ကြက်ဥကဇော်


အခုရက်ပိုင်း အအေးပိုလာပါတယ်..။
ရာသီဥတုပူနေတာများတော့ အခုလိုရုတ်တရက်အေးလာရင် ခြေဖျားလက်ဖျား
အေးစက်စက် ဖြစ်နေတတ်ပါတယ်။ မနေ့ညက ချမ်းချမ်းအေးအေးနဲ့ အိပ်ယာဝင်ခါနီး
ကြက်ဥကဇော်ချက်စားဖြစ်ပါတယ်..။ ကျနော်တို့ လူမျိုးတွေ မီးတွင်းထဲမှာ မစားမဖြစ်
စားလေ့ရှိကြပါတယ်..။ ဒီကြက်ဥကဇော်ကို
ဟိုး အရင် ဘလော့စရေးခါစက တင်ဖူးပါတယ်..။
ီဒီကတော့ 酒釀 လို့ခေါ်ပါတယ်..။ မြန်မာက ကျနော်တို့ဖက်မှာတော့ 白酒煮雞蛋 လို့
ခေါ်တတ်ကြပါတယ်..။
လုပ်ရတာ လွယ်ကူပါတယ်..။
ကောက်ညှင်းကဇော်တပုလင်းဝယ်ထားပါ..။ ကြက်ဥ သကြား ထောပတ် စတာတွေ
အသင့်ပြင်ထားရင် ၅မိနစ်အတွင်း သုံးဆောင်နိုင်ပါပြီ..။


..............

ဒါက ရှာဝယ်ရလွယ်အောင် အင်္ဂလိပ်စာလုံးဖက်က ရိုက်ထားပေးပါတယ်။





..............

ရေအရင် ဆူအောင်တည်ရပါမယ်..။ ရေဆူပြီဆိုမှ ကဇော်ကို ဇွန်းနဲ့ ကိုယ်ကြိုက်သလောက် ခပ်ထည့်
နိုင်ပါတယ်...။ ကဇော်ထည့်ပြီး သကြားထည့်ပါ...။ ထပ်ဆူပွက်လာမှ ကြက်ဥကို ထည့်ပါ..။
ရခါနီး ထောပတ် ထည့်လိုက်ရုံပါပဲ..။




................

ဒါက တရုတ်စာလုံးဖက်က ကဇော်ရဲ့ ပုလင်း

........................






သုံးဆောင်နိုင်ပါပြီ..။
ကြက်ဥက မကျက်တကျက်မှပဲ စားကောင်းပါတယ်..။

7 comments:

မူးတတ်စေလားဟင်။ ကဇော်ပုလင်းမရှိတဲ့အရပ်တွေဆို ဘယ်လိုလုပ်ရင်ရနိုင်ပါသလဲဆိုတာ လမ်းညွှန်ပေးပါ... တုန်ယန်းလိုလဲ ဂတိပေးပြီး မေ့မေ့ပျောက်ပျောက်မဖြစ်စေချင်ပါ...

ကဇော်အရမ်း ကြိုက်တယ် ငယ်ငယ်ကဆို
ညဈေးတန်းဖက် အရမ်းသွားချင်တာ
ကဇော် ၀ယ်စားရလို့လေ အေးအေးချမ်းချမ်းမှာ
သိတ်ကောင်းပေါ့။ ဒီမှာတော့ ကောက်ညှင်းဆန်ဝယ်ပြီး
လုပ်ဖြစ်တယ် ရယ်ဒီမိတ်တွေက ဈေးကြီးလို့ပါ

N/Aသို့
ကဇော်က မူးတတ်ပါတယ်
နဲနဲပါပဲ အရမ်းတော့မဟုတ်ဖူး
လေတိုက်တဲ့နေရာ သွားရင်တော့ အရမ်းပေါ့ :)


Baby taster

ဟင်းကြည့်ရတာ အသည်းယားစရာကြီး။
နာမည်ကလည်း ကဇော်တဲ့..။ စိတ်ကိုလေသွားတယ်။
ပုံထဲက နက်စ်ကဖေးပုလင်းပုလေးပဲ ဆွဲသွားလိုက်တယ်။ ဒါတောင် အိမ်ကနို့ဆီစိုက်ရဦးမှာ။ =D

NNC ရဲ့ မြစ်ကြီးနား အယ်လ်ဘမ်ထဲမှာ တွေ့လို့ ကချင် အစားအစာ မှတ်နေတာ။ :)

မြည်းကြည့်ရရင်ကောင်းမယ်။ မကြားဘူးဘူး

ကဇော် ပုလင်းကဘယ်မှာ ဝယ်လို့ ရမလဲ။

ဟုတ်တယ် ကို zt ကိုယ်တိုင်လည်း မြစ်ကြီးနားမှာ စားခဲ့တော့ ကချင်စာပဲထင်နေတာ။း) ကြည့်ရတာ အေးတဲ့ အရပ်ဒေသတွေမှာ အစားများတယ်ထင်တယ်။