11/17/2010

ကံ


မိတ်ဆွေတွေ ပေးတဲ့ ကံကောင်းစေ..
လာဘ်ကောင်းတဲ့ အပင်လေးတွေ..


ဒီအိမ်ပြောင်းလာကတည်းက အိမ်ဆေးသုတ်မယ်..ကြမ်းခင်းကို ကိုယ်တိုင်
ကပ်မယ် ဆိုပြီး ဒေါင်းတိ မောင်းတိ လုပ်ချပြီးမှ ဘာမှ အဆင်မပြေတော့
ဆရာတွေငှားရပါလေရော့..။
မိအေးနှစ်ခါကုန်ပေါ့.။
ကိုယ်ဖာသာကိုယ်ဆေးသုတ်မယ် ရည်ရွယ်ပြီး ( တကယ်လည်းသုတ်ပါတယ် မီးဖိုခန်းနဲ့
အိမ်သာကိုပေါ့) ဆေးသုတ်တံဝယ်ရ ..။ ဆေးသုတ်တံအရှည်တပ် ဝယ်ရ..။ ဆေးဝယ်ရ..။
အချိန်ကုန်ခံ သွားရွေးရ .။ ကြမ်းခင်းအတွက် ကိုယ်ဖာကိုယ်အလေးခံ သယ်ရနဲ့...အတော်
အလုပ်ရှုပ်သွားပါတယ်..။ တကယ်သုတ်ရတော့ သုတ်လိုက်တဲ့ဆေးပြင်တွေ မညီညာဘူး။
ဘယ်လိုမှ ကြည့်မကောင်းတာနဲ့ ဆရာထပ်ငှားရပါလေရော...။
ဆိုတော့ နှစ်ခါကုန်တာပေါ့..။
B&Qမှာဆေးရှာရ စုတ်တံ ရှာရ..ရေရောတဲ့ အချိုးအဆ စတဲ့သင်ခန်းစာရသွားပါတယ် ..လို့
မထင်ပါနဲ့လေ..။
နောက်တခါ ကိုယ်ကိုယ်တိုင် ဘယ်တော့မှ မလုပ်တော့ဘူးဆိုတဲ့ သင်ခန်းစာပါ..။
နောက်တစ်ခုက ရေစုတ်မော်တာပျက်တာနဲ့ ကြုံတယ်.။ မော်တာပျက်နေတာ ကိုယ်က
မသိဘူး ။ ရေမလာတော့ ရေရုံးကို ဖုန်းဆက်မေးရတယ်.။ ရေဖိုးပေးဖို့ ပျက်ကွက်နေသလားဆိုပြီး။
ရေဖိုးလဲ အကြွေးမရှိပါဘူးတဲ့..။ ဆိုတော့ ရေမီးတွေပြင်တဲ့ဆိုင် အိမ်နောက်ဖက်က လမ်းထဲမှာ ရှိတာ
သတိရပြီး ရေသမားကိုသွားခေါ်ပါတယ်..။ သူက လာကြည့်ပြီး မော်တာပျက်နေလို့လား မသိဘူး
ဆိုပြီး မှတ်ချက်ချပါတယ်.။ ပျက်နေရင် ပြင်ပေးလေ..ဒါမှ မဟုတ် အသစ်လဲပေး ဆိုတော့..သူ ဝလို့
ကုန်းကုန်း ကွကွ မလုပ်နိုင်ပါဘူးတဲ့.။ တခြားဆိုင်က ဆရာ သွားခေါ်ပြီးပြင်ခိုင်းပါတယ်..။ဟိ
(ရေမော်တာက နေရာသေးသေးလေးမှာ ကြပ်ကြပ်သပ်သပ်ထားထားလို့ပါ..)
နောက်တော့ အသစ်လဲလို့ အဆင်ပြေသွားပြန်တယ်..။

ပြဿနာတစ်ခု တိုးလာပြန်ပါပြီ..။ အိမ်က မိုးစိမ့်ဝင်နေတယ်..။ ဒီမှာနေလာတာ အတော်ကြာပြီ
ဒီလို မိုးရေစိမ့်တဲ့အိမ် ဒီတခါပဲ ကြုံဖူးသေးတယ်.။ အိမ်ရှင်ကို ဖုန်းဆက်ပြောရတယ်..။ အိမ်ရှင်က
နောက်ဆုံးပြင်ပေးသွားတဲ့ လက်သမားဆရာကို ပြန်ခေါ်ပြင်မယ်တဲ့။ ဒီလိုနဲ့ ..........၂လလောက်ရှိနေပြီ။
ခုထိ လာမပြင်ပေးသေးဘူး။ အိမ်ရှင်လဲ မျက်နှာပူလို့ အိမ်လခတောင် လာမယူရဲဘူး ။နောက်ဆုံး
ကိုယ်ကပဲ အထပ်ထပ်ဖုန်းဆက်လာယူခိုင်းတော့မှ အားနာနာနဲ့ လာယူတယ်။

နောက်သတင်းကောင်းတစ်ခုက ရေပူပေးစက်ပျက်သွားတယ်..။ ရေပူ လာလိုက် မလာလိုက်နဲ့။
ညည ရေချိုးရင် ရေနွေးအိုးတည်ပြီးချိုးရတယ်..။ ဒီအတွက်တော့ အိမ်ရှင်ကို ထပ်မပြောချင်တော့ဘူး။
ကိုယ်လဲ မျက်နှာပူတယ်..။

ဒီည လောလောလတ်လတ်အဖြစ်အပျက်ကလေးကတော့ တံခါးပျက်သွားပါတယ်။
အိမ်နီးချင်း အစ်ကိုကြီးတစ်ယောက်ကို အကူအညီတောင်းတော့ သူလဲ မပြင်နိုင်ပါ။
တံခါးပြင်တဲ့ ဆရာတစ်ယောက်ကို မနက်လာဖို့ ဖုန်းဆက်ထားရတယ်။
ဒီအတွက် အိမ်နီးချင်းအစ်ကိုကြီးက အကြံဥာဏ်ပေးတယ်..။ အိမ်ရှင်ကိုပြောပြပြီး
ပြင်ခိုင်းပါ တဲ့..။ ကျနော်က ရယ်ကျဲကျဲနဲ့ မပြောချင်တော့ဘူး.။ မျက်နှာပူတယ်လို့.။
ကဲ........
ဘယ်သူ့အပြစ်လဲ..။
အိမ် .......လား.။
ပြောင်းလာနေတဲ့ ကျနော်လား..။





11 comments:

  1. အဲဒါ ကျုပ်အပြစ် ပါ။ ကျုပ် အပြစ်... ဟီးဟီး....

    သုံးစက်

    ReplyDelete
  2. ၁။ ကျွန်တော့အပြစ်ပါ။
    ၂။ မိုးရေစိမ့်တဲ့အိမ် ဆိုတာ ကိုနားမလည်ဘူး. မိုးရွာရင် ရေယိုတယ်လို့ပြောတာလား။
    ပုံ
    ရန်ကုန်သူ
    ခင်ထုံ

    ReplyDelete
  3. အိမ်ရှင်ကို ချိုချိုသာသာပြောပေါ့။ အားမနာပါနဲ့ ..ကိုယ့်ဘက်က အိမ်လခပေးဖို့ ပျက်ကွက်ရင် သူအားနာမယ်မထင်လေနဲ့။

    ReplyDelete
  4. ဘာကို အားနာနေသလဲ ပေါက်၊ ဒါတွေက အခြေခံ လိုအပ်ချက်တွေပဲ။ မိုးစိမ့်တဲ့ အိမ်မှာ ရေပူပေးစက် ပျက်ရင် ကျန်းမာရေး ထိခိုက်မှာပေါ့။

    အေးအေးဆေးဆေး ပြောရင် ရပါတယ်။ ဒါမှ လာမပြင်ပေးရင်လဲ ပြောင်းပေတော့..။

    ReplyDelete
  5. ကံကြောင့်မဟုတ်ဘူးပေါက် အိမ်ရှင်ကိုအကြောင်းကြားလိုက်ပါ ကိုယ်က ဒီမှာဆက်နေရဦးမှာမလား...

    ReplyDelete
  6. သြော်..ဟုတ်မယ် ၃စက်ထုံကြောင့်။

    အပေါက်လည်းမရှိပဲ မိုးရေတွေ ကျလာတာကိုပြောတာ။
    ကျနော်လဲ မသိ.။ တက်သွားမကြည့်ရဲ။ပြုတ်ကျမှာစိုးတယ်။
    မခင်ထုံရဲ့..။(ခေါ်ရတာ အရသာရှိလိုက်တာ)

    ဟုတ်..အမည်မသိ။
    အိမ်ရှင်မော်တာလဲပေးထားတယ်။
    အိမ်ပြင်တာလဲ ခေါ်တော့ထားတယ် မလာသေးတာတဲ့။
    တံခါးကတော့ ပြင်ပြီးရင်တော့ ပြောကြည့်ပါအုန်းမယ်။


    မချိုသင်း..
    မတွေ့တာကြာ..။
    ရေပူပေးစက် ကိုယ့်ဖာကိုယ်လဲတော့မယ်။
    မိုးရေကိစ္စ သူ လူခေါ်ထားပါတယ်တဲ့။
    အိမ်ပြောင်းဖို့လား..။
    ပြောင်းလို့ မဖြစ်သေးဘူး။ ဟိ

    အိမ်ရှင်က အိမ်ထဲက အိမ်ပြင်ထွက်နိုင်သူမဟုတ်ဘူး
    မြိုးရဲ့..။
    အသက် ၈၀ကျော် ရောဂါရှိသူ အဖွားတယောက်။
    သူ့သားရှိတာက တရုတ်ပြည်အပတ်တိုင်းသွားပြီး
    အလုပ်တက်နေရသူ..။ဖမ်းလို့ မမိ။
    ပြီး အိမ်ရှင်အဖွားက mandarin သိပ်ပြောတတ်သူမဟုတ်ဘူး။ Taiwanese Hokkienပဲပြောတတ်တော့ အဆင်မပြေဘူး။
    ပြောင်းလို့ မဖြစ်သေးပါဘူး။ သိတဲ့အတိုင်း ခခကျောင်း..ကျူရှင်..ကိုယ့်အလုပ်..အားလုံးဒီမှာပဲ စုနေတာဆိုတော့..။
    ကျေးဇူး

    ReplyDelete
  7. ကံဆိုသည် ဆိုးသည်ကောင်းသည်မရှိ အမြဲပြောင်းလဲတတ်နေ၏..

    ReplyDelete
  8. ကံဆိုတာ ကမ္မပဲ...
    ကမ္မ ဆိုတာ အလုပ်...
    အလုပ်ဆိုတာ လုပ်မှ ဖြစ်တာ..ဒါကြောင့် လုပ်ကို လုပ်လိုက်ပါ..

    ReplyDelete
  9. ပေါက်ရေးထားတာနဲ့ comment တွေ ဖတ်ကြည့်ပြီးတော့ အိမ်ပြောင်းဖို့တော့ အကြံမပေးတော့ဘူးနော်.. :D
    အပေါ်က အပင်ပုံလေးတွေတော့ သဘောကျတယ် ပေါက်ရေ.. ဇော်စိမ်းလို့ခေါ်မလား အဲဒီအပင်လေးကို ပိုကြိုက်တယ် :))

    ဟိုနေ့က တီဗွီက တိုင်ဝမ်အကြောင်းလာတော့ ပေါက်ကိုတောင် သတိရလိုက်သေးတယ်... :D (ဘာမှလည်း ဆိုင်ဘူးနော်.. :D) အစားအသောက်တွေလည်း စားကောင်းမယ့်ပုံ.. နေရာကိုတော့ ဘယ်လိုခေါ်လဲ မသိဘူး.. ညဈေးလိုမျိုးပဲ.. :)

    ReplyDelete
  10. တီဇက်အေ >>ပြောင်းလဲတာကို ခံစားရင်း ပြောင်းလဲမှာကို
    မျှော်လင့်နေရတာပဲ..

    ကိုဘ>> ကံဆိုတာ ကမ္မ ပဲလို့ ဘယ်သူပြောမလဲ
    ထိုင်စောင့်ကြည့်နေတာ..ဟိဟိ

    မနုစံ>>အပင်အကြောင်းလာမမေးနဲ့နော်.
    ဘာမှ မသိဘူး။
    အဲ့အပင်တွေက သူများလက်ဆောင်ပေးလို့သာ ရှိနေရတာ..။
    ကိုယ့်သဘောနဲ့ကိုယ် ဘယ်တုန်းကမှ စိတ်မကူးဖူးဘူး။
    ထဝ မှာ ညဈေးတွေပေါတယ်..နာမည်ကြီးတယ်။
    ရပ်ဝေးဧည့်တွေ အတော်သွားလည်တဲ့နေရာလည်းဖြစ်တယ်။
    အစားအသောက်ပေါတယ်..။အဝတ်အစားများတယ်..။

    မနေ့က တံခါးလာပြင်ပေးပြီးသွားပါပြီ..။


    ဒီနေ့ လက်သမားဆရာလာသွားတယ်..။
    မိုးတွေကရွာရွာ..
    ရေတွေက စိမ့်နေတုန်းလေး..
    တကယ့်အချိန်ကောင်းလေး လာသွားတယ်။
    မနက်ဖန်..သဘက်ခါလောက် လာပြင်ပေးလိမ့်မယ်
    ထင်ပါတယ်..။
    ဒီကုန်ကျငွေကိုတော့ အိမ်ရှင်ခံပါလိမ့်မယ်..။
    တံခါးအသစ်လဲပေးဖို့ ပြောထားပါသေးတယ်..။

    အားလုံးကိုကျေးဇူးပါ။
    ပေါက်

    ReplyDelete
  11. တော်သေးတာပေါ့

    ReplyDelete