ဘလက်ကော်ဖီ

စိတ်မကြည်မလင်ဖြစ်နေတယ်..။
စိတ်နောက်နေတာတော့ မဟုတ်ပါဘူး..။
စိတ်မကြည်တာပါ..။
ကိုယ့်ကိုဖုံးကွယ်ထားတဲ့အရာတစ်ခု ဒီနေ့မှ လာဖွင့်ပြောတယ်။
အလုပ်လုပ်ရင်း စားပွဲပေါ်က ဘလက်ခ်ကော်ဖီင်္တိုက်မိတယ်.။
ကော်ဖီတွေ ကိုယ့်အလုပ်နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေအပေါ်ဖိတ်ကုန်တယ်..။
ကိုယ့်အလုပ်တွေမပြီးနိုင်ဘူးဆိုမှ ကော်ဖီတွေဖိတ်မိတဲ့ပစ္စည်းတွေကို သန့်ရှင်းအောင်လုပ်ရမယ်.။
ကော်ဖီနံ့တွေစွဲနေမဲ့ ပစ္စည်းတွေကို ဘယ်လို လုပ်ရမလဲ..။
ကော်ဖီအရောင်စွဲသွားတော့မဲ့ ပစ္စည်းတွေကို ဘယ်လိုချွတ်ရမလဲ..။
ကော်ဖီ အတော်ဒုက္ခပေးတဲ့ ကော်ဖီ..။
ကြမ်းပြင်တွေပေါ်စီးကျနေတဲ့ ကော်ဖီတွေ လိုက်သုတ်ရတယ်..။
စိတ်မကြည်ပါဘူးဆို..။
အလုပ်တွေပေါ် အလုပ်ဆင့်နေတယ်...။

အလုပ်ကိစ္စအတွက် ခါတိုင်းလိုအပြင်သွားရတယ်..။
စိတ်မကြည်တော့ ခါတိုင်းလို လေရှည်မနေတော့ဘူး.။
စိတ်မကြည်တော့ ခါတိုင်းလို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် အာလူးမဖုတ်တော့ဘူး..။
ကောင်းကျိုးကတော့...
အိမ်စောစောပြန်ရောက်တယ်..။ ဟီးဟီး

မှတ်ချက် ။ ။ ခေါင်းစဉ်ကို ဘာပေးရမှန်းမသိလို့ ကော်ဖီခေါင်းပဲ ပုံချလိုက်တယ်..။



3 comments:

ဟင်းချက်နည်းသာမက..အိမ်အမြန်ပြန်ရောက်နည်းပါ သင်ပေးသည်နေတာကိုး...

ဘလက်ကော်ဖီ သိပ်ကြိုက်တယ်.. တို့နဲ့မင်းနဲ့အမြဲအတူ သောက်ခဲ့ကြတယ်.. တို့အချစ်တွေ မင်းနဲ့အတူတူ..

ဘလက်ကော်ဖီ သိပ်ကြိုက်တယ်.. မင်းရဲ့အပြောလေး အခုတော့ ပြောင်းလဲသွားပြီ အသစ်တွေ့သွားပြီ အဟောင်းမေ့ချင်သူ..

(ဆိုင်ဆိုင် မဆိုင်ဆိုင်.. ခေါင်းစဉ်နဲ့တော့ ဆိုင်တယ် :D)

ကော်ဖီအသံကြားလို့ ပြေးလာတာ... ဒီရောက်မှ အမှုတွဲမှန်းသိရတယ်...
အင်း.. ကော်ဖီဖိတ်တာ တော်တော်ဆိုးတယ်...
ဒါပေမယ့် အိမ်ကို မြန်မြန်ပြန်ရောက်တာတော့ ကောင်းပါတယ်...း))