ဒီနေ့ မိုးအုံ့တယ်...။
အလုပ်နဲ့ပတ်သက်တဲ့ ညစာစားပွဲ သွားရတယ်..။
ကံစမ်းမဲပါတယ်..။
ပထမဆုက အိုင်ပက်တဲ့..။
ပေါက်ရင် ခခကိုပေးသုံးမယ် ကတိပေးထားတယ်..။
(တော်သေးတယ် မပေါက်လို့....။)
ဒုတိယဆုက ၃၂လက်မတီဗွီ ။
အိမ်မှာ တီဗွီမရှိတာနဲ့ ပေါက်ရင်အတော်ပဲလို့ တွေးမိတယ်..။
(အခန်းကသေးတော့ ၃၂လက်မကို ကြီးလွန်းတယ်လို့ အတွေးထဲ ဂျီးများနေမိပြန်ရော..ဟိ)
မပေါက်တာပဲ ကောင်းပါတယ်လေ..။
တတိယဆုကတော့ Xbox ပါ။
မပေါက်ချင်ဆုံးဆုထဲမှာပါတယ်..။
ဂိမ်းမကြိုက်ဘူး..။
(ခခကတော့ ကြိတ်ကြံချင် ကြံနေမှာ..)
စတုတ္ထဆုက ၂၂လက်မတီဗွီပဲ...။
လိုချင်တယ်..။
ကံမပါဘူးလို့ပဲ ဆိုရမယ်..။
ပဉ္စမဆုက ဆိုနီ ကက်ဆက်ထင်တယ်..။
လိုအပ်တယ်..။
လွှဲပြန်တယ်..။
နောက်ဆုငယ်လေးတွေက
အမ်ပီဖိုးပါတယ် ထင်တယ်..။
ဘာလုပ်ရမှာလဲ..ကိုယ်ဆီရှိနေပြီပဲ..။
ဟားဟား..။
နောက်ဆုံးဆုက ပေါင်ချိန်စက်...။
မပေါက်တာပဲကောင်းတယ်..။
ရှိနေရင် အားတိုင်းချိန်ကြည့်ပြီး စိတ်ဓါတ်ကျနေအုန်းမယ်..။
အိုနောက်ဆုံးတော့...
နှစ်သိမ့်ဆု ချော့ကလက်ဘူးတွေနဲ့ပဲ စိတ်ဖြေလိုက်ရပါတယ်.။
ဟီးးဟီးး...။
ကမ်းပေ့လိုက်ရတာအမော...။ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောနဲ့ ပြီးဆုံးသွားပါတယ်။
နောက်ဆက်တွဲကတော့..၉နာရီမှာပြီးတယ်ဆိုပေမယ့် နောက်တစ်ပွဲထပ်နွှဲချင်သေးတော့
KTVကို ဆက်လက်ချီတက်ကြပါတယ်..။ မှန်းထားတာက ၂နာရီလောက်ပဲ ဆိုမှာပါ..။
ထင်တာထက်ပိုပြီး သောင်းကျန်းကြပါတယ်..။ အဖွဲ့ထဲမှာ ငယ်ငယ်က သောင်းကျန်းဖက်ငယ်သူငယ်ချင်း
ပါတော့ ပိုဆိုးပါတယ်..။ငယ်တုန်းကတော့ ကန်တော်လေးထောင့်က ယိုးဒယားဆိုတဲ့ ကာရာအိုကေဆိုင်မှာ
သီချင်းတွေတူတူဆိုကြ ပျော်ကြ ငိုရနဲ့..။ အခု အဲဒီနေရာက စည်ဘီယာရောငိးတဲ့ အကင်ဆိုင်
ဖြစ်နေပြီ..။မဆိုတာကြာပြီဖြစ်တဲ့ အရင်တုန်းကဆိုခဲ့တဲ့သီချင်းတွေ ပြိုင်တူအော်ဆိုကြ မြူးကြနဲ့ လောကကြီးကို
ခနမေ့သွားပါတယ်..။
အိမ်ပြန်ချိန်မှာ မိုးတွေရွာနေပြီ..။
အိမ်ရောက်တော့ ၁နာရီရှိနေပြီ..။
မနက်ဖန် အလုပ်တက်ရဦးမယ်..။
မနက်ဖန်ပေါ့....
မနက်ဖန်...။
1/31/2011
1/28/2011
စဉ်းစားကာ နေရဦးမယ်..
ဒီနေ့ အခြေအနေမကောင်းဘူး.။
ဒါပေမယ့်လဲ အားမနေဘူး..။
ရှုပ်သလားဆိုတော့လဲ မရှုပ်ဘူး..။
အမေ့ဆီဖုန်းဆက်တော့ ဆက်မရဘူး..။
ရပြန်တော့လည်း..
""ဟယ်လို...ဟယ်လို...
မား လား..မားလား..
ကြားလား..မား...
ကြားရလား..မား....
ကြားရလား ဆို....""
ကနေ မတက်ဘူး..။ပြီးတော့ ပြတ်ကျသွားတယ်..။
နောက် သူငယ်ချင်းတစ်ယောက်ဆီဆက်တော့ ရန်ကုန်ရောက်နေတယ်တဲ့..။
သူက နှစ်ကူးပြန်လာဖြစ်သလားမေးတယ်..။
ကိုယ်က မလာတော့ဘူး..အလုပ်တက်မယ်..ပိုက်ဆံမရှိဘူးလို့ ပြန်ဖြေတယ်။
နောက်တော့ သူက...
၁ရက်နေ့ မလေးသွားမယ်...၆ရက်နေ့ပြန်လာမယ် ဆိုပဲ..။
ကိုယ့်လေသံပြောင်းသွားတယ်...
""မ(XX)...ကျနော်လေယာဉ်လက်မှတ်စုံစမ်းကြည့်မယ်လေ..
ရရင်လာခဲ့မယ်...တူတူလည်ရတာပေါ့...ဘယ်ဟိုတယ်လဲ..
သြော်...Lanka...ဘာ...
မဟုတ်ဘူးလား..ဘာနဲ့စတာလဲ..Aနဲ့စတာ ဟုတ်လား...
အင်း...ကွန်ပြူတာဖွင့်လိုက်အုန်းမယ်...ကျနော်ရှာကြည့်ကြည့်မယ်..""
ဆိုပြီး ရှာကြည့်တယ်...။ သူငယ်ချင်းက သူ့အမျိုးသားအလုပ်ကိစ္စနဲ့ မလေးကို လိုက်တာပါ။
ဆိုတော့ အပြင်လည်ဖို့ဆို သူ့အမျိုးသားက လိုက်ချင်ပုံမရပါဘူး..။(ဟားဟား ဖွမိပြီ)
တခြားအသိတွေပါပေမယ့်လဲ typeချင်းတူမှ အပြင်ထွက်လည်ဖို့ကောင်းတာမဟုတ်ပါလား.။
ကျနော်က သွားမယ်ဆိုတော့ သူဝမ်းသာသွားတယ်...။ သူကခခနဲ့လဲတွေ့ချင်နေတယ်..။
ပြဿနာက...............
ဟိုတယ်ခ ဈေးသက်သာတယ်..။ လေယာဉ်ခဈေးကြီးနေတယ်..။
နောက်ပြီး..ကိုယ့်အလုပ်တက်မယ်ကြွေးကြော်ထားပြီးမှ သွားလည်နေတုန်း အလုပ်နဲ့ပတ်သက်သူတွေ
ကိုယ့်ကို ရှာရင်.....
ကိုယ်အလုပ်မတက်တဲ့အချိန်မှ ဧည့်သည်တွေများနေရင်..........
.............နေရင်...
.........နေရင်..
ဟင်းး....
ဝေခွဲရခက်နေတယ်..။
လေတက်နေတယ်..။
ဒါပေမယ့်လဲ အားမနေဘူး..။
ရှုပ်သလားဆိုတော့လဲ မရှုပ်ဘူး..။
အမေ့ဆီဖုန်းဆက်တော့ ဆက်မရဘူး..။
ရပြန်တော့လည်း..
""ဟယ်လို...ဟယ်လို...
မား လား..မားလား..
ကြားလား..မား...
ကြားရလား..မား....
ကြားရလား ဆို....""
ကနေ မတက်ဘူး..။ပြီးတော့ ပြတ်ကျသွားတယ်..။
နောက် သူငယ်ချင်းတစ်ယောက်ဆီဆက်တော့ ရန်ကုန်ရောက်နေတယ်တဲ့..။
သူက နှစ်ကူးပြန်လာဖြစ်သလားမေးတယ်..။
ကိုယ်က မလာတော့ဘူး..အလုပ်တက်မယ်..ပိုက်ဆံမရှိဘူးလို့ ပြန်ဖြေတယ်။
နောက်တော့ သူက...
၁ရက်နေ့ မလေးသွားမယ်...၆ရက်နေ့ပြန်လာမယ် ဆိုပဲ..။
ကိုယ့်လေသံပြောင်းသွားတယ်...
""မ(XX)...ကျနော်လေယာဉ်လက်မှတ်စုံစမ်းကြည့်မယ်လေ..
ရရင်လာခဲ့မယ်...တူတူလည်ရတာပေါ့...ဘယ်ဟိုတယ်လဲ..
သြော်...Lanka...ဘာ...
မဟုတ်ဘူးလား..ဘာနဲ့စတာလဲ..Aနဲ့စတာ ဟုတ်လား...
အင်း...ကွန်ပြူတာဖွင့်လိုက်အုန်းမယ်...ကျနော်ရှာကြည့်ကြည့်မယ်..""
ဆိုပြီး ရှာကြည့်တယ်...။ သူငယ်ချင်းက သူ့အမျိုးသားအလုပ်ကိစ္စနဲ့ မလေးကို လိုက်တာပါ။
ဆိုတော့ အပြင်လည်ဖို့ဆို သူ့အမျိုးသားက လိုက်ချင်ပုံမရပါဘူး..။(ဟားဟား ဖွမိပြီ)
တခြားအသိတွေပါပေမယ့်လဲ typeချင်းတူမှ အပြင်ထွက်လည်ဖို့ကောင်းတာမဟုတ်ပါလား.။
ကျနော်က သွားမယ်ဆိုတော့ သူဝမ်းသာသွားတယ်...။ သူကခခနဲ့လဲတွေ့ချင်နေတယ်..။
ပြဿနာက...............
ဟိုတယ်ခ ဈေးသက်သာတယ်..။ လေယာဉ်ခဈေးကြီးနေတယ်..။
နောက်ပြီး..ကိုယ့်အလုပ်တက်မယ်ကြွေးကြော်ထားပြီးမှ သွားလည်နေတုန်း အလုပ်နဲ့ပတ်သက်သူတွေ
ကိုယ့်ကို ရှာရင်.....
ကိုယ်အလုပ်မတက်တဲ့အချိန်မှ ဧည့်သည်တွေများနေရင်..........
.............နေရင်...
.........နေရင်..
ဟင်းး....
ဝေခွဲရခက်နေတယ်..။
လေတက်နေတယ်..။
1/26/2011
ရောက်တတ်ရာရာ

魔術方塊
ဒီနေ့ ဆံပင်ထပ်ညှပ်ဖြစ်တယ်..။
ဆံပင်ညှပ်ဆိုင်မသွားခင် ကတည်းက ဖုန်းနဲ့ကြိုမေးပြီး ချိန်းပြီးသားပါ..။
ဧည့်သည်များနေရင် မသွားတော့ဘူးဆိုတဲ့ အကြောင်း ။
အလကားနေရင်း ထိုင်ပြီး ကိုယ့်အလှည့်ရောက်အောင် စောင့်နေရတဲ့အဖြစ်ကို
မလိုချင်လို့ပါ..။ ကိုယ်သွားတော့ သူ့မှာ ညှပ်လက်စ တစ်ယောက်ရှိတယ်..။
ကောက်ပြီး ပေါင်းတင်မဲ့သူတစ်ယောက်စောင့်နေသေးတယ်..။ ကျနော်က နောက်ဆုံးပေါ့။
မစောင့်ချင်လဲ စောင့်နေရတော့တယ်..။ ကိုယ့်အလှည့်ရောက်တော့ ပွစိပွစိနဲ့ ဘာညာ
ကွိကွ လိုက်တယ်..။
ပြီးခဲ့တဲ့ စနေနေ့က စာရေးကိရိယာဆိုင်ဝင်မွှေရင်း စတုဂံအကွက်လေးတွေကို အရောင်တူအောင်လှည့်
ကစားရတဲ့ ကစားစရာ(魔術方塊)ဝယ်တယ်..။ ငယ်တုန်းက တရုတ်ကျောင်းမှာ 書法ရေးခဲ့ရတာကို
သတိရပြီး စုတ်တံနဲ့ စာအုပ်ဝယ်ခဲ့တယ် ။ အဲ့တာရေးရင် စိတ်ငြိမ်တယ်ဆိုလို့...ဟင်းး။
(ဘာသာပြန်ကြည့်တော့ Calligraphy တဲ့ ..။အရင်က ကြားတောင်မကြားဖူးတဲ့ စာလုံး)
နောက်ပြီး ဖဲတစ်ဘူး ဝယ်ခဲ့တယ်..။ ဖဲကို ဒီနိုင်ငံရောက်မှ သေချာကိုင်ဖူးတယ်..။
အုပ်ထိန်းသူရှိတုန်းက ကလေးကလားကစားတာ သင်ပေးဖူးတယ်..။ ဖဲဗေဒင်တွက်တာ
သင်ပေးဖူးတယ်...။ နောက်တော့ ဆွေမျိုးတွေတွေ့ဆုံပွဲနေ့တွေမှာ ကလေးတွေနဲ့ ရှုံးသူ
နဖူးပေါ်လက်တောက်ကြေးတမ်း ကစားကြတယ်..။
အိမ်ကအမေကတော့ ဖဲဆို အသံတောင်မကြားလိုသူ..။ အဖေကတော့လား........ဟိဟိ။
အဖေကဖဲကစားတတ်ပုံမပေါ်ဘူး..။ မာကျောက်ပဲ အသည်းစွဲ ။ အိမ်မှာ အဖေ့ခြေရာနင်းတာ
အမေ့သားတစ်ယောက်ပဲ ရှိတယ် ။
ိုလိုရင်းကိုပြောရရင် နှစ်ကူးပိတ်ရက်တွေမှာ အပြင်မထွက်ဖြစ်ရင် အပျင်းပြေကစားရအောင်
ဝယ်လာခဲ့ပါတယ်..။ စကားမစပ် ဒီက ကျူရှင်တွေမှာ(တချို့သောကျူရှင်)ကလေးတွေ
အပျင်းပြေကစားခွင့် ပေးထားပါတယ်..။ ဒီလိုပေးကစားခြင်းအားဖြင့် ဦးနှောက်အသုံးပြုရာမှာ
အထောက်အကူဖြစ်စေတယ် တဲ့..။(သူတို့ပြောတာပဲလေ...)
အချုပ်ဆိုရရင်တော့ စိတ်ရှုပ်ရင် ဆံပင်ညှပ်ဆိုင်သွားတတ်တယ်..။
စုတ်တံနဲ့ စာအုပ် ဝယ်ခဲ့တယ်..။
စတုဂံကစားစရာဘေးမှာ ထားထားမယ်..။
လိုအပ်ရင် ဖဲဗေဒင်မေးအုန်းမယ်...။
ကဲ....
ဘာလိုသေးလဲ..။
မှတ်ချက် ။ ။ ပုံကို အင်တာနက်မှ ယူပါသည်။
1/22/2011
အလုပ်ရှုပ်
ဘာရယ်မဟုတ်ပါဘူး..။
အခုတလော အလုပ်များနေတယ်..။
အလုပ်များလွန်းလို့ ငိုချင်နေတယ်..။
စိတ်လဲ များနေတယ်...။
စိတ်ရှုပ်နေတယ်..။
စိတ်မရေရာဘူး..။ (ကရေ ကရာစားချင်လိုက်တာ)
ဟင်းချက်တာတင်ရအောင်လည်း..ချက်ပြီးပြီးချင်း ဆာနေတော့
အမြန်စားလိုက်တာနဲ့ ဓါတ်ပုံရိုက်ဖို့ရာလဲ သတိမရတော့ဘူး။
ဟိုတနေ့ကတော့ ဈေးမှာအော်စွန်းတွေ့လို့ တစ်ချောင်းဝယ်လာသုတ်စားတယ်။
အခွံမခွာခင်တော့ ဓါတ်ပုံသတိတရနဲ့ ရိုက်လိုက်တယ်..။ အခွံခွာပြီးရေစိမ် ..။
ပါးပါးလှီး..။ ခါဂျက်ဥသေးသေးစိတ်..။ ကြာဇံပြုပ်..။ နံနံပင်လှီး..။
ကြာညို့အငန် ။ ရှာလကာရည်..။ကြက်သွန်ဖြူထောင်း..။ ငရုတ်သီးသေးသေးစိတ်။
နှမ်းထောင်းဆီ..သကြားနဲနဲ တို့နဲ့သုတ်ပြီးသကာလ..
ထိုင်စားလိုက်တာ ဓါတ်ပုံရိုက်ဖို့မေ့သွားတယ်..။ဟိ
နောက်ဟင်းတစ်မျိုးက အမဲသားနဲ့မျှစ်ဆားသိပ်နဲ့ချက်တာ..။
တင်မလို့ စဉ်းစားထားတာပဲ..။
ချက်ပြီးသား အကုန်ဗိုက်ထဲရောက်ကုန်ပြီ..။
မှတ်ချက် ။ ။ ယောင်းစ်က သီချင်းလဲတော့လို့ အရေးဆိုလာတဲ့အတွက်
စိတ်သီချင်း လဲပေးလိုက်ပါတယ်..။
အဟဲ...
ဟိုတလောကမှ အလုပ်များတာ ညည်းတွားပြီးတာ..
အခု ထပ်ညည်းနေမိပြန်ပြီ..။
ဆောရီးပါတော်..။
1/13/2011
အိုးးးးးလ်စကူးလ်
hip hop အိုးလ်စကူးလ်လေးပါ။
အဆောင်အယောင်မပါ..။
အဖိုးတန်ကား မပါ..။
နာမည်ကျော် နာရီမပါ..။
စိန်ဆွဲကြိုးမပါ..။
hip hop & jazz ပဲရှိတယ်..။
အို...........
ဘာတဲ့....
""Rap is not pop, if you call it that then stop.""
Q-Tip အသံကိုသဘောကျတယ်။
(ရှပ် ဝတ်တဲ့တစ်ယောက်ပါ..)
we got the jazz
we got the jazz..
we got the jazz.
we got the jazz...
Its the zulu nation...
1/12/2011
ဒီရက်တွေမှာ...

မိုးရွာနေတယ်..။
အပြင်မှာ မိုးရွာနေတယ်.။
မိုးစက် တဖျောက်ဖျောက်ကျသံတွေနဲ့...။
မိုးရက်ဆက်ရွာနေတာ မပြီးနိုင်တော့ဘူး..။
(အဝတ်တွေ ပုံလှပြီ..။
အဝတ်ခြောက်စက်လား။
မမေးပါနဲ့..။
ဝယ်မထားပါဘူး)
အလုပ်များနေတယ်..။
အလုပ်တွေ မပြီးနိုင် မစီးနိုင်များနေတယ်..။
အလုပ်တွေကို နောက်နှစ်ထိတော့ သယ်မသွားလိုဘူး။
အာရုံများတယ်..။
အာရုံတွေများနေတယ်..။
ဟိုတကွက် ဒီတကွက်နဲ့ အာရုံတွေလည်နေတယ်..။
တကယ်တော့ အာရုံမများချင်ပါဘူး..။
(ဒီည)မှန်ကြည့်မိတယ်..။
သူစိမ်းတစ်ယောက်ကို မှန်ထဲမှာတွေ့နေရတယ်..။
တကယ်တော့ ကိုယ်မှန်မကြည့်မိတာ ကြာပါပြီ။
အသည်းလေးကပြောတယ်..။
စောစောအိပ်ပါတဲ့.။
အင်းး..လို့ ..ပြန်ဖြေမြဲ..။
မှတ် ချက် ။ ။ အသည်းလေး= ခခ
လူအထင်ကြီးမလားလို့ သုံးလိုက်တာပါ (နှပ်ချေးကလော်နေပုံ)
ပုံကို အင်တာနက်မှ ကူးယူပါသည်။
1/09/2011
နှစ်ကူးရင်...

နှစ်ကူးတော့မယ်..။
အိမ်ပြန်ချင်တယ်..။
ဒီနှစ်ဟာ ပြန်ခွင့်မကြုံတဲ့ နှစ်ပေါ့လေ..။
ပြန်ဖြစ်ရင်လည်း အမြဲပြောနေကျအတိုင်း ဘယ်မှ လည်ဖြစ်တာလဲမဟုတ်။
အိမ်ပြန်တာ..အိမ်ကိုပဲ ပြန်ချင်တာပါ..။
(အစ်မတစ်ယောက်ကတော့ပြောတယ်..နောက်နှစ်ပြန်လာရင် ပုဂံလိုက်ပို့မယ်ပြောတာပဲ)
အိမ်ပြန်ရောက်ရောက်ချင်း မနက်စာလာစားဖို့ ခေါ်တဲ့ သူငယ်ချင်းရှိမယ်..။
အိမ်နောက်ဖက်မှာနေတဲ့ သူငယ်ချင်းပါ..။
သူတို့အိမ်မှာ သူတို့ရိုးရာမနက်စာရိုတီဖုတ်ထားလိမ့်မယ်..။ တို့စားဖို့ မလိုင်ခပ်ထားပေးလိမ့်မယ်။
ကြက်ဥမကျက်တကျက်ကြော်ထားပေးလိမ့်မယ်..။ကျနော်သိပ်ကြိုက်တဲ့ ဒေါ်ဆယ်ဝယ်ထားပေးလိမ့်မယ်.။
ကာဖီဖျော်ထားပေးတယ်..။ ကျနော်ကတော့ အားမနာတမ်းပေါ့...။အားပေးလိုက်ပါတယ်။
(အမှန်က ရိုတီကို ကျနော်က သိပ်မကြိုက်ပါဘူး။ ရှိတော့လည်း စားလိုက်တာပေါ့လေ..။)
နေ့လည်လောက်ဆိုရင် အမေ့သူငယ်ချင်းမြန်မာအိမ်က ထမင်းစားဖို့လာခေါ်လိမ့်မယ်။
ငပိရည်ကျိုလုပ်ထားပေးလိမ့်မယ်..။ ငံပြာရည်ချက်ထားလိမ့်မယ်..။
အတို့အမြုပ်အစုံနဲ့ပေါ့..။ ပုဇွန်ဟင်းချက်ထားပေးတယ်..။ငါးဟင်းလဲပါရစေ့မယ်။
၂ပန်းကန်စားနိုင်တယ်..။ ကျနော်စားတာကြည့်ပြီး သူတို့သိပ်အားရတယ် တဲ့။
အားမနာတမ်းစားလို့ ပါတဲ့..။
ညနေ ၃နာရီလောက်ဆို..အိမ်နောက်ဖက်ကသူငယ်ချင်းနဲ့ ဈေးထဲ အကြွေးကောက်လိုက်သွားမယ်။
သူအကြွေးကောက်တဲ့နောက်တကောက်ကောက်လိုက်ရင်း ဈေးအောက်ထိပ်က မိတ်အင်လမ်းဘေး
ဒေါ်ညိုနို့ထမင်းဆိုင်မှာ ထိုင်ပြီး ၂ပွဲစားမယ်.။ပြီးရင် သူတို့သောက်တဲ့ လက်ဖက်ရည်ဆိုင်မှာ ကာဖီချိုရဲရဲ
လိုက်သောက်မယ်..။
ညကျ စားချင်တာအမေ့ချက်ခိုင်းပြီး စားမယ်။
သူငယ်ချင်းတွေ လမ်းလျှောက်ထွက်လို့လာခေါ်ရင်လိုက်သွားမယ်..။
လမ်းသလားတာပေါ့..။ဟိ..
နာရီစဉ်အနောက်က ဝင်းကျော်ဘေးကဂေါ်ရခါးနွားနို့ဆိုင်သေးသေးမှာ နွားနို့သောက်..မလိုင်လုံးစား။
အိမ်ပြန်ရောက်ရင် မနားရသေးဘူး။ နောက်သူငယ်ချင်းတစ်ယောက်က မြို့မရုံအနောက်က ကာဖီဆိုင်ကို
ခေါ်သွားတတ်တယ်..။ နောက် ငယ်သူငယ်ချင်းတွေက ကိုယ့်ကိုဖမ်းမမိရင် အဲ့ဆိုင်လိုက်လာလိမ့်မယ်။
ထူးခြားတာက မြန်မာမှာ ကာဖီဘယ်ချိန်သောက်သောက် ည ၉နာရီဆို အိပ်ပြီပဲ..။
မနက်စောစောထပြီး စက်ဘီးနဲ့ ကန်တော်ကြီးပတ်ရအုန်းမယ်လေ..။
ထူးခြားတာက ဟိုမှာ မနက်၅ခွဲဆို နိုးနေတတ်တယ်..။
(အမေလဲ ဘုရားဝတ်ပြုအပြီးပေါ့)
မှတ်ချက် ။ ။ ပုံကို မမရဲ့မွေးစားတပည့်ဆီက ခိုးယူပါတယ်။
မွေးရပ်မြေကို လွမ်းလွန်းလို့ပါ..။
မသက်ဝေရေးတာအားကျပြီး ကိုယ့်ခံစားချက်ကိုရေးမိပါတယ်..။
1/06/2011
Best of you..
အခုတလော ခေတ်ထနေတဲ့ ဖောင့်တွေကိုပြောတာမဟုတ်ပါ..။ဟိဟိ
Best of You
အပေါ်ကsolo
ဒါက စာသားနဲ့..။
Is someone getting
THE BEST ..
THE BEST...
THE BEST..of you??????
..............
..........
....
...........
I'm getting tired of starting again..
Somewhere NEW..
.
Best of You
အပေါ်ကsolo
ဒါက စာသားနဲ့..။
Is someone getting
THE BEST ..
THE BEST...
THE BEST..of you??????
..............
..........
....
...........
I'm getting tired of starting again..
Somewhere NEW..
.
1/02/2011
အလွမ်းများ
နေညိုချိန်ရဲ့ လေညှင်းလေး...
သယ်ယူလာတဲ့ အမှောင်ရဲ့ ည...
သတိရမိတယ် မင်းနဲ့ငါ့ အတိတ်ဟောင်း....
အို ..ပင်လယ်ပြင်မှာ ရိုက်သောလှိုင်းး.......
ခံနိုင်ရည်နဲ့ ဖြတ်သန်းတိုင်း...
ဘဝရဲ့လှိုင်းဒဏ်ကြားထဲ တို့ပျော်ခဲ့...
ရင်မှာ ဝမ်းနည်း..
ခိုင်မာနေတဲ့ အချစ်ပျက်သုဉ်း...
တို့ဝေးမဲ့အကြောင်းတွေမရှိခဲ့...
ယုံကြည်နေရင်းနဲ့ဝေး.....
ဝေးပြီဟေ......
ဘယ်ဆီကိုရောက်ရောက်...
ဘာတွေကို လုပ်လုပ်...
အတွေးထဲ အမြဲတမ်း မင်းဝင်နေတယ်...
ဒဏ်ရာတွေနဲ့ည...
အို နာကျင်တဲ့ အချိန်တိုင်း...
အိုဘယ်လိုမှ ဖြတ်သန်းမရနိုင်တဲ့..
အလွမ်းများ..
နေညိုချိန်တွေ ငါကျောခိုင်း...
အချိန်နာရီတွေ ငါမေ့လိုက်..
တို့ရှေ့ဆက်ရမဲ့ လမ်းများလဲ ပျောက်ဆုံး...
ရာသီတွေသာ လည်ပတ်ခဲ့..
ဘဝရဲ့ လှိုင်းဒဏ်တွေ့ရတိုင်း..
မင်းမရှိတဲ့အခါ
(တမ်းတရင်း ကြေကွဲ..)
...
မှတ်ချက် ။ ။
၂၀၁၁ကို အလွမ်းများနဲ့ အစပြုရတာ မုန်းစရာကောင်းတယ်။
ဒီအခြေအနေရောက်မှတော့ မထူးတော့ပါဘူးလေ..။
.........
......
.....။