
အခွံမခွာခင်တော့ ဓါတ်ပုံသတိတရနဲ့ ရိုက်လိုက်တယ်..။ အခွံခွာပြီးရေစိမ် ..။
ပါးပါးလှီး..။ ခါဂျက်ဥသေးသေးစိတ်..။ ကြာဇံပြုပ်..။ နံနံပင်လှီး..။
ကြာညို့အငန် ။ ရှာလကာရည်..။ကြက်သွန်ဖြူထောင်း..။ ငရုတ်သီးသေးသေးစိတ်။
နှမ်းထောင်းဆီ..သကြားနဲနဲ တို့နဲ့သုတ်ပြီးသကာလ..
ထိုင်စားလိုက်တာ ဓါတ်ပုံရိုက်ဖို့မေ့သွားတယ်..။ဟိ

နောက်ဟင်းတစ်မျိုးက အမဲသားနဲ့မျှစ်ဆားသိပ်နဲ့ချက်တာ..။
တင်မလို့ စဉ်းစားထားတာပဲ..။
ချက်ပြီးသား အကုန်ဗိုက်ထဲရောက်ကုန်ပြီ..။


မှတ်ချက် ။ ။ ယောင်းစ်က သီချင်းလဲတော့လို့ အရေးဆိုလာတဲ့အတွက်
စိတ်သီချင်း လဲပေးလိုက်ပါတယ်..။

အဟဲ...
ဟိုတလောကမှ အလုပ်များတာ ညည်းတွားပြီးတာ..
အခု ထပ်ညည်းနေမိပြန်ပြီ..။
ဆောရီးပါတော်..။

11 comments:

အော်စွန်း ဆိုတာ တစ်ခါမှ မစားဖူးတော့ မသိဘူး။ မပေါက်ရယ် သုတ်ပြီးသားလေး ဓာတ်ပုံရိုက်ထားလိုက်ရင် ကောင်းမှာပဲ။ ငမ်းလို့ရတာပေါ့။ အလုပ်တွေ ရှုပ်နေတာ ကောင်းပါတယ်။ အရှုပ်တွေ မလုပ်မိတော့ဘူးပေါ့ ခိခိး)))

dance water dance hundred စားချင်နေသလား ပေါက်

အော်စွန်းဆိုတာ အခုမှ မြင်ဖူးတော့တယ်.. တို့တွေ မသိတာလည်း ဖြစ်နိုင်တယ်..ရန်ကုန်မှာမတွေ့မိဘူးလို့ ထင်တာပဲ..:D နောက်တစ်ခါ သုပ်စားဖြစ်ရင် ပုံလေးတင်ပေးနော်... မစားရပေမယ့်လည်း ငမ်းလို့ရတာပေါ့.. :))

ပေါက်ရေ.. သမီးလေးမွေးနေ့ကို ဆုတောင်းပေးတဲ့အတွက် ကျေးဇူးနော်..

အော်စွန်း တခါမှမစားဖူးဘူး
စူပါမားကက်မှာတော့ တွေ့ဖူးတယ်
မြန်မာမှာနေတုန်းက မတွေ့ဖူးဘူး ။
နောက်အမဲသားနဲ့ မျှစ်စိတ်ဝင်စားတယ်
နောက်တခါတင်ပေးပါလား ပေါက်ချက်တဲ့
အရည်သောက်တွေ တကယ်စိတ်ဝင်စားတယ်

ပေါက်ရေးပြတာနဲ့တင် သွားရေကျနေပြီ။ တို့တွေကတော့ ဆလတ်ရိုး (သို့) မိုစွန်း/မွန်စွန်း ဆိုပြီးခေါ်ကြတယ်။ အကြိုက်ဆုံးအသုပ်ပေါ့။ ပဲကြာဆံပါမှ ပိုကြိုက်တယ်။

ပေါက် .. စားချင်တယ် အော်စွန်း၊ ဘာမှန်းမသိပဲနဲ့ စားချင်တာ
ဓါတ်ပုံလေးတောင်ရိုက်မထားဘူး၊ ဗိုက်ထဲအကုန်ထည့်ပစ်တယ်
ချစ်တဲ့

သူငယ်ချင်းတွေက ရှမ်းတွေများတော့ အော်စွန်းကို သိတယ်၊
ဆလပ်ရိုးလို့လည်းခေါ်တယ်၊
စလုံးမှာ အရမ်းပေါတယ်၊
ရှမ်းဆိုင်တွေမှာ သွားစားရင် အော်စွန်းသုပ်က မပါမဖြစ်ပေါ့၊
သိပ်ကောင်းတယ်၊
ကိုယ်တိုင်လုပ်စားကြည့်အုံးမယ်၊

အော်စွန်း မှတ်သွားပါတယ်။ တခါမှမစားဘူးသေးပါဘူး။

ဖူရှင်း က အော်စွန်းသုတ် ကို သွားသတိရတယ်။


သုံးစက်

ဓါတ်ပုံမတင်ပဲ မမြင်ရတဲ့သူတွေ နှမြောအောင် လုပ်တဲ့နည်း သင်ပေးပါ..

ဆလတ်ရိုးသုပ်စားချင်သွားပီ။ နောက်တခါ သုပ်ထားတဲ့ ပုံလေးပါ တင်ပေးပါ ပေါက်ရေ။ :)