12/06/2010

မြကြာယံ

ဒီသီချင်းရဲ့ မူရင်းအဆိုတော် ဘယ်သူဆိုတာ မသိပါဘူး။
ငယ်တုန်းက တီဗွီက ဟေမာနေဝင်းဆိုတာလာရင် အမြဲကြည့်ဖြစ်ပါတယ်..။
နောက်ပြီး သီချင်းနာမည်လည်း မသိပါဘူး..။
ယူကျုမှာတွေလို့ နှိပ်ကြည့် နားထောင်ပြီးမှ စာသားနဲနဲလိုက်ဆိုနိုင်တာကို အံ့သြနေတာ။
ငယ်တုန်းက နားထောင်မိနေကျ သီချင်းမို့ပေါ့.။
ဟေမာနေဝင်းကိုကြည့်ရတာ ဘယ်တော့မှ မရိုးနိုင်ပါ။
အဖြူနဲ့ အပြာရောင်တွဲဝတ်ထားတာကိုက ချစ်စရာကောင်းနေပါတယ်..။
မြန်မာဝတ်စုံဆိုပေမယ့် သိပ်ပြိုးပြိုးပြက်ပြက် လိုးလိုးလက်လက်တွေမပါပဲ ခပ်ရိုးရိုးဖြစ်နေတာကိုက
ဆန်းနေတယ်..။
မှတ်မိသလောက်ဆိုရင် စာရေးဆရာဒဂုန်တာရာနဲ့ အမျိုးတော်ပြီး အိမ်မှာဒဂုန်တာရာက စန္နယားတီးရင်
ဟေမာနေဝင်းက သီချင်းဆိုတယ် ဆိုလား။ (မဂ္ဂဇင်းမှာ ဖတ်ဖူးတာပါ..)
ယူကျုနားထောင်ပြီး စာသားနည်းနည်းလိုက်ရေးထားပါတယ်.။(တစ်ဝက်တစ်ပျက်)
စာသားမှားခဲ့ရင် ဝင်ပြင်ပေးသွားကြပါ..။
ကျေးဇူး..။



မြကြာယံ

စိမ့်ကြီး မြိုင်ကြီး ရိပ်ကြီး တော....ဝယ်..
နေရောင် ဘယ်မခ..ပန်းမြကြာယံအလယ်

ရူပါရုံအဆင်းထိန်လင်းတယ်..
မြင်ရရုံနဲ့ အလွန်ချစ်စဖွယ်
သန္ဓေတဇမယ် လှကေသွယ်
တေဇာမညိုးတဲ့ မိုးနတ်နွယ်...

စုံမြိုင်လယ် ပင်နန်းဝယ်
ရွှင်လန်းတယ် ပင်နန်းဝယ်...
သူယောင်မယ်လှသူရယ် ရွှေဖူးစာမျှမယ်...

ကြွေတော့မယ် သဏ္ဍန်ပုံတယ်...
ချစ်တဲ့သူ ဆင်မြန်းဖွယ်..ထူးပဲဆန်းလှတယ်..
မြ ကြာ ယံ လယ်..

သာယာကြည်နှူး ထူးအံ့ဖွယ်
စုံခြေမြိုင်တောအလယ်...
သူယောင်ပင်နန်း ပန်းရနံ့ကြွယ်..
မြတ်တဲ့ နတ်မျိုးနွယ်..

ဝိဇ္ဖာဇော်ဂျီ ပေါသည့် မြိုင်လယ်...
ထူးဆန်း အံ့သြဖွယ်..
ကြွေတော့မယ် သဏ္ဍန်ပုံတယ်...
ထူးပဲဆန်းလှတယ်..
မြကြာယံလယ်....




မှတ်ချက် ။ ။ ဒီသီချင်းနားထောင်ပြီး စိတ်နဲနဲကြည်သွားတာတော့ အမှန်ပဲ။
အမှန်လာပြင်ပေးသွားတဲ့ ကိုသစ်နက်ဆူး..မသက်ဝေ ကျေးဇူးပါ.။

13 comments:

  1. စန္နယား သိန်းမြင့်သန်း တီးဝိုင်းပဲ၊

    ReplyDelete
  2. ဟေမာနေဝင်းက ချောတယ်

    ReplyDelete
  3. ဟုတ်တယ် သီချင်းနားထောင်ပြီးတော့ စိတ်နည်းနည်းကြည်သွားတယ်

    ReplyDelete
  4. မူရင်းအဆိုတော်က တော့ ဘိလပ်ပြန်သန်းပါ။ တေးရေးက ရွှေတိုင်ညွန့်။

    ReplyDelete
  5. ဟယ် .. ပေါက်က ဒါမျိုးလည်းကြိုက်တယ်လား၊
    ကြိုက်တယ် မြကြာယံ သီချင်းလေး ..
    ကျေးဇူး
    ချစ်တဲ့

    ReplyDelete
  6. ဝေးးးး ကိုck
    ဘယ်ပျောက်နေတာလဲ..
    မတွေ့တာကြာပေါ့..။
    ဆူဇူကီစီးနေတာလားး..ဟိ

    အေးးဟယ်..မြိုးရယ်..
    နာ့လောက်နီးနီးပေါ့...
    ကြည်သွားပြီမို့လားးး..
    အေးစေ..
    ကြည်စေ..။

    ကြည်စေ...
    အေးစေ...။

    ဟုတ်..ကျေးဇူးပါ..ခင်။
    ကျနော် လုံးဝမသိလို့ပါ..။

    ဖြိုးရေ..
    သီချင်းတွေကို ချစ်ပါတယ်ဆို..။


    ပေါက်

    ReplyDelete
  7. ကြားဖူး.. ခုမှသေချာနားထောင်ဖူး..

    ReplyDelete
  8. ဟေမာနေဝင်းကို အဖွားကြီးသီချင်းတွေ ပြန်ဆိုကတည်းက သိပ်မကြိုက်တော့ဘူး..

    ReplyDelete
  9. ဟားဟ..
    မိရွှန်းမီ..
    ရယ်ရတယ်..။

    အန်ကြီး..
    ကျေးဇူး

    ReplyDelete
  10. နေရောင် ဘယ်မခမ်း...ပန်းများကြာရံလယ်....
    (နေရောင် ဘယ်မခ...ပန်းမြကြာယံအလယ်)
    နေရာင် မခ.. (နေရောင် မထိုးသော...)
    ...
    ရူပါရုပ်အဆင်းထိန်လင်းတယ်..
    (ရူပါရုံ..အဆင်းထိန်လင်းတယ်)
    ...
    သံနေတစမယ် လှကေသွယ်
    (သန္ဓေတဇမယ်..လှကေသွယ်)
    .....
    .....
    နားထောင်သွားတယ်..ပေါက်ရေ..
    နဲနဲလေးဝင်စွတ်ဖက်သွားပါတယ်...။

    ..
    တရုပ်လိုတွေ ..အင်္ဂလိပ်လိုတွေ..လွမ်းပြီး
    မောသွားလို့  မြန်မာသီချင်းလေးနားဆင်ပြီးစိတ်ကြည်သွားတယ်ဆိုလို့  ၀မ်းသာပါ့..။
    အမြဲတမ်း..
    ပေါက်နဲ့ ခခ စိတ်ကြည်လင်ပါစေ..။

    ReplyDelete
  11. ကျေးဇူး..
    ကိုသစ်နက်ဆူး..
    ပြန်ပြင်လိုက်ပါ့မယ်..။

    ReplyDelete
  12. နားထဲမှာ.... မသိလိုက် မသိဘာသာ အဲဒီလိုစွဲနေတဲ့ သီချင်းကောင်းတွေ အတော်များများ ရှိတယ်။ ဒီသီချင်းလဲ ကြိုက်တယ်။ comment ကို ဒေါ်ရွန်းမီ မသိအောင် တိတ်တိတ်လေး ပေးရတယ်။ တော်ကြာနေ ကိုယ့်ပါ အဖိုးကြီး စာရင်းသွင်းမှာ ကြောက်ရတယ်။ :P

    ReplyDelete
  13. သိပ်ချစ်စရာကောင်းတဲ့ သီချင်းလေး...
    ပြန်နားထောင်ရလို့ ကျေးဇူးပေါက်...

    တချို့စာလုံးလေးတွေ ပြင်ပေးမလို့ ကြည့်လိုက်တာ ကိုဆူး ပြင်ပေးထားတာ တွေ့တယ်...း))

    ReplyDelete