9/22/2010

သူငယ်ချင်း

အုတ်ကြားပန်းပေါက် လေး

အရင်ကတော့ ပြုံးအတူ မဲ့အတူ
သွားအတူ လာအတူ..
စိတ်ကောက်အတူ ချော့အတူ..
ဟားတိုက်အတူ ချောက်ချအတူ..
စိတ်ဓါတ်ကျချိန်မှာ..တယောက်ကိုတယောက်အားပေးရင်း..
စိတ်ထွက်ပေါက်မဲ့ချိန်မှာ..ကေတီဗွီမှာပေါက်ကွဲပြီး....
(မူးအောင်တော့ မဟုတ် ..ခြေယိုင်ရုံတင်ပေါ့)
ရင်ခုန်သံချင်း မနီးစပ်ရင်တောင်..
ပြောမနာ ဆိုမနာ..တစ်ယောက်အပြစ် တစ်ယောက်ရှာပြီး
စကားနိုင်လုနေကျသူငယ်ချင်းတွေပေါ့..။
အခုတော့..
........................
ငါတို့တွေရဲ့ စိတ်တွေ ဝေးနေတာ ဘယ်လောက်ကြာပြီလဲ..။
ငါ အေးဆေးနေချင်တယ်.။
ငါ ရိုးရိုးသားသား တွေးချင်တယ်..။
ငါ အေးအေးချမ်းချမ်း ပြောချင်တယ်..။
ဦးနှောက်တွေအသုံးပြုရတာ ပင်ပန်းပါတယ်..။


မှတ်ချက် ။ ။ သူငယ်ချင်းအမှတ်တရတွေ အများကြီးထဲက တစ်ခုပါ။
မိဘနဲ့ အတိုက်အခံလုပ်ပြီး သူငယ်ချင်းတွေ ခင်ခဲ့ဖူးတယ်.။
နောက်တော့ မိဘကြောင့်ပဲ သူငယ်ချင်းတချို့ကို အဆက်အသွယ်ဖြတ်ခဲ့ဖူးတယ်.။
ဒီနေ့ မေးလ်တစ်စောင်ကြောင့် ကိုယ့်မှာဖြစ်နေတဲ့ ဝေဒနာ ပိုနာလာသလိုပဲ..။
မေးလ်ပို့သူအစ်မကိုတော့ တရာချလိုက်တယ်..(၁၀၀)နော်..ဟီးးဟီ။
၂၀၀ တော့ နောက်များမှပဲ..။
မျော့..။

7 comments:

  1. မေးပို့သူ ငါမဟုတ်
    အထင်လွဲမှာစိုးသောကြောင့်ကြိုရှင်းသွားသည်.
    ပုံ
    ထုံ့အစ်မ

    ReplyDelete
  2. တခါတလေ လူဆိုတာ စိတ်အဆင်မပြေတဲ့ အချိန်တွေဆိုတာ ရှိတတ်တယ် ပေါက်ရေ..၊ ဝေးနေတယ်လို့ မထင်ပါနဲ့လေ။ ဒီလောက် တယောက်စိတ် တယောက်နားလည်ခဲ့တာပဲ။ သူ့ကို နားလည်ပေးလိုက်ပါ။ မဂျူးရဲ့ ကျီစားပျက်ရယ် ဆိုတဲ့ ၀တ္ထုလေး တပုဒ်ကို ပြန်ဖတ်လိုက်ပေါ့။ အဆင်ပြေမှာပါ။
    ပုံ
    ထုံဖော် ထုံဖက် လှထုံ

    ReplyDelete
  3. အုတ်ကြားမှာပေါက်ပေမယ့် ဒီလိုလှလှပပ လန်းလန်းဆန်းဆန်းလေးတွေလည်း ပေါက်တတ်သေးတယ်ဆိုတာ သိဖို့လိုတယ်..
    (သိပ်ကြိုက် အဲ့ပန်းလေး)

    ပေါက်က အမလို့ခေါ်တာဆိုတော့ နာမဟုတ်တာလည်း သေချာသွားပြီ.. :D

    (အထုံတွေကြားထဲ ဝင်ထုံမိပြန်ပြီ)

    ReplyDelete
  4. အား)))
    ဘာမှမဟုတ်ပါဘူး ပရိတ်သတ်ကြီးခင်ဗျာ
    အနာပေါ် တုတ်ကျသွားလို့ပါ။

    ReplyDelete
  5. အဲလိုသူငယ်ချင်း ရချင်ထှာ

    ReplyDelete
  6. မဂျူး ၀တ္ထုနံမည်က ကျီစားပြက်ရယ် ပါ။ ယပင့် နဲ့ ယရစ် မှားသွားလို့ တခေါက် လာပြင်တယ်။
    ပုံ
    ထုံတကာ့ ထုံ

    ReplyDelete
  7. ထုံ့ အစ်မက ဘယ်တော့မှ မေးလ်ပို့တတ်တာမှမဟုတ်တာ..။အီးးးး..ငိုနေသံ)

    ဟုတ်တယ် မလှထုံ..။
    သာမန်သူငယ်ချင်းတောင်မဟုတ်တော့ပဲ..
    စိတ်ရောပေါင်းတဲ့သူငယ်ချင်း..အခုလို ဖြစ်တော့
    ကိုယ်က ခံစားရတယ်။
    အဲ့ဝတ္ထုမဖတ်ဖူးသေးဘူး။
    ကျေးဇူး.။

    မြိုးပြောလို့ ဒီပုံတင်ဖြစ်တာ..။


    တုတ်ကို သာသာလေးချလိုက်တာပါ.။
    သိပ်များ နာသွားလား ငှင်..။

    ဗစ်စတာ
    အခုက ရပြီးတော့ ဆုံးရှုံးရတာလေ..။


    ကျေးဇူး မလှထုံ..။
    ရှာဖတ်ရအုန်းမယ်..။


    ပေါက်

    ReplyDelete