GO.........................血拚



ဒီနေ့ ထုံးစံအတိုင်း ခခဘောလုံးပွဲ သွားအားပေးရပါတယ်။
ပွဲမစခင် မြက်ခင်းပြင်ပေါ်မှာ သူနဲ့ ဘောလုံးကစားလေ့ကျင့်ကြပါတယ်..။
ပထမပိုင်းမှာ သူက ဂိုးတိုင်စောင့်ရတော့ ပျင်းစရာကြီးဖြစ်နေတယ်.။
ပထမပိုင်းပြီးလို့ အားလပ်ချိန်မှာ ဂိုးတိုင်စောင့်ကို လူလဲဖို့ သွားပြောပေးပါတယ်။
ဒန်တန့်တန့်..။
ဒီနေ့ပွဲမှာလဲ ၀း ၀ ပါပဲ..။
တဖက်အသင်းကလည်း မခေပါဘူး..။
နောက်တပတ် ဆန်းဒေးကိုစောင့်ကြည့်ရတော့မှာပေါ့..။
ပြီးတော့ အိမ်ပြန် ရေချိုး ...ညစာကို အပြင်မှာ သွားစားစရာလို့ပါ။
( ညစာ ချက်ပျင်းနေတယ်..)
ခခက Chung Hsiao East Road, Section (忠孝東路四段) ဖက်မှာ သွားစားချင်နေပါတယ်။
အမှန်အတိုင်းပြောရရင် ကျနော် အဲ့ဒီဖက်မှာ သိပ်သွားစားလေ့မရှိပါဘူး။
သွားနေကျ အမဲသားခေါက်ဆွဲဆိုင်တစ်ဆိုင်ပဲရှိပါတယ်..။
(အမှန်က lotion တွေ.. creamတွေလည်း ပြတ်နေလို့ပါ..)
ဆိုင်ကယ်ရပ်စရာနေရာ ရှားပါးတဲ့နေရာမို့ တွေ့တာနဲ့ ကမန်းကတန်းဝင်ရပ်လိုက်ရပါတယ်။
အဲဒီလမ်းက နာမည်ကြီးSogoဆီဦးတည်လို့ပေါ့..။
(Sogoအများကြီးထဲက ဒီလမ်းက ပိုစည်ပါတယ်..။)
လမ်းက အကြာကြီးလျှောက်နေရပါတယ်..။
ဗိုက်က တဂွီဂွီမြည်နေပါပြီ..။
ဘာစားရမှန်းမသိ...။ ဆိုင်တွေက တပုံတပင်..။
နောက်ဆုံးတော့ SoGoဘေးက Fridays
မှာပဲ ဝင်စားလိုက်တော့တယ်..။
စားပြီး ဆိုဂိုဖက် သွားတော့ နဲတဲ့လူအုပ်ကြီးမဟုတ်ဖူး.။
ဘာများဖြစ်လို့လဲ ဝင်သွားကြည့်တော့ discountချလို့ကိုး..။
စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ ဆိုတာမျိုးလို...
(ဟမ်..ကိုယ့်အသပြာကုန်မဲ့ကိစ္စကိုနော်.....ဟင်းးးးးးးးးးး)
ကိုယ်လိုချင်တဲ့ Eနဲ့စတဲ့ ကောင်တာဆီသွားပြီး ဝန်ထမ်းအမျိုးသမီးကို
လိုချင်တာ ပြောပြပါတယ်....။ သူက ဘယ်လို ဟာမျိုးလဲ သေသေချာချာမေးပါတယ်။
"အဆင်ပြေမဲ့ဟာသာပေးပါ...သိပ်မသိပါဘူး..လိမ်းစရာမရှိတော့လို့ မျက်နှာတင်းနေလို့
လာဝယ်တာပါ" လို့ ပြန်ပြောတော့ ရယ်နေတယ်..။"ဒါဆို အရင်က သူတို့ဘရန်ထဲက
ဘယ်အမျိုးအစားတွေ သုံးသလဲ"လို့ မေးတော့" ကြုံရာပ"ဲလို့ ပြန်ပြောလိုက်ပါတယ်..။ဟီးးဟီ
အမှန်ဝယ်ဖို့သွားတာက lotion နဲ့ cream ...မိတ်ဆက်ပြီးရောင်းပေးလိုက်တာက နောက်၁မျိုး
လောက်ပိုသွားတယ်..။
ဈေးချတာကလည်း ၁၀%ပါပဲ..။ သိပ်တော့ မထူးပါဘူး..။
၇၀၀၀ကို ၁၀%ဈေးချတော့ ၆၃၀၀ပေါ့..။
နောက် Mနဲ့စတဲ့ ကောင်တာဆီ ရောက်သွားပြန်တယ်..။
ကိုယ်ဝယ်မှာ ၁မျိုးတည်း..။ ပါလာတာက ၄မျိုးလောက်..။
သူကလည်း ဈေးချနေလို့ တန်လို့ ဝယ်သွားပါတိုက်တွန်းနေလို့..။
သုံးဖြစ် မသုံးဖြစ်ဆိုတာက နောက်ထား..။၃၀၀၀ကျော် လျှောသွားပြန်တယ်..။
ဖိနပ်တွေဖက်ရောက်သေးတယ်...။ လူတွေကြပ်တစ်နေတာနဲ့ ခေါင်းမူးလာတာနဲ့
(ကော့တေးလ်ကြောင့် ဟုတ်ဟန်မတူ..)
အိမ်အမြန်ပြန်လစ်လာရတယ်..။



မှတ်ချက် ။ ။ အမှန်ပြင်ဆင်ပြီးပါပြီ.။
အမှားလာထောက်ပြတဲ့အတွက် ကျေးဇူးပါ..။
တရုတ်လိုက ၁၀% ဒစ်စကောင့်ဆိုရင် 打
九折 လို့ ပြောကျင့်ရှိနေလို့ပါ။







8 comments:

ဟိုတုံးက စလုံးမှာလဲ SOGO ရှိတယ်။ အခု ရော်ဘင်ဆန်နေရာမှာပေါ့။

၉၀ ရာခိုင်းနှုံးဟုတ်ဘူး ၉ ရာခိုင်နှးို

မှ
မထုံသူ

ဟီးဟီး
တရုတ်လို တိုက်ရိုက်တွက်လိုက်လို့ပါ..။
၁၀%နှုန်းလို့ ပြောချင်တာပါ..မဗိုက်ရယ်။
မှားသွားတယ် ခွေးလွတ်ပါ။။
အရင်ကစလုံးမှာ ဆိုဂိုဒီပါ့မန့်စတိုးဆိုတာ ပေါချင်း
သောချင်းပါ..။
အောချတ်ရဲ့ ပါရာဂွန်အောက်မှာတခု..
စီတီးဟောမှာတခု..
နောက်နှစ်နေရာလောက်ရှိသေးတယ် မမှတ်မိတော့လို့။

အစ်မပေါက်
ဒီနေ့ဝယ်လာတဲ့ အထဲက မသုံးဖြစ်တာရှိရင်
ဒီဖက်ကို ပစ်လိုက်နော်း)

:)
ပျော်နေပုံပဲ။
mm

နာလည်း E နဲ့ စတာ ကြိုက်တယ်

ဒါကြောင့် ဒီလောက်တောင် လှနေတာကိုး

♫ ♫ lotion တွေ.. cream တွေ
ရွေးလို့ဖြင့် ၀ယ်ခဲ့ပါအေ.. ကိုကြီးပေါက်ရေ ♪♪

အေးပါဟ

ဟေ့...
အပေါ်ဆုံးက ငါမဟုတ်ဝူးနော်.. နောက်တစ်ဗိုက်လား... ။ သတ်ပုံကြည့်ရတာတော့ မမကေအိုအမ်လား မသိဘူး.... ။

ကြုံလို့ ဆက်ကြွားရရင်တော့ အဲဒီ ဒါ့ပုံထဲက brand နှစ်ခုလုံး တစ်ခုမှ မကြားဖူးဘူး... sogo ဆိုတာတော့ ကြားဖူးတယ်.. ဟီး....