ဆူးပုပ်ကြော်..အသည်းကြော်



အမဲအသည်းကြော်နဲ့ စူးပုပ် ချက်တာမို့..


ဒီပုံက ပန်းကန်သေးသေးက
မနေ့ကအမဲသားဟင်းအကျန်..
ပန်းကန်ဲပားကြီးကြီးနဲ့က
ဆူးပုပ်ရွင်္က်ကို အနုလေးတွေချည်းသင်ထားပြီး
ကြက်ဥခေါက်ပြီးဆားထည့်ကြော်ထားတာ..
ခရမ်းချဉ်သီးတစ်လုံးတွေ့လို့ ထည့်ကြော်ထားတယ်။
စားကောင်းတယ်..။
နုဆိမ့်။





အမဲအသည်းရှိနေတာ ၂ရက်လောက်ရှိပြီ..။
အဖေရှိတုန်းကဆိုရင် အမဲအသည်း
အမြဲကြော်ရတယ်..။
(အမဲသားမုန်ညှင်းကြော်..အမဲကမ်းပါးကြော်
အာလူးခရမ်းချဉ်သီးကြော်တွေက အဖေ့အကြိုက်ဟင်းတွေ
နောက် ရှမ်းဟင်းတွေက အဖေကိုယ်တိုင်ချက်စားတယ်..
အမေက ဗမာဟင်းကြိုက်တတ်တယ် ..ငပိ ငါးခြောက်စားတယ်
အဖေနဲ့ အဖိုးက ဘယ်တော့မှ မစားဘူး)
အသည်းကို အပေါ်ယံအလွှဲလေးကို
ဖြေးဖြေးချင်းဆုတ်ယူ..
ပြီးရင်ထက်ခြမ်းခွဲပြီး ပါးပါးလှီးထားပါ။
ဂျင်းပါးပါးသေးသေးလှီးပြီး..ကြက်သွန်ဖြူဓါးပြားရိုက်
ကြာညို့အငန်..ချောင်းကော့နဲ့ နယ်ထားပီးသားအသည်းကို
ကြက်သွန်နီ..ငရုပ်သီးနဲ့ကြော်ထားပါတယ်..။
ရေခဲသေတ္တာထဲမှာ 韭菜တစ်စည်းတွေ့တာနဲ့
ရောထည့်ကြော်ထားပါတယ်..။
အိမ်မှာကြော်ရင်တော့ ကြက်သွန်မြိတ်ပဲထည့်ကြော်ပါတယ်..။

12 comments:

မုန်းချင်လိုက်တာနော်..
ခဖဝရကြီးကို..
ကျွေးပါ့မယ်..။
(ရီလိုက်ရတာ...
ကျေးဇူးနော်...)

ပေါက်

နှစ်ခုစလုံး ကိုယ်မစားတဲ့ဟာတွေချည်းပဲ ဖြစ်နေပါတယ်...
အသစ်တခုခု ချက်ကျွေးပါ ပေါက်...း))

韭菜 အဲဒီ ဘူးသီးကြော်ကို မြန်မာလို ဘာသာပြန်ပြ။ ဒါပဲ...။

ဆူးပုတ်မကြိုက်.. အသဲကို ယိုးဒယားလို ချဉ်ချဉ်စပ်စပ် သုပ်စားဖြစ်တာ များတယ်..

ယနေ့လဲ ညနေစာ အသီးတလုံး နွားနို့(အစစ်)တခွက်နဲ့ ပီးသွားပါသည်

ဆူးပုတ် ကြက်ဥ ဖေးဘရိတ်

အမဲအသဲ စားဖူးဘူး။ဆူးပုပ်တော့စားဖြစ်တယ်။

ဗိုက်ဆာအောင်လုပ်နေပြန်ပြီ....

မသက်ဝေ..
ဆောတီးနော်..
ဘာကြိုက်တတ်လဲ..ပြောပါ..။

ဂရင်း ကိုယ့်ဖာကိုယ်သွားရှာချည်ပေါ့.။
မြို့မှာလည်းရှိတယ်လေ..။

ယောင်းစ် ပိန်ပြီးရင်းပိန်နေမယ်..
ထမင်းမစားရင်..။
မီးဖိုချောင်ပြင်လိုက်အုန်းအရင်..


ရီတာ ဗစ်စတာပြောတယ်မို့လား..
ဂိုးလ်ဒင်းမိုငင်းမှာရတယ်ဆို..

ဗစ်စတာ..ဝအောင်စားသွားပါအေ..။

မဂျွန်ဝမ်း..
ကြုံရင်စားကြည့်ပါ..။
အတုံးကြီးကြီးတုံးပြီး မဆလာနဲ့ချက်စားလည်းကောင်းတယ်..။


မရှင်လေးရေ...
စားပါ..
စားပါ..။

ပေါက်

အယ် .. တူ သိတယ်
ဟတ်ဟတ်

အသည်းတွေကလည်း ကျေမွလို့
အင်းပေါ့လေ...
အပေါ်ယံအလွှဲလေးကို
ဖြေးဖြေးချင်းဆုတ်ယူ..ပြီး
ထက်ခြမ်းခွဲ..ပြီး
ပါးပါးကလည်း လှီးထားသေးတာကိုး...