နှစ်ကူးရင်...



နှစ်ကူးတော့မယ်..။
အိမ်ပြန်ချင်တယ်..။
ဒီနှစ်ဟာ ပြန်ခွင့်မကြုံတဲ့ နှစ်ပေါ့လေ..။
ပြန်ဖြစ်ရင်လည်း အမြဲပြောနေကျအတိုင်း ဘယ်မှ လည်ဖြစ်တာလဲမဟုတ်။
အိမ်ပြန်တာ..အိမ်ကိုပဲ ပြန်ချင်တာပါ..။
(အစ်မတစ်ယောက်ကတော့ပြောတယ်..နောက်နှစ်ပြန်လာရင် ပုဂံလိုက်ပို့မယ်ပြောတာပဲ)
အိမ်ပြန်ရောက်ရောက်ချင်း မနက်စာလာစားဖို့ ခေါ်တဲ့ သူငယ်ချင်းရှိမယ်..။
အိမ်နောက်ဖက်မှာနေတဲ့ သူငယ်ချင်းပါ..။
သူတို့အိမ်မှာ သူတို့ရိုးရာမနက်စာရိုတီဖုတ်ထားလိမ့်မယ်..။ တို့စားဖို့ မလိုင်ခပ်ထားပေးလိမ့်မယ်။
ကြက်ဥမကျက်တကျက်ကြော်ထားပေးလိမ့်မယ်..။ကျနော်သိပ်ကြိုက်တဲ့ ဒေါ်ဆယ်ဝယ်ထားပေးလိမ့်မယ်.။
ကာဖီဖျော်ထားပေးတယ်..။ ကျနော်ကတော့ အားမနာတမ်းပေါ့...။အားပေးလိုက်ပါတယ်။
(အမှန်က ရိုတီကို ကျနော်က သိပ်မကြိုက်ပါဘူး။ ရှိတော့လည်း စားလိုက်တာပေါ့လေ..။)

နေ့လည်လောက်ဆိုရင် အမေ့သူငယ်ချင်းမြန်မာအိမ်က ထမင်းစားဖို့လာခေါ်လိမ့်မယ်။
ငပိရည်ကျိုလုပ်ထားပေးလိမ့်မယ်..။ ငံပြာရည်ချက်ထားလိမ့်မယ်..။
အတို့အမြုပ်အစုံနဲ့ပေါ့..။ ပုဇွန်ဟင်းချက်ထားပေးတယ်..။ငါးဟင်းလဲပါရစေ့မယ်။
၂ပန်းကန်စားနိုင်တယ်..။ ကျနော်စားတာကြည့်ပြီး သူတို့သိပ်အားရတယ် တဲ့။
အားမနာတမ်းစားလို့ ပါတဲ့..။

ညနေ ၃နာရီလောက်ဆို..အိမ်နောက်ဖက်ကသူငယ်ချင်းနဲ့ ဈေးထဲ အကြွေးကောက်လိုက်သွားမယ်။
သူအကြွေးကောက်တဲ့နောက်တကောက်ကောက်လိုက်ရင်း ဈေးအောက်ထိပ်က မိတ်အင်လမ်းဘေး
ဒေါ်ညိုနို့ထမင်းဆိုင်မှာ ထိုင်ပြီး ၂ပွဲစားမယ်.။ပြီးရင် သူတို့သောက်တဲ့ လက်ဖက်ရည်ဆိုင်မှာ ကာဖီချိုရဲရဲ
လိုက်သောက်မယ်..။

ညကျ စားချင်တာအမေ့ချက်ခိုင်းပြီး စားမယ်။
သူငယ်ချင်းတွေ လမ်းလျှောက်ထွက်လို့လာခေါ်ရင်လိုက်သွားမယ်..။
လမ်းသလားတာပေါ့..။ဟိ..
နာရီစဉ်အနောက်က ဝင်းကျော်ဘေးကဂေါ်ရခါးနွားနို့ဆိုင်သေးသေးမှာ နွားနို့သောက်..မလိုင်လုံးစား။
အိမ်ပြန်ရောက်ရင် မနားရသေးဘူး။ နောက်သူငယ်ချင်းတစ်ယောက်က မြို့မရုံအနောက်က ကာဖီဆိုင်ကို
ခေါ်သွားတတ်တယ်..။ နောက် ငယ်သူငယ်ချင်းတွေက ကိုယ့်ကိုဖမ်းမမိရင် အဲ့ဆိုင်လိုက်လာလိမ့်မယ်။
ထူးခြားတာက မြန်မာမှာ ကာဖီဘယ်ချိန်သောက်သောက် ည ၉နာရီဆို အိပ်ပြီပဲ..။
မနက်စောစောထပြီး စက်ဘီးနဲ့ ကန်တော်ကြီးပတ်ရအုန်းမယ်လေ..။
ထူးခြားတာက ဟိုမှာ မနက်၅ခွဲဆို နိုးနေတတ်တယ်..။
(အမေလဲ ဘုရားဝတ်ပြုအပြီးပေါ့)



မှတ်ချက် ။ ။ ပုံကို မမရဲ့မွေးစားတပည့်ဆီက ခိုးယူပါတယ်။
မွေးရပ်မြေကို လွမ်းလွန်းလို့ပါ..။
မသက်ဝေရေးတာအားကျပြီး ကိုယ့်ခံစားချက်ကိုရေးမိပါတယ်..။

10 comments:

ဟိုး အရင်တုန်းက အတိုင်းပဲဆိုတဲ့ အတွေး စိတ်ကူးနဲ့ ကိုယ့်အိမ် ကိုယ့်မြိုကလေးကို ပြန်ရောက်ခဲ့ ဘူးတယ်။ အပြောင်းအလဲတွေ အများကြီးနဲ့ ကြုံ ရတယ်။ အိမ်နီးချင်းတွေ ၊ သွားအတူ လာအတူ စားအတူ သောက်အတူ သူငယ်ချင်းတွေကလည်း တချို့က အိမ်ထောင်ကျလို့ ၊ တချို့က အဆင်ပြေလွန်းလို့ ၊တချို့ကျပြန်တော့ အဆင်မပြေလို့ အများကြီးပြောင်လဲကုန်ကြတယ်။ ကိုယ့်မြို့မှာကိုယ် လူသစ် တစ်ယောက်လို သူစိမ်းတစ်ယောက်လို (အပြောင်းအလဲများလွန်းလို့)ဖြစ်ခဲ့ရတာ..။ဘာပဲဖြစ်ဖြစ် ဘာပဲပြောင်းပြောင်း မပြောင်းပြောင်း ကျွန်တော်တို့ မြို့ကလေး ချစ်စရာကောင်းနေ ဆဲပါ။

...

အားးးးးးးးး မလွမ်းလွမ်းအောင်.. မနေနိုင်မထိုင်နိုင်ဖြစ်အောင် တော်တော်လုပ်ပါလား...

ပေါက်
နှစ်ကူးကဘယ်တော့လဲ

လွမ်းလိုက်တာ ပေါက်
ပြန်လျော်ပေး

အတွေး အိပ်မက်ထဲကနေ ထပ်တူ ထပ်မျှ လိုက်လွမ်းနိုင်ပါတယ် ပေါက်...
နောက်နှစ်မှာ ပြန်နိုင်ဖို့ ဆုတောင်းကြတာပေါ့...

အိမ်ပြန်ချင်တယ် ~~ အူး ~~ဟူးးးးးးးးးးး

ကွမ်းယာဝါးချင်တယ်၊ စီဘီယာသောက်ချင်တယ်၊ အကင်စားချင်တယ်၊ ဗမာထမင်းဟင်း ကောင်းကောင်းစားချင်တယ်၊ ကျစိမ့်သောက်ချင်တယ်… ရေးထားသမျှဖတ်တော့ အိမ်လွမ်းရင်း နောက်ဆက်တွဲတွေ ပါလာတာပြောပါတယ်..

...ရင် လုပ်ချင်တာတွေ တွေးရတာ နေတိုင်းပဲပေါက်ရေ..
တနေ့ နေ့ တော့....

ပေါက်ရေ .. နေကောင်းလား
အိမ်လွမ်းသွားတယ်၊
နှစ်ကူးတော့မှာလား
ခခလေးရော .. ဘောလုံးကန်တုန်းလား
မအားလို့ အိမ်မလည်ဖြစ်လို့...
ချစ်တဲ့

ဒီပုံကို အရမ်းသိနေတယ်.. အိမ်ကို အပြီးပြန်ရကောင်းမလား စဉ်းစားနေတယ်.. ဒါပေမယ့်.. ဒါပေမယ့်ပေါ့

အိတ်စ်ယောင်းစ်