10/14/2010

အသည်းလေး


ကိုယ့်ကို ခခ ညတိုင်း နုတ်ဆက်နေကျ စကားလေးရှိပါတယ်..။
ကောင်းသောညပါ..စောစောအိပ်ပါ ဆိုပြီး..။
ညစဉ် ညတိုင်း ပါပဲ..။

အရင် ကိုယ့်အလုပ်က သူဌေးမ ဆေးလိပ်သိပ်သောက်ပါတယ်..။
အလုပ်ထဲလည်း မရှောင်သောက်ပါတယ်..။
တခါတော့ အလုပ်မှာ ကိုယ့်သူဌေးမနဲ့ခခ ကြုံမိတော့ ခခကပြောပါတယ်..။
ဆေးလိပ်သောက်ရင် အသည်းကြီးမည်းသွားလိမ့်မယ်..တဲ့..။ အသည်းမည်းမှာမကြောက်ဘူးလားလို့..ထပ်မေးပါတယ်..။
သူဌေးမက တဟားဟားနဲ့ပေါ့..။ချာတိတ်လေးက လာ လာချည်သေးတယ် ဘာညာပေါ့...။
အမှန် ခခက နားလည်လို့တော့ မဟုတ်ဘူး..ကျောင်းက ဆရာမကပညာပေးအနေနဲ့ ပြောပြတာတွေ
မှတ်ထားပြီး လက်တွေ့ အသုံးချနေတာ..။

အခုတလော ခခ ကိုယ့်ကို စောစောအိပ်ခိုင်းရာမှာ
အရင်ကလို ကောင်းသောညပါ..စောစောအိပ်ပါဆိုရုံတင် မကတော့ဘူး။
အနည်းဆုံး ည ၁၁နာရီအိပ်သင့်တယ်လို့ တိုက်တွန်းနေတတ်ပါပြီ..။
ည ၁၁နာရီနဲ့ မနက် ၂နာရီကြားမှာ အသည်းကို အနားပေးပါ တဲ့..။
အသည်းကောင်းမှ ကိုယ်တွင်းမှာရှိတဲ့ အဆိပ်တွေ မလိုလား အပ်တာတွေကို
အသည်းက ခြေဖျက်ပေးနိုင်စွမ်း ရှိပါမယ်..တဲ့..။
ကိုယ့်မှာ ငိုရခက် ရယ်ရခက်..။
လိုက်နာရခက် မလိုက်နာရခက်နဲ့..။
နောက်ထပ် ဖြည့်စွက်ချက်တွေက ပါလိုက်သေးတယ်..။
အသည်းကောင်းဖို့အတွက်..
အရက်မသောက်ရ
ဆေးလိပ်မသောက်ရ
ညဥ့်မနက်ရ တဲ့..။
ကျနော်က အထွန့်တက်လိုက်တယ်..။ဘီယာက အရက်မဟုတ်ဘူး..။
ဘီယာရော သောက်ခွင့်ရှိလား ဆိုတော့..။
သူက..
တူတူပါပဲတဲ့ ..။ သောက်ခွင့် မရှိပါဘူးတဲ့ ။
ကျနော်ရဲ့ အခုအလုပ်မှာလည်း စားပွဲပေါ်မှာဆေးလိပ်ဘူးချထားပေးပါတယ်။
ခခနဲ့ရင်းနှီးတဲ့ အသိဧည့်သည်ဆေးလိပ်ယူသောက်ရင် ခခက ဆေးလိပ်ဘူးပေါ်ပါတဲ့
ဆေးလိပ်သောက်ခြင်းဆိုးကျိုးတွေကို ဖတ်ရွတ်ပြတတ်ပါတယ်။

အခုတလော ကျနော့်သူငယ်ချင်းတွေ့တိုင်း ဖုန်းဆက်တိုင်း စောစောအိပ်ဖို့
နားချကြပါတယ်..။(နင် ပင်ပန်းရင် စောစောအိပ်လေ...ဘာဘာ ညာညာနဲ့..)
ကျနော်ထင်ပါတယ်..............
အသည်းလေး အတွက်ပဲ ဖြစ်မယ်လို့................။

20 comments:

  1. တော်လိုက်တဲ့ ခခလေး၊ ဆေးလိပ်ပညာပေးဟောပြောဖို့ အကူအညီတောင်းရမယ်၊ နဲရှောက သရုပ်ပြတစ်ယောက်ရှာနေတယ်၊ စောစောအိပ်ပါ ပေါက်ရယ်၊ အဆစ်မတောင်းချင်ပါနဲ့၊ ဘီယာကလည်း အရက်ပါပဲ၊ သောက်ခွင့်မရှိပါဘူး၊ မိခင်ကောင်းဖြစ်ချင်ရင် သားသမီးစကားမြေ၀ယ်မကျ နားထောင်ရတယ်တဲ့၊
    စကားမစပ် သီချင်းကောင်းလားဟင် :D သူများစပ်တာတာနော် တို့ ပြင်တာမဟုတ်ဘူး၊ တို့က ရှဲရုံရှဲတာ ရှဲရှဲပေါ့ :D

    ReplyDelete
  2. ခခ ရုပ်တည်လေးနဲ့ ပြောနေမှာ မြင်ယောင်သွားတယ်

    ဒါဖတ်ပီးမှ စောစောအိပ်ခိုင်းတာ မဟုတ်ဘူး.. ခုမှ ဖတ်မိတာ.. စောစောအိပ်.. ကလေးစကားနားထောင်ရင် ကြီးပွားမှာ..

    မနေ့ညကပဲ ဘီယာတပုလင်းကို ၃ ယောက် မျှသောက်မိသေးတယ်.. ဒီနေ့ညတော့ ကိုယ်တယောက်ထဲ.. လွမ်းလိုက်တာ

    အိတ်စ်ယောင်းစ်

    ReplyDelete
  3. ကလေးပုံလေး မြင်ကြည့်မိတယ်။ ချစ်စရာလေးနေမှာ...
    ဟို.... အပေါ်က တယောက် ကလေးကို မလှိမ့် တပတ်နဲ့ ဘယ့်နှယ့် early morning တုန်း :P

    ReplyDelete
  4. ငယ်ငယ်တုန်းက မာရဇ္ဇလားမသိဘူး ဆိုတဲ့ အသည်းလေးသီချင်းတင်ထားတယ် မှတ်နေတာ..
    တကယ့်အသည်းလေးအကြောင်းရေးထားတာကိုး.. ခွိ

    ReplyDelete
  5. ကျနော်ထင်ပါတယ်..............
    အသည်းလေး အတွက်ရော အသည်းကြီး အတွက်ရော ဖြစ်မယ်လို့................။

    ReplyDelete
  6. ခခက လိမ်မာလိုက်တာ...
    ချစ်စရာလေး...း))
    ပိုချစ်သွားပြီလို့ ပြောလိုက်ပါ...
    ကိုယ်လဲ စောစောအိပ်ပါတယ်... ရွှန်းမီပြောတဲ့ စောနည်းမျိုးနဲ့ပါ...း))

    ReplyDelete
  7. တို့များလည်း အယင်ကဆို စောစောအိပ် စောစောထ .. အကျင့်ရှိပါတယ်
    ဘလော့ဂ်နဲ့ ပေါင်းမိကတည်းက ပျက်တော့တာပါပဲ...

    ခခစကား နားထောင်တော့မယ်

    ReplyDelete
  8. ခခလေးက လိမ်မာလိုက်တာ။ သူ သေချာ မှတ်လာလို့သာ ယုံယုံကြည်ကြည် နဲ့ ပြောနေတာပါ။ ကလေး ယုံကြည်နေတာလေးကို လိုက်ယုံပြီး အားပေးလိုက်ပါ ပေါက်။

    ဘီယာက အရက်မဟုတ်ရင် ဘုန်းကြီးသွားကပ်လိုက်ပါလား ဆိုတာ သွားသတိရမိတယ်။ :)

    ReplyDelete
  9. ဘီယာက အရက်မဟုတ်ရင် ဘုန်းကြီးသွားကပ်လိုက်ပါလား ဆိုတာ သွားသတိရမိတယ်။ :)>>>> ဟိဟိ..မှတ်ပလား မယ်ပေါက်....

    ညဖက် စောစောအိပ်ပြီး အသည်းလေးကို အနားပေးရမယ်ဆိုတာ ခခပြောမှသိတယ်အေ...။ စောစောအိပ်မှပါ....။

    တကယ်တော့ ခခက တော်တော်လိမ္မာတဲ့ သမီးလေး... ငါဖြင့် သူစကားပြောတာ တစ်ခွန်းပဲ နားထောင်ဖူးတာတောင် ချစ်လိုက်တာ ....။

    ReplyDelete
  10. နာတော့ root beer ဆိုတဲ့ဟာ ကဒ်လိုက် ဘုန်းကြီးသွားကပ်ဖူးတယ်.. ဝယ်တုန်းကမမြင်ပဲ ကပ်တော့မှမြင်တာလေ အအေးဗူးတွေပဲမှတ်လို့..
    ကပ္ပိယကတော့ ဒါအချိုရည်ပဲတဲ့ ကပ်လို့ရတယ်ဆိုတာနဲ့ ကပ်ခဲ့တယ် ဘုန်းကြီးသောက်လား ကပ္ပိယသောက်လားတော့ မသိဘူး

    ReplyDelete
  11. သူသိတာလေးတွေကို ပြန်လည်ဝေငှတတ်တဲ့ ခလေးလေး ချစ်စရာကောင်းလိုက်တာ

    ReplyDelete
  12. ကဲ..ကဲ...
    နားထောင်လိုက်ပါ..။ကိုယ်ကမှ မဟုတ်တာကြီးကို..။း)

    ReplyDelete
  13. root beer တိုင်း alcohol မပါပါဘူး.. အရင် singapore မှာ A&W ရှိတုန်းက အဲ့ဒါပဲ ရောင်းတာ.. တို့တော့ မကြိုက်.. သွားတိုက်ဆေးကို အရေဖျော်ပီး သောက်ရသလိုပဲ

    ReplyDelete
  14. အပေါ်က အနောနိမတ်ကို ကိုယ်သိတယ်။
    အဲဒါ ဘိုးတော်...

    ReplyDelete
  15. ချစ်ရီတာ လေး..
    တော်ထှာ...



    (ကဲ..ဒါရော ဘယ်သူလဲ ပြောကြည့်ပါ..)

    ReplyDelete
  16. မဖြစ်နိုင်ဘူး ဒီလေသံက ဒီအိမ်ရှင်လေသံ..
    အပေါ်က အနောနိမတ် 12.32pm

    ReplyDelete
  17. 12.32am ဟ သေချာဖတ်ပြီးလွဲသေး

    ReplyDelete
  18. သိတ်တော်တဲ့မျိုး
    (ဒါကကောဘူလဲ)

    ReplyDelete