ဒီနေ့ သောကြာ..။
အလုပ်များတဲ့နေ့..။
ညကျ ခခ သူငယ်ချင်းညီအမ၂ယောက်က ကြက်တောင်သွားရိုက်မှာ ဆိုပြီး
ခခကို လာကြွား အဲလေ လာသတင်းပေးနေတယ်..။
အိမ်နားက ပန်းခြံတစ်ခုမှာပေါ့..။
ခခကို ထည့်မလွတ်နိုင်ဘူး..။
ကိုယ်တိုင်ကလည်း အချိန် ဘယ်လိုမှ မပေးနိုင်ဘူး..။
အဓိက က ခခမှာ ရိုက်တံ မရှိဘူး..။
ခခမျက်နှာငယ်လေးနဲ့ ကျန်ရစ်တယ်..။
ဒါနဲ့.....ကိုယ်အလုပ်ပြီးရင် အားကစားပစ္စည်းအရောင်းဆိုင်မှာ လိုက်ဝယ်ပေးမယ်လို့
ချော့ပြောထားလိုက်ရတယ်..။ တကယ်တော့အလုပ်ပြီးတဲ့အချိန် အပြင်သွားချင်စိတ်
မရှိတော့ပါဘူး..။ ဒါပေမယ့် ကတိလေ ..ကတိ...ပေးမိမှတော့ တည်ရတော့မှာပေါ့..။
ဆိုင်ရောက်တော့ ရိုက်တံ သူပဲရွေးပါတယ်..။ ရွေးလိုက်တဲ့ အမျိုးအစားတွေကလည်း
ပျံနေတာပဲ..။ ရိုက်တံ တစ်ချောင်းတည်းကို အန်တီ ၉၉၉တန် တဲ့..။ ဝန်ထမ်းကောင်မလေးက
ရယ်နေတယ်...သိပ်မရွေးတတ်ရှာဘူးတဲ့ ဆိုပြီး..။ နောက်တော့ ကျနော်ပဲ ရွေးချယ်လိုက်ရတယ်။
တစ်ချောင်း ၂၀၀တန် နှစ်ဖက်ဆိုတော့ ၄၀၀ပေါ့..။ အရောင်ရွေးကြရပြန်တယ်..။ အဝါ တစ်ချောင်းပဲ
.ကျန်တယ်..။ ဘာရမလဲ...အဝါရောင် ငါယူမှာနော် လို့ အရင်ဦးထားလိုက်တယ်..ဟီးးဟီးး။
သူက အဖြူရောင်ပေါ့..။
အပြန်မှာ ဆိုင်တန်းတွေဖက်က ပတ်ပြီးပြန်တော့ လက်ကောက်ဆိုင်တွေ့တာနဲ့ မနေနိုင် မထိုင်နိုင်
၃စုံဝယ်လိုက်တယ်..(ရပ်ပြီးး) ။
ဒါကတော့ ကြုံကြွားသလိုများ ဖြစ်သွားသလား..။
18 Sep 10, 08:54 AM
ReplyDeleteုkom: ကြက်တောင်ဆိုလို့ ကြက်တောင်ပံစားစရာထင်လို့။
18 Sep 10, 08:54 AM
ုkom: လက်ကောက်တွေလဲဝယ်လာသေးတယ်။
18 Sep 10, 08:55 AM
ုkom: ရွေဝါရောင်လေးပေးပါ. ဒီက အီန္ဒယ မျိုးနွယ်.ဆိုတော့ကြိုက်တယ်။
18 Sep 10, 08:55 AM
ုkom: ကြက်တောင်တော့ရိုက်ချင်ဘူး မောတယ်
18 Sep 10, 08:56 AM
ုkom: ခလေးကိုဗိုလ်ကျတယ် သူက လျှော့ပေးမယ်စိတ်မကူးဘူး. စလုံးနဲ့ဆိုဘယ်လောက်လဲ။
18 Sep 10, 08:56 AM
ုkom: ဘလိုင်းကြီးကြွားစ်.။
တို့ကတော့အဖြူဘဲယူမယ်။
ကြက်တောင်ပံဟင်းချက်တယ်မှတ်လို့ ( ငတ်ထှာ )
ReplyDeleteလက်ကောက်ကတော့ စိတ်ဝင်စားဘူး တစ်ခုမှလည်းမရှိဘူး
လက်ရှုပ်လို့ နာရီတောင်မပတ်ဘူးအေးရော။
ပန်းခြံထဲမှာ မရိုက်နဲ့ လေတိုက်တယ်
ReplyDeleteSport Hall မှာ သွားရိုက်ပါ
Court ဘွတ်ကင် ကြိုယူဖို့ လိုကောင်းလိုမယ်
:-)
(ထို့ကြောင့် မသီတာကို ချွန်တွန်း ဟုခေါ်သည်။)
ကြက်တောင်ခေါင်းစဉ်နဲ့ လက်ကောက်တွေအရင်မြင်ရတယ်
ReplyDeleteကလေးအပေါ် ဗိုလ်ကျလိုက်တာ...ဟင်း...
pifpif
လက်ကောက်... လက်ကောက်...
ReplyDeleteမဝယ်ဖြစ်တာတောင် နဲနဲကြာသွားပြီ...
အမေတွေဆိုတာ ဒီလိုပဲ...
ကလေးတွေကို နဲနဲတော့ ဗိုက်ကျလိုက်ရမှ... (တိန်)
Game ဆော့နေရရင် Computer ရှေ့က မထချင်တဲ့ သားတော်ကို ဒီနေ့ပြောထားတယ်...
Do as I say, Don't do as I do လို့...
(စင်စင် မမမြင်ချင်ယောင် မကြားချင်ယောင် ဆောင်နေပါ... အတုခိုးမမှားစေချင်...)
ပုံနှစ်ပုံက ငယ်ငယ်တုန်းကလို မတူညီသည်များကိုရှာကြည့်ပါ လုပ်ထားတာလား..
ReplyDeleteခခက အကြီး ပေါက်ကအငယ်ဆိုတော့လည်း ဒီလိုပဲပေါ့လေ
ရွှေဝါရောင်လေးကို မိန်းမဆန်တဲ့သူငယ်ချင်းကို လက်ဆောင်ပေးလိုက်ပြီ..။
ReplyDeleteမမအတွက် ထပ်ဝယ်ပေးမယ်။
ကလေးကို ဗိုလ်ကျတာမဟုတ်ပါဘူး..။
အပေးအယူညှိနေတာပါ..။
ဗစ်စတာ နာ့မှာလက်ပတ်နာရီမရှိဘူး.။
ဒီက ပန်းခြံတွေမှာရိုက်ကြတယ်..
နေရာအကွက်လေးတွေရှိတယ်..မသီတာ။
စနေညက မိုးရွာတော့ အိမ်အောက်မှာပဲ
လူသွားစင်္ကြံမှာပဲရိုက်တယ်..။
စလိုးမိုးရှင်းလေးတွေနဲ့လေ..ဟီးး။
ကြက်တောင်ကို ဘူးလိုက်ချပြထားတယ်လေ။
မြင်အောင်မကြည့်ဘူး..ဟင်း။
ဟီးးဟီးး
မသက်ဝေ..။
ခခ ကွန်ုပြူတာကိုင်ချင်ရင် အရင်ခွင့်တောင်းရတယ်။
ကဲ..
ဘာတတ်နိုင်သေးလဲ..။
လက်ကောက်ဝယ်တာ စိတ်ထွက်ပေါက်တခုလိုပါပဲ.။
ကျနော်ကတော့ အမာစားတွေပဲဝတ်ဖြစ်နေတယ်..။
ချလွင် ချလွင်နဲ့...စည်းချက်ကျကျလေး ဖြစ်လို့။
မယ်မြိုး..
ကြည်တဲ့ပုံကိုတင်ချင်တာ ။
မှားပြီး ဝါးတာအရင်တင်မိတော့ ပျင်းပြီး
မဖြုတ်ပဲ ထားမိတာ..။
ငပြောက်ပင်းစစ်စစ်လေးပါ