ဒီရက်တွေမှာ...




မိုးရွာနေတယ်..။
အပြင်မှာ မိုးရွာနေတယ်.။
မိုးစက် တဖျောက်ဖျောက်ကျသံတွေနဲ့...။
မိုးရက်ဆက်ရွာနေတာ မပြီးနိုင်တော့ဘူး..။
(အဝတ်တွေ ပုံလှပြီ..။
အဝတ်ခြောက်စက်လား။
မမေးပါနဲ့..။
ဝယ်မထားပါဘူး)

အလုပ်များနေတယ်..။
အလုပ်တွေ မပြီးနိုင် မစီးနိုင်များနေတယ်..။
အလုပ်တွေကို နောက်နှစ်ထိတော့ သယ်မသွားလိုဘူး။

အာရုံများတယ်..။
အာရုံတွေများနေတယ်..။
ဟိုတကွက် ဒီတကွက်နဲ့ အာရုံတွေလည်နေတယ်..။
တကယ်တော့ အာရုံမများချင်ပါဘူး..။

(ဒီည)မှန်ကြည့်မိတယ်..။
သူစိမ်းတစ်ယောက်ကို မှန်ထဲမှာတွေ့နေရတယ်..။
တကယ်တော့ ကိုယ်မှန်မကြည့်မိတာ ကြာပါပြီ။

အသည်းလေးကပြောတယ်..။
စောစောအိပ်ပါတဲ့.။
အင်းး..လို့ ..ပြန်ဖြေမြဲ..။



မှတ် ချက် ။ ။ အသည်းလေး= ခခ
လူအထင်ကြီးမလားလို့ သုံးလိုက်တာပါ (နှပ်ချေးကလော်နေပုံ)

ပုံကို အင်တာနက်မှ ကူးယူပါသည်။

10 comments:

အာရုံ မများပါနဲ့ ပေါက်ရယ်..
မှန်မကြည့်ဖြစ်တာ ကြာပြီဆိုတော့ သေချာပြီ။
ကိုယ် မတွေ့ ဘူးတဲ့ ပေါက်က မှန်ကြည့်စရာ မလို အောင်ကို လှတဲ့သူ ဖြစ်ရမယ်..။
( အမျိုးသမီး တော်တော်များများက ဒိခေတ်မှာ အပြင်ထါက်ရင် မှန်ကြည့်နေကျလေ)

ဒီခေတ်မှာ...အပြင်ထွက်ရင်..

ဒီမှာတော့ ဒီနှစ်အတွက် ဒီနေ့မှရွာတာ ဒီတခါပဲရှိသေးတယ်

တူတူပဲ.. နေ့တိုင်း ဒီမှာလည်းမိုးသည်း...

The same.....Here's raining today.Temperature +6 .....(^_^)..Gyidaw

ပေါက်ရေ

ပို့စ်တခုလုံးသာ ကော်မန့်ထဲ ကူးထည့်ချင်မိတော့တယ်

တူတူပဲ တူတူပဲ

ပြောတော့မလို့..
(ခခ) ဆိုလို့ ပါးစပ်ပြန်ပိတ်သွားတာ..
ဟွန့်ဟွန့်

ရှစ်.. မိုးရွာနေတယ်

ဒီမှာလည်းမိုးရွာနေတယ်။ အ၀တ်တွေလည်းပုံနေတယ်။