12/02/2010

အချစ်မရှိနေ့ရက်များ..

အချစ်မရှိနေ့ရက်များ - တင်ဇာမော်




ဒီသီချင်းက တင်ဇာမော်ရဲ့ ဒုတိယမြှောက်အခွေ မှတ်မိသလောက်ဆို
(နွဲ့ယဉ်ဝင်းနဲ့ တွဲထုတ်တဲ့အခွေ) ကဖြစ်မယ်ထင်ပါတယ်..။(မသေချာ)
စွယ်တော်ရွက်စိမ်းစိမ်းလေးနဲ့ကာဗာ..။
အဲ့ခွေထွက်တုန်းက ကိုယ့်ဘဝအပြောင်းအလဲ တခုဖြစ်ခဲ့တယ်.။

အဲဒီတုန်းက တင်ဇာမော်ကို crazyဖြစ်ခဲ့တယ်.။
အခုထိလည်း ကြိုက်နေတုန်းပါပဲ..။
ဟိုတလောက တွေ့လိုက်ပေမယ့်....သူက ရှောင်ပုန်းသွားတော့
ကိုယ် ဘယ်လောက်ထိကြိုက်တယ် ဆိုတာ ပြောခွင့်မကြုံလိုက်ဘူး။
(အိတ်စ်ယောင်း လုပ်ရပ်ကြောင့် ..........)
အမှန်က ကိုယ်လည်း နဖူးတွေ့ ဒူးတွေ့ဆိုရင်
အားနာပြီး ဘာမှ ပြောထွက်မှာ မဟုတ်ပါဘူးလေ။




12 comments:

  1. ကြင်နာသူ၂ဦးဆုံနိုင်ရင် ဆိုတဲ့ အခွေလေးထဲကလေ.. အရမ်းကြိုက်ပဲ..

    ReplyDelete
  2. တို့လည်း အဲဒီသီချင်း ကြိုက်တယ် ပေါက်..သူ့အသံနဲ့ အရမ်းလိုက်တယ်.. :)

    ReplyDelete
  3. ကိုယ်လဲ အဲဒီ အခွေတွေ ကြိုက်တယ်။ တင်ဇာမော်ကို ကြိုက်တာပါလေ။ အဆိုနပ်၊ သက်လုံကောင်း၊ အဆိုပညာပိုင် ... အခုတော့ သီချင်းမဆိုတော့ နှမြောလို့ မဆုံး.....။

    ReplyDelete
  4. ဒီသီချင်းကြိုက်တယ်၊ အဖြူရောင်လေးဝတ်ထားတာလည်းကြိုက်၊
    တင်ဇာမော်လဲကြိုက်
    ပေါက်ကိုလဲ ကြိုက် :D
    ချစ်တဲ့

    ReplyDelete
  5. တင်ဇာမော် ကြိုက်တယ်
    သူသီချင်းဆိုရင် အရမ်းမူဒ်သွင်းပြီ ဆိုလေ့ရှိတယ်

    ReplyDelete
  6. ဒီမှာလေ အသည်းက အသက်နဲ့များ ပြောင်းပြန် အချိုးကျနေသလား မသိ။
    အသက်က ကြီးလာလေ အသည်းက ငယ်လာလေ...။
    ပေါက်နားထောင်ခိုင်းတဲ့ သီချင်းတွေ
    ပေါက်အတွက်ဆို နားမထောင်ချင်ဘူး)))ဒါဗြဲ

    ReplyDelete
  7. ကိုယ်လည်းကြိုက်တယ် ပေါက်။
    တင်ဇာမော်နဲ့ သီချင်းလည်းကြိုက်တယ်။ ဒီသီချင်းကို ယောက်ျားတစ်ယောက်က ရေးထားတာဆိုတာကိုလည်း တွေးကြည့်ရင် အံ့သြမိသေးတယ်။ မိန်းကလေးတစ်ယောက် ဖီလင်ကို သူ ရအောင် ရေးနိုင်တယ်နော်။

    ReplyDelete
  8. သူ့သီချင်းတွေက ခံစားရတယ်၊

    ReplyDelete
  9. လာကြည့်ပြီးတိတ်တိတ်ကလေးပြန်သွားတာ. . တစ်ကယ်ကို နားမထောင်သွားပါဘူး ဖတ်ဘဲဖတ်သွားတာ.
    အဲဒါပြန်လာပြောတာ. ။

    ReplyDelete
  10. She is my favorite singer.

    ReplyDelete
  11. တင်ဇာမော်တယောက်တည်းဆိုထားတာပါ ၉၇ လောက်က ထွက်တာလေ စည်သူလွင် အေးချမ်းမေ စုံတွဲခွေနဲ့ တူတူလောက်ထင်တယ် အဲ့ဒိအခွေထဲကသီချင်းတွေ တော်တော်များများ ကြိုက်တယ် အဲဒိနောက် အချစ်ကျောင်းသူလေးလား နောက်တခွေ ထွက်သေးတယ်လေ ကောင်းတာပဲ

    ပုံ/
    သီချင်းကြိုက်သူ

    ReplyDelete
  12. မြူးမြူး..ဟုတ်တယ်..
    (((((ကြင်နာသူ နှစ်ဦး ဆုံနိုင်ရင်..
    ရှင်သန်လာမယ့် အိပ်မက်ကလေးရယ်..
    ငွေကြယ်စင်များ.ဒီကမ္ဘာကြီးမှာ..
    အဆွေးတွေ မလိုပါ..
    အလွမ်းတွေ အဝေးမှာ...))))))

    နုစံ သမီးလေးကို ပေးနားထောင်ပါ..။

    ကိုဘ ထီပေါက်ရင် တင်ဇာမော်ကို အခွေထုတ်ပေးလိုက်ပါလား။

    ဖြိုးဖြိုး ပြောမှ သေချာကြည့်မိတော့တယ်..။
    ရိုးရိုးလေး အဖြူရောင်..ကောင်းတယ်။


    ကျေးဇူး မဘေဘီ ။

    နားထောင်ပါ မသီတာရဲ့..။
    အဲ့အခွေထွက်တုန်းက သူများက လွတ်လွတ်လပ်လပ်ပဲ ရှိသေးတာ..ဟီးးဟီး
    တခြားကြောင့် ပါ။

    ရီတာ..
    နာလည်း ဆောင်းဦးလှိုင် နားမထောင်ဖူးဘူး။
    ကြားရင်ကြားဖူးမှာပေါ့..။ အသေအချာနားမထောင်ဖူးတာကိုပြောတာပါ.။
    ဒီသီချင်းကို သူရေးတာဆိုပေမယ့်..

    မအပြုံးပန်း
    မမ..( နားမထောင်ဘူးဆိုတာ သိနှင့်နေပြီးသားပါလေ..)
    ကိုဟာ့တ်လည်း သီချင်းကြိုက်တတ်တာပဲလား..။

    ဟုတ်..သီချင်းကြိုက်သူ..။
    အသက်ကြီးလာလို့ ထင်တယ် မေ့တတ်ပြီ..။
    ဟားဟ.။


    ပေါက်

    ReplyDelete