0 : 0

ခခတို့ကျောင်းက ဘောလုံးအသင်းမှာ အသင်းဝင်ထားပါတယ်..။
ကိုယ်က မဝင်စေချင်ပေမယ့်လည်း သူက သိပ်ကို စိတ်အားထက်သန်နေပါတယ်..။
ကျောင်းက အကသင်တန်းအတွက်လည်း အသင်းဝင်တွေ ဖိတ်ခေါ်တဲ့စာလည်း
ရောက်နေတော့ သူ့ကို အကသင်တန်းတက်ဖို့ အကြံပြုပါတယ်..။
သူက ခါးခါးသီးသီးပဲ ငြင်းဆိုပါတယ်..။ နောက်ပြီး စကားတစ်ခွန်းက အဆစ်ပါလိုက်သေးတယ်.။
သူ့ ဗီဇ နဲ့ အကသင်တန်းတွေ မလိုက်ဖက်ဖူးလို့ မထင်ဘူး လား....တဲ့..ကိုယ့်ကို ပြန်မေးပြောပြောပါတယ်။
သူ အားကစားပဲ သဘောကျတဲ့အကြောင်း..။ သူတို့ကျောင်းမှာ ဘောလုံးအသင်းဖွင့်တာ ပထမဆုံး
ဖြစ်တဲ့အတွက် သူပါဝင်လိုကြောင်း စုံစိနေအောင် အကြောင်းပြချက်တွေ ပေးနေပါတယ်.။

ဒီနေ့ သူတို့ အသင်းရဲ့ ပထမဆုံးသော ပြိုင်ပွဲ ကစားရပါတယ်..။
မိုးဖွဲဖွဲရွာနေပါတယ်..။
သူက စိတ်ပူစွာနဲ့ မိုးတွေရွာနေရင် ဘယ်လိုကစားမလဲ လို့ မေးပါတယ်.။
ကျနော်က မိုးရွာရင် ပိုကစားလို့ ကောင်းတာပေါ့ ...ပြန်ဖြေလိုက်တယ်..။(ဟီးးဟီး)





အထူး မိတ်ဆက်ပေးစရာမလိုဘူး ထင်ပါတယ်..။
ပုံတွေ ဘယ်လောက်ဝါးဝါး ပေါ့.။
ပွဲမစခင် သွေးပူလေ့ကျင့်ခန်းလုပ်နေကြတယ်..။


ဘောကန်ဖိနပ်လဲဖို့ မေ့နေတယ်.။
လဲ လိုက်အုန်းမှ ပဲ..။
ရိုက်ချက်ကတော့ မပြောမရှိနဲ့နော်..။
အသေအချာ လေ့ကျင့်ထားတာပါ..။


ကစားကြပါပြီ..။
တဖက်အသင်းက ကလေးတွေ ပိုတော်ကြတယ်..။
လိမ္မော်ရောင်တွေနဲ့..။
ဝး ဝ

6 comments:

ငါ့အစ်မအကြီးဆုံးကတော့ သူ့သမီး ခခတို့အရွယ်က နွေကျောင်းပိတ်ရက်မှာ ဂျူဒိုသင်တန်းတက်ခိုင်းတာ.....
ကလေးက မတက်ချင်တာကို ဆံပင်ရွှေရောင်ဆိုးပေးပါ့မယ်၊ မုန့်ဖိုးပေးပါ့မယ် မက်လုံးတွေနဲ့ တက်ဖြစ်သွားတယ်...

မျက်မှန်လေးနဲ့ ဆံပင်စည်းထားတာ ခခလား...။ မိန်းခလေးသင်းလည်းမဟုတ် ယောင်္ကျာံးလေး အသင်းလည်းမဟုတ်။ ကျနော်အဲဒီပွဲ လာကြည့်သေးတယ်...း)။

green fingers

ဝေးးးး...ဘောလုံးပွဲ အားပေးတတ်အောင် လုပ်တော့မယ်း)

အားပေးနေပါမယ်လို့ ပြောပေးပါနော်။

ခုလို့ ခခ ဘောလုံးကို ဝါဿနာပါရတဲ့အကြောင်းက အုပ်ထိန်းသူမှာ တာဝန်ရှိတယ် ဟိ။

ဟုတ်သားပဲ.. သူ့များ အက သင်ခိုင်းနေသေးတယ်

ဘာလဲ.. နာ့တူမ အသင်းကို ဟိုဘက်အသင်းလောက်မတော်ဘူး တဲ့.. ဒီအမေတော့ ရိုက်ခံထိတော့မယ်