ခရီး

မနက်စောစော ထပြီး အပြင်သွားဖို့ ပြင်ဆင်ရပါတယ်..။
၈နာရီ ရထားနဲ့အမှီ သွားရအောင် လို့ သူငယ်ချင်းက ပြောလာလို့ပါ...။
တကယ်တမ်း ဘူတာရုံရောက်တော့ရထားလွတ်သွားပါတယ်..နောက်တစ်နာရီလောက်
စောင့်ပြီးမှ ကိုယ်စီးရမဲ့ ရထားဆိုက်ပါတယ်။..
အဲ့ဒီမြိဲု့လေးကို မကြာခဏသွားဖူးပေမယ့်..ရထားနဲ့တော့ မဟုတ်ပါဘူး
ကားနဲ့ပါ..။
ကားတောင် အသိမိတ်ဆွေတွေရဲ့ကား..ဒါမှမဟုတ်..သူတို့စီစဉ်ပေးထားတဲ့ကားနဲ့မို့
မကြောင့်မကြပဲ လိုရာခရီးရောက်ပါတယ်..။
ဒီနေ့တော့ ကိုယ့်ဖာသာကိုယ် သွားခဲ့ရတဲ့ခရီးလေးတစ်ခု..။

ဆူးပုပ်...မန်ကျည်းသီးစိမ်း..ရှောက်ရွက်..ပဒဲကော..
ကုလားအော်သီး..နောက် ကျနော်မပြောနိင်တဲ့ အရွက်တွေ စုံလို့..
ထိုင်ငပိရည် လည်းရတယ်..။

ကျနော်တို့ဝယ်တဲ့ ကောက်ညှငသ်းအချိုကို ပြန်ကင်ပေးနေတာပါ..။


အခုသွားတဲ့မြို့လေးမှာ နိုင်ငံခြားသား( ထိုင်း..ဗီယက်နမ်နဲ့ အင်ဒို )တွေများလွန်းလို့
ရထားသံလမ်းကို မဖြတ်ကူးရ ဆိုင်းဘုတ်ကို..
သူတို့ဘာသာတွေနဲ့ သတိပေး နှိုးဆော်ထားတဲ့ ဆိုင်းဘုတ်..။
သဘောကျလို့ ရိုက်လာခဲ့တယ်..။
တိုဟူးပျော့...ထမင်းဝါ..(ထမင်းချဉ်မဟုတ်..ငါးထမင်းနယ်လည်းမဟုတ်..)
ကြက်ဆီထမင်း ...ထိုင်းအုနိးနို့ခေါက်ဆွဲ..အမဲ သားရေပွကြော်..စားခဲ့တယ်..။
ဓါတ်ပုံရိုက်မလာခဲ့ပါ..။
ပြောဖို့ရာ မေ့သွားလို့..
အဲ့ဒီမြို့လေးမှာ ကိုယ့်ပြည်နယ်တူ ယူနန်တွေလည်းများတော့..
တိုဟူးပျော့ဆိုင်..ဆန်ခေါက်ဆွဲဆိုင်တွေ မှိုလိုပေါက်နေတာပဲ..။



အပြန်မှာ ရှော့ပင်းစင်တာတစ်ခု ဝင်လည်ခဲ့တယ်..။
ဘာမှ မဝယ်ပါဘူး..။
တမျိုးတော့ ဝယ်ခဲ့တယ်..။
စဉ်းစားကြည့်ပေါ့..။

11 comments:

မြန်မာလိုရော မပါဘူးလား။ စင်ကာပူမှာတော့ အမှိုက်မပစ်ရကို မြန်မာလို ရေးထားတဲ့ နေရာပါ ရှိတယ်။ :D

အရွက်တွေက စိမ်းစိုနေတာပဲ၊
ဘလောဂ့်လခ့်မှာ တွေ့တော့ ပန်းချီကားနဲ့ တောင်တူတယ်၊
ထိုဖူးပျော့၊ သားရေပွကြော်၊
ရှမ်းပြည်က အစားအစာတွေနဲ့ တူတယ်နော်၊

လိုက်လည်ချင်လိုက်တာ။ စားချင်စရာတွေ၊၀ယ်ချင်စရာတွေ အများကြီးပဲ။

လက်ကောက်.။
အရွက်ကလေးတွေက စိမ်းစိုနေတာဘဲ
ကျေးဇူး။

လယ်သမားဖိနပ် (သို့) လည်ရှည်ဖိနပ်






စင်စင်

တူ (chopstick)၊ hammer တို့ nephew တို့နဲ့ မှားမှာ စိုးလို့....

ဆူးပုပ်ရွက်တော့ သေချာပေါက် ဝယ်ခဲ့တယ်မလား

ဆူးပုတ်ရွက.. မစားရတာနှစ်အတော်ကြာနေပေါ့.....

ဆူးပုတ်ရွက် စားချင်တာ ဝယ်လို့လဲ မရလို့ အခုမှ ဆူးပုတ်ပင် စိုက်တုန်း စားလို့ ရသေးဘူး။ မနာလိုသွားသည်။ :P

ခခ ကြိုက်တာ ၀ယ်ခဲ့တာပေါ့။ သိသားပဲ။ မပြောချင်လို့.. :))

ခခ ကြိုက်တာထက်.. သူ့အမေ ကြိုက်တဲ့ လက်ကောက် ထင်တာပဲ

အိတ်စ်ယောင်းစ်