30th Dec: 2010



ဘာပဲဖြစ်ဖြစ်...

ပျော်ရွှင်ပါစေ..။



ပုံ /
ဒီက မပျော်ရွှင်နိုင်သူ

Its Christmas & I hate u




Paloma faith သီချင်းပါ.။
(နာမည်ကို နှိပ်ကြည့်ကြည့်ပါ ။ အရင်က တင်ခဲ့ဖူးတဲ့ သူ့သီချင်းပါ။)
သဘောကျနေတာ ကြာပါပြီ..။
အခုမှပဲ တင်ခွင့်ရှိတော့တယ်..။( စိတ်ထဲ တေးထားတာ ကြာ ကြာလှပြီ)
ကြိုက်သူနဲမှာပါ..။
ကျနော် သိပ်သဘောကျပါတယ်..။

မင်္ဂလာဆောင်

တနေ့က တခြားမြို့တစ်မြို့သွားဖြစ်တယ်။
အသိ မင်္ဂလာဆောင်ဆီကို...။


တကယ်ကို အိမ်ထောင်ချပေးလိုက်တာပဲ။
သတို့သား သတို့သမီးထိုင်တဲ့ကားကို..အထပ်ထပ် သံကြိုးတွေနဲ့ ကာထားတယ်။

.................

အနီရောင်အိတ်လေးနဲ့က တူနဲ့ဇွန်း..။
မင်္ဂလာပွဲလာဧည့်ပိရိတ်သတ်အတွက် မင်္ဂလာ လက်ဆောင်။

.......

မင်္ဂလာလက်ဆောင် နှင်းဆီရနံ့ဆပ်ပြာခဲလေး..။

........

စားနေရင်းတန်းလန်း ပျင်းလို့ စားပွဲအလယ်က ပန်းအိုးကို ရိုက်ဖြစ်တာပါ။





မင်္ဂလာခန်းမအဝင်ဝ..
သူတို့ပုံလေးတွေနဲ့..ပြင်ဆင်ထားတာ..
ချစ်စရာ..။

မင်္ဂလာပွဲပြီးတော့ ဟိုတယ်အောက်မှာ ရှိတဲ့ရှော့ပင်းမောကို ပတ်ကြသေးတယ်။




kymco...
kymco ဆိုင်ကယ်လေး လှတယ်နော်..။
ဆိုင်ကယ်ပါပဲ..။


...............

နှင်းပြူတင်း

...............

မျက်စိအိုက်စကရင်စားကြပါအုန်း



...............


နှင်းလူ



မှတ်ချက်။ ။ လာမဲ့ဆန်းဒေး မင်္ဂလာဆောင်တခုသွားရပေအုန်းမယ်။

ကြက်ဥကဇော်


အခုရက်ပိုင်း အအေးပိုလာပါတယ်..။
ရာသီဥတုပူနေတာများတော့ အခုလိုရုတ်တရက်အေးလာရင် ခြေဖျားလက်ဖျား
အေးစက်စက် ဖြစ်နေတတ်ပါတယ်။ မနေ့ညက ချမ်းချမ်းအေးအေးနဲ့ အိပ်ယာဝင်ခါနီး
ကြက်ဥကဇော်ချက်စားဖြစ်ပါတယ်..။ ကျနော်တို့ လူမျိုးတွေ မီးတွင်းထဲမှာ မစားမဖြစ်
စားလေ့ရှိကြပါတယ်..။ ဒီကြက်ဥကဇော်ကို
ဟိုး အရင် ဘလော့စရေးခါစက တင်ဖူးပါတယ်..။
ီဒီကတော့ 酒釀 လို့ခေါ်ပါတယ်..။ မြန်မာက ကျနော်တို့ဖက်မှာတော့ 白酒煮雞蛋 လို့
ခေါ်တတ်ကြပါတယ်..။
လုပ်ရတာ လွယ်ကူပါတယ်..။
ကောက်ညှင်းကဇော်တပုလင်းဝယ်ထားပါ..။ ကြက်ဥ သကြား ထောပတ် စတာတွေ
အသင့်ပြင်ထားရင် ၅မိနစ်အတွင်း သုံးဆောင်နိုင်ပါပြီ..။


..............

ဒါက ရှာဝယ်ရလွယ်အောင် အင်္ဂလိပ်စာလုံးဖက်က ရိုက်ထားပေးပါတယ်။





..............

ရေအရင် ဆူအောင်တည်ရပါမယ်..။ ရေဆူပြီဆိုမှ ကဇော်ကို ဇွန်းနဲ့ ကိုယ်ကြိုက်သလောက် ခပ်ထည့်
နိုင်ပါတယ်...။ ကဇော်ထည့်ပြီး သကြားထည့်ပါ...။ ထပ်ဆူပွက်လာမှ ကြက်ဥကို ထည့်ပါ..။
ရခါနီး ထောပတ် ထည့်လိုက်ရုံပါပဲ..။




................

ဒါက တရုတ်စာလုံးဖက်က ကဇော်ရဲ့ ပုလင်း

........................






သုံးဆောင်နိုင်ပါပြီ..။
ကြက်ဥက မကျက်တကျက်မှပဲ စားကောင်းပါတယ်..။

12/16/2010

မမ...
မွေးနေ့မှာ ပျော်ရွှင်ပါစေ..။
အလုပ်နဲပါစေ...။
များများရယ်မောနိုင်ပါစေ..။
ဖုန်းများများဆက်နိုင်ပါစေ..။
ချစ်နိုင်ပါစေ..။
မုန်းနိုင်ပါစေ...။
ဥပေက္ခာပြုနိုင်ပါစေ..။


မမမွေးနေ့ပွဲအတွက် အထူးအော်ဒါ ရှယ်မှာထားတဲ့ အစားအသောက်တွေပါ...။
ဖြေးဖြေးသုံးဆောင်ကြပါ...။





ချစ်ဆုံး တိုရှည်..။
မရှိမဖြစ် တိုရှည်..။
ဘဝမှာ အရေးပါဆုံး တိုရှည်...။
အချစ်များစွာဖြင့် တိုရှည်..။





ဘာဂါ သုံးဆောင်သွားကြပါအုန်းး...။
coke ကလဲ အထူးရှယ်...။
အာလူးချောင်းကြော်ကလဲ အထူး လက်မဆေးပဲ စိပ်ထား ကြော်ထားတာ..
အရသာအတော်ရှိ..။




ဒါက စားပြီးလို့ လက်သုတ်ဖို့မဟုတ်ပါ..။
ကြိုက်တဲ့အဆင် တယောက်တထည်စီ ဖြုတ်ယူသွားကြပါ..။
မွေးနေ့ပွဲလာမိတ်ဆွေများအတွက် မွေးနေ့မင်္ဂလာလက်ဆောင်..။
ကိုယ်တိုင်ယူစနစ်...။


မှတ်ချက် ။ ။ ............

ခြေညောင်းတဲ့နေ့




ညကတည်း ကတိပေးထားတဲ့အတိုင်း မနက်ထတော့ မနက်စာဆိုင်
ိုလိုက်ပို့ ပေးရပါတယ်..။ ကော်ဖီခါးခါးတခွက် မုန့်တစ်ခုစားအပြီးမှာ..
သတင်းစာထိုင်ဖတ်တော့ သွားစရာနေရာတစ်ခုတွေ့တာနဲ့ သူငယ်ချင်းဆီဖုန်း
ဆက်ပြီး လိုက်ဖို့ အဖေါ်စပ်......။

ဒီိလိုနဲ့....မြို့ပြင်တနေရာကို ရောက်သွားခဲ့ပါတယ်..။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လှုံ့ဆော်တဲ့ ပြခန်းသေးသေးတစ်ခု။
အထူးသဖြင့် ပင်လယ်သဲသောင် ထိန်းသိမ်းရေးအတွက် ပြတဲ့ပြခန်းလေး..။
ဓါတ်ပုံလားး...။ ကင်မရာ ပါမသွား..။ သူငယ်ချင်းကတော့ လက်ကိုင်ဖုန်းနဲ့
မှတ်တမ်းတင်ထားလေရဲ့..။

ကဏန်းတွေတွေ့တော့ ခခက တစ်ကောင်လောက်ယူလာချက်စားရရင်
ကောင်းမှာပဲ..တဲ့..။ (တော်သေးတယ်..ပြခန်းက ဝန်ထမ်းတွေမကြားလို့)
ကြည့်ရှု မှတ်သား ဖတ်ရှု့ပြီးတဲ့ နောက်....။

နောက်တစ်ဘူတာက နာမည်ကြီး TAMSUI 淡水
(ရဲရဲနှိပ်ကြည့်ပါ..)
ဆိုတော့ ဆက်လက်ချီတက်ကြသည် ။
ဆန်းဒေးမို့ လူတွေ လူတွေ အုံလိုက် ကျင်းလိုက်..။
ဒေသခံတွေရော...ဒေသမခံတွေပါ..( နိုင်ငံခြားသားတွေကို ဆိုလိုသည်။) အလွန်များပြားလွန်းတယ်။
လမ်းဘေးဆိုင်လေးတွေ လည်စရာ မကုန်နိုင်ပါ..။( မနုစံ ကိုသတိရသွားတယ်..ကင်မရာ မပါသွားတာ ခက်တယ်)
ရွာက ဘုရားပွဲတွေလို ကစားစရာတွေလဲ မှိုလိုပေါတယ်..။ ခခက ဘောလုံးကို သေနတ်ပစ်တာ ကစားတယ်။
ကျည်ဆံ ၁၀ခုပေးရာမှာ ၄ချက်လားပဲ ထိတယ်..။ သူစာမေးပွဲဖြေတဲ့အကျင့်အတိုင်း ပစ်မှတ်ကို သေချာမကြည့်ပဲ
ပစ်တော့ ထိမှန်တဲ့ အချက်အရေအတွက် နဲသွားတယ်..၊ခခကိုလဲ ကြုံတုန်း သြဝါဒတွေ ပေးလိုက်သေးပါတယ်။
သေနတ်ပစ်မယ်ဆို..ပစ်မှတ်ကို သေချာအောင် ချိန်ရသလို စာမေးပွဲဖြေရင်လဲ မေးခွန်းသေချာဖတ်ပြီး ဖြေပါ..လို့။
ဟီးးဟီးး..။
ဆက်လက်ချီတက်တော့ ရှေးဟောင်းနှောင်းဖြစ် ကလေးကစားစရာ ရောင်းတဲ့ ဆိုင်လေးတွေတွေ့တော့ ခခက
ဂျင်ကလယ် ရွေးပါတယ်..။ မြန်မာကို ပြန်နေကျ ခခပဲလေ..။ဂျင်များ အသာလေး ပေါက်တတ်တာပေါ့။
ပါလာတဲ့သူငယ်ချင်းက ဟားနေတယ်..ခခကို..။
နောက်တဆိုင်ရောက်တော့ သူကောက်ကိုင်လိုက်တာက သေနတ်တဲ့..။ အစကတော့ ဝယ်ပေးမို့ ဈေးမတရားတင်
်ထားတာမို့ မဝယ်ပေးဖြစ်တော့ပါ..။

အပြန်လမ်းမှာ အိမ်နဲ့ နှစ်ဘူတာဝေးတဲ့နေရာက ဆင်းပြီး အိမ်ကို လမ်းလျှောက်ပြန်ကြပါတယ်..။
အဝေးပြေးကားလမ်းမ (တံတား)ပေါ်က ဖြတ်တော့ နှစ်ယောက်သား ကြောက်ကြောက်လန့်လန့်နဲ့။.
ဘယ်အချိန်များ အနောက်ကနေ ပွတ်တိုက်သွားမလဲ လို့..။

အိမ်နားလေးက စာအုပ်ဆိုင်ဝင်ပြီး မွေးနေ့ကဒ် ဝယ်ဖို့ ဝင်ပါတယ်။
ညီမလေးမွေးနေ့ ၂၁ နေ့မှာမို့..။ ခရစ်စမတ်စ်ကဒ်လေးတွေ လှလို့ တခါတည်းဝယ်လိုက်တယ်။
မမမွေးနေ့က ၁၀ရက်ကျော်မှာ မဟုတ်လားး။ ပို့ချင်ပေမယ့်လည်း အဆင်မပြေပါဘူးလေ..။
ကိုဘက ၂၅မှာထင်တယ်..။ မြိုးက ၁လပိုင်းမှ...။

နောက်..........
.....................။

ဒါပါပဲလေ..။

ဒီဇင်ဘာ...ဒီဇင်ဘာ..။

မြကြာယံ

ဒီသီချင်းရဲ့ မူရင်းအဆိုတော် ဘယ်သူဆိုတာ မသိပါဘူး။
ငယ်တုန်းက တီဗွီက ဟေမာနေဝင်းဆိုတာလာရင် အမြဲကြည့်ဖြစ်ပါတယ်..။
နောက်ပြီး သီချင်းနာမည်လည်း မသိပါဘူး..။
ယူကျုမှာတွေလို့ နှိပ်ကြည့် နားထောင်ပြီးမှ စာသားနဲနဲလိုက်ဆိုနိုင်တာကို အံ့သြနေတာ။
ငယ်တုန်းက နားထောင်မိနေကျ သီချင်းမို့ပေါ့.။
ဟေမာနေဝင်းကိုကြည့်ရတာ ဘယ်တော့မှ မရိုးနိုင်ပါ။
အဖြူနဲ့ အပြာရောင်တွဲဝတ်ထားတာကိုက ချစ်စရာကောင်းနေပါတယ်..။
မြန်မာဝတ်စုံဆိုပေမယ့် သိပ်ပြိုးပြိုးပြက်ပြက် လိုးလိုးလက်လက်တွေမပါပဲ ခပ်ရိုးရိုးဖြစ်နေတာကိုက
ဆန်းနေတယ်..။
မှတ်မိသလောက်ဆိုရင် စာရေးဆရာဒဂုန်တာရာနဲ့ အမျိုးတော်ပြီး အိမ်မှာဒဂုန်တာရာက စန္နယားတီးရင်
ဟေမာနေဝင်းက သီချင်းဆိုတယ် ဆိုလား။ (မဂ္ဂဇင်းမှာ ဖတ်ဖူးတာပါ..)
ယူကျုနားထောင်ပြီး စာသားနည်းနည်းလိုက်ရေးထားပါတယ်.။(တစ်ဝက်တစ်ပျက်)
စာသားမှားခဲ့ရင် ဝင်ပြင်ပေးသွားကြပါ..။
ကျေးဇူး..။



မြကြာယံ

စိမ့်ကြီး မြိုင်ကြီး ရိပ်ကြီး တော....ဝယ်..
နေရောင် ဘယ်မခ..ပန်းမြကြာယံအလယ်

ရူပါရုံအဆင်းထိန်လင်းတယ်..
မြင်ရရုံနဲ့ အလွန်ချစ်စဖွယ်
သန္ဓေတဇမယ် လှကေသွယ်
တေဇာမညိုးတဲ့ မိုးနတ်နွယ်...

စုံမြိုင်လယ် ပင်နန်းဝယ်
ရွှင်လန်းတယ် ပင်နန်းဝယ်...
သူယောင်မယ်လှသူရယ် ရွှေဖူးစာမျှမယ်...

ကြွေတော့မယ် သဏ္ဍန်ပုံတယ်...
ချစ်တဲ့သူ ဆင်မြန်းဖွယ်..ထူးပဲဆန်းလှတယ်..
မြ ကြာ ယံ လယ်..

သာယာကြည်နှူး ထူးအံ့ဖွယ်
စုံခြေမြိုင်တောအလယ်...
သူယောင်ပင်နန်း ပန်းရနံ့ကြွယ်..
မြတ်တဲ့ နတ်မျိုးနွယ်..

ဝိဇ္ဖာဇော်ဂျီ ပေါသည့် မြိုင်လယ်...
ထူးဆန်း အံ့သြဖွယ်..
ကြွေတော့မယ် သဏ္ဍန်ပုံတယ်...
ထူးပဲဆန်းလှတယ်..
မြကြာယံလယ်....




မှတ်ချက် ။ ။ ဒီသီချင်းနားထောင်ပြီး စိတ်နဲနဲကြည်သွားတာတော့ အမှန်ပဲ။
အမှန်လာပြင်ပေးသွားတဲ့ ကိုသစ်နက်ဆူး..မသက်ဝေ ကျေးဇူးပါ.။

မရှိ မဖြစ်.....

ဟင်းချိုမှုန့်အကြောင်း သိကောင်းစရာ ပို့စ်လေးပါ..။
ဟင်းချိုမှုန့် မကြိုက်ပါဘူး...မစားပါဘူး..။
ဟင်းချိုမှုန့် မကောင်းတာသိပေမယ့် သေသေချာချာ ဃဃနန သိတာတော့မဟုတ်ပါ။
အခု ဒီကျန်းမာရေးပညာပေး ဘလော့က တင်လိုက်တော့ ဝမ်းသာသွားတယ်။

ဒီမှာပါ

အချစ်မရှိနေ့ရက်များ..

အချစ်မရှိနေ့ရက်များ - တင်ဇာမော်




ဒီသီချင်းက တင်ဇာမော်ရဲ့ ဒုတိယမြှောက်အခွေ မှတ်မိသလောက်ဆို
(နွဲ့ယဉ်ဝင်းနဲ့ တွဲထုတ်တဲ့အခွေ) ကဖြစ်မယ်ထင်ပါတယ်..။(မသေချာ)
စွယ်တော်ရွက်စိမ်းစိမ်းလေးနဲ့ကာဗာ..။
အဲ့ခွေထွက်တုန်းက ကိုယ့်ဘဝအပြောင်းအလဲ တခုဖြစ်ခဲ့တယ်.။

အဲဒီတုန်းက တင်ဇာမော်ကို crazyဖြစ်ခဲ့တယ်.။
အခုထိလည်း ကြိုက်နေတုန်းပါပဲ..။
ဟိုတလောက တွေ့လိုက်ပေမယ့်....သူက ရှောင်ပုန်းသွားတော့
ကိုယ် ဘယ်လောက်ထိကြိုက်တယ် ဆိုတာ ပြောခွင့်မကြုံလိုက်ဘူး။
(အိတ်စ်ယောင်း လုပ်ရပ်ကြောင့် ..........)
အမှန်က ကိုယ်လည်း နဖူးတွေ့ ဒူးတွေ့ဆိုရင်
အားနာပြီး ဘာမှ ပြောထွက်မှာ မဟုတ်ပါဘူးလေ။