cassette

ကက်ဆက်နဲ့ ပတ်သက်လို့ သိပ်နားမလည်ပါဘူး..။
ဂီတကို နားထောင်ယုံ သက်သက်သာ သိတဲ့ သူတစ်ယောက်ပါ..။
ဂီတအမျိုးအစားလဲ သိပ်ရွေးသူတစ်ယောက် မဟုတ်ပါဘူး ။
ဒါပေမယ့်လည်း မရွေးဘူးဆိုလည်း မဟုတ်ပြန်ဘူး..။ ရွေးတယ်လို့ပြောရအောင်လည်း
မရွေးပြန်ဘူး..။
ကက်ဆက်ဆိုရင် ငယ်တုန်းက အဖေ့ဝယ်ပေးတဲ့ ဟီတာချီလေးကနေ စရင်းနှီးခဲ့တာပါ။
နောက်တော့ အခိုးခံရပါတယ်..။ အခိုးခံရပြီးနောက် အဖေက ချက်ချင်း မဝယ်သေးပါဘူး..။
နောက်တော့ ကက်ဆက် တစ်လုံးထပ်ဝယ်ပေးပါတယ်..။ မြန်မာအခွေ၂ခွေ ၃ခွေလောက်လဲ
ဝယ်ပေးပါတယ် ။ ကျန်တာ အဖေ့အကြိုက်တိပ်ခွေချည်းပါပဲ ..။
နောက်တော့ ကံကောင်းစွာနဲ့ ကင်န်ဝူးဒ် တစ်လုံးမဲပေါက်ဖူးပါတယ်..။ စီဒီပလေယာ ပါပါတယ် ။
အိမ်ကနေထွက်လာပြီး နေရာသစ်မှာလည်း ကက်ဆက်နဲ့ မပြတ်ခဲ့ပါဘူး..။ နောက် ကွန်ပြူတာ
နဲ့ ထိတွေ့ပြီးတဲ့နောက်မှာ ကက်ဆက်ကို မေ့ပျောက်လာတယ်..။လုံးလုံးလျားလျားကို မေ့ပြစ်လိုက်တယ်.။
ဒါပေမယ့် ကက်ဆက်ကို သံယောဇဉ်ရှိသူတစ်ဦးနဲ့ ဆုံမိချိန်မှာ ကက်ဆက်ရဲ့
စေတနာတွေ အရေးပါပုံတွေ သိလာတယ်..။( မြင်တော့ မမြင်သေးဘူး..ဟားဟား)

မနေ့ညက စကားဝိုင်းမှာ ကက်ဆက်အကြောင်း AM/FMအကြောင်းဆွေးနွေးမိကြပါတယ်။
အရင်တုန်းက ထိတွေ့ဖူးတဲ့ ဆိုနီကက်ဆက်လေးအကြောင်း ပြောမိပါသေးတယ်..။
ထူးထူးဆန်းဆန်း ဒီနေ့နေ့လည်မှာ အဲ့ဒီကက်ဆက်ပိုင်ရှင်က အသိတစ်ယောက်နဲ့
အိမ်တိုင်ယာရောက် ပို့ပေးပါတယ်..။ ရယ်ချင်သွားပါတယ် ။
ဒီကက်ဆက်နဲ့ ကျနော်နဲ့ ကံစပ်တယ်ပြောရမှာပေါ့ ။ ဟားဟား ..။
ဒီကက်ဆက်မှာ ရေဒီယိုရဲ့ ဧရိယာတိုင်ကျိုးသွားလို့ သံချောင်းရှည်တစ်ချောင်းကို
အစားထိုးထား နားထောင်နေရပါတယ်..။

4 comments:

လိမ္မော်သီးရဲ့ ကက်ဆက်တရားကို နာထားတဲ့သူချင် အတူတူ။ :D

try to get some nice original cassette tapes, clean up the head really good and you can enjoy how smooth and musical is that, compare to mp3 things.

ဒီကက်ဆက်မှာ ရေဒီယိုရဲ့ ဧရိယာတိုင်ကျိုးသွားလို့ သံချောင်းရှည်တစ်ချောင်းကို
အစားထိုးထား နားထောင်နေရပါတယ်..။ ဆိုတော့ ရေဒီယို ကက်ဆက်ပေါ့နော် ပေါက်။ ကက်ဆက်နဲ့ နားထောင်ရတဲ့ တိပ်ခွေတွေကော ပေါ်သေးရဲ့ လားဟင်။ တို့ တော့ ကက်ဆက်အကြောင်း ဒီလောက်မသိပါဘူး။

ကိုဇက်တီရော ကက်ဆက်လိုက်ရှာနေပြီလား..။

အခုလောလောဆယ်တော့ ဘယ်ကနေမှ ရှာလို့ရမှာမဟုတ်ဘူး..လိမ္မော်သီးရဲ့..။
မြန်မာပြန်မှပဲ ရတော့မယ် ထင်တယ်..။
သူပြောမှပဲ ခုချက်ချင်းတောင် နားထောင်ချင်စိတ်ပေါက်လာပြီ..။


မယုဝရီ..
Anonymous က ကက်ဆက်တရားဟောခဲ့ပေးလို့
အခု ကျနော်တို့မှာလဲ ကက်ဆက်ရူး ရူးနေရတယ်..။
ကျနော်လဲ ကက်ဆက်အကြောင်း မသိပါဘူးး။