SHIN ခေါက်ဆွဲပြုပ်

အသင့်စား ခေါက်ဆွဲခြောက်ထုတ်တွေ စားခဲပါတယ်..။
လွန်ခဲ့တဲ့ ၃..၄ နှစ်လောက်ကဆို တစ်နှစ်နေလို့ တစ်ထုတ် နှစ်ထုတ်လောက်ပဲ စားဖြစ်ပါတယ်..။
အိမ်မှာ shinတံဆိပ် ကိုရီးယားခေါက်ဆွဲခြောက်ထုတ်ရှိနေတာနဲ့ ချက်စားဖြစ်ပါတယ်..။
ကိုရီးယားခေါက်ဆွဲခြောက်ထုတ်ကို ချိစ်နဲ့ တွဲစား တော်တော် လိုက်ဖက်ပါတယ်.။
ဟင်းရွက်မရှိလို့ ရှိတဲ့ ရုံးပတီသီး၃ချောင်းထည့်ချက်ထားတယ်..။
ခေါက်ဆွဲကျက်လို့ ပန်းကန်ထဲထည့်ပြီးချိန်မှာ ချိစ်ပြားလေး တင်လိုက်ပါတယ်..။
ကြက်သွန်မြိတ်ရှိနေတာနဲ့ ပါးပါးလှီးဖြူး..။
(ကြက်ဥကွဲသွားတယ်...)
မုန်ညှင်းဖြူကင်မ်ချီး မရှိလို့ ရှိတဲ့ မုန်လာဥဖြူကင်မ်ချီးနဲ့ တွဲစားလိုက်ပါတယ်..။


12 comments:

ခေါကိဆွဲပြုပ်တော့ကြိုက်ပါတယ်။ ချိစ်တော့ မကြိုက်တာရယ်၊ မတဲ့တာရယ်ကြောင့်...

cheese နဲ့ခေါက်ဆွဲ တွဲ မစားဖူးသေး ဘူး။
:)

green fingers

ခေါက်ဆွဲအရောင်လေးကတော့ စားချင်စရာလေး


စူးနွယ်လေး

အားလုံးကြိုက်တယ်။

ဗိုက်ဆာပါတယ်ဆိုနေမှနော်..
cheese နဲ့ တွဲစားတာ ကိုရီးယားတွေ ကြောင်တယ်လို့ ထင်နေတာ.. ဟိဟိ

အိတ်စ်ယောင်းစ်

အကြံတူလေဧ။်...ဟီးဟီးး
cheese နဲ့တော့မစားဖူးသေးဘူး.. http://loveluvv.blogspot.com/2010/02/blog-post_12.html

ဩ ပေါက် ညက ပြောတာ ဒါကိုးးးး

SHIN ဆိုတာ ဒီအထုပ်ကိုး

ခေါက်ဆွဲခြောက်ပြုတ်မစားဖြစ်တာကြာပြီ ခုမြင်တော့ စားချင်စရာလေး ပြုတ်စားဦးမယ်

စားချင်စဖွယ်လေး လှတယ်၊
ချီစ်နဲ့ မစားဖူးဘူး

Shin က အမကြိုက်တဲ့ တံဆိပ်ဗျ.. အမြဲဆောင်ထားတယ်။ ကြိုက်တယ်။ cheese နဲ့တော့ မစားဖူးသေးဘူး။ စမ်းဦးမယ် :)

Shin တံဆိပ် မစားဖူးပါ..
ရှာဝယ်ပြီး စားကြည့်အုံးမယ်...