8/23/2010

ဒေါ်ဆယ် (ခ) တိုရှည်(ခ) ဒိုဆာ

ဒီပုံကို
ညက တင်မရလို့..အခုမှ တင်လိုက်ရပါတယ်..။
အရိပ်ထင်နေသူ ဘယ်သူလဲ ဆိုတာ ပြောဖို့လိုမယ် မထင်ပါ။




ဒေါ်ဆယ် (ခ)တိုရှည်
ကျတ်တနီး (အတို့) ၃မျိုးနဲ့စားခဲ့ရတယ်..။
အတို့မျိုးစုံနဲ့ရပါတယ်..ဒါပေမယ့် အရိုးဆုံးနဲ့ပဲစားခဲ့တယ်..။
သူတို့ဆီက ၂ကျပ်ကျော်လောက်ဖြစ်မယ်..။
လမ်းလျှောက်သွားစားရတာနဲ့တန်အောင်
၂ပွဲစားခဲ့တယ်..။


မုန့်တိုဇံလည်း စားခဲ့သေးတယ်.။
သူတို့မုန့်တိုဇံက အညိုရောင်လေး..။
မြန်မာပြည်က အဖြူရောင်လေး..။
မြန်မာမှာဆိုရင် ရန်ကုန်မှာ ပိုပေါတယ် ထင်တယ်..။
လမ်းဘေးမှာ ညနေဆို ရတတ်ပြီ..။
ကျနော်တိြု့မို့မှာတော့ မနက်ပိုင်းဆို..
ကိုရာဂျူးဆိုတဲ့ အစ်မတဖြစ်လဲ အစ်ကိုကြီးတစ်ယောက်
ခေါင်းပေါ်ရွတ်ပြီး လည်ရောင်းပါတယ်..။
သီရိလင်္ကာဆိုင်လေးဆီသွားတဲ့လမ်းတစ်လျှောက်
လမ်းဘေးမှာ အုတ်ခုံလေးတွေနဲ့ စိုက်ထားတဲ့ပန်းခင်းလေးတွေ..။



11 comments:

  1. ဒေါ်ဆယ်လား..ဒိုဆာလား တိုရှည်လား..ဘာခေါ်ခေါ်.. ကြိုက်တယ်......ချန်ထားနော်။
    mm

    ReplyDelete
  2. မုန့်တိုဇံရှိမှန်းမေ့နေတာ
ုငယ်ငယ်က အဒေါ်နဲ့ ခဏခဏ စားခဲ့တယ်

    စူးနွယ်လေး

    ReplyDelete
  3. kom likes that food a lot also as far as i know.

    kymco

    ReplyDelete
  4. အဲဒီမုန့်တွေ မကြိုက်လို့ ပန်းကလေးပဲ ကြည့်သွားတယ်...း))

    ReplyDelete
  5. ဒေါ်ဆယ်ရောင်းတဲ့ တိုရှည်လို့ထင်နေတာ (ခ) ကို @ လို့ပဲမြင်နေတယ် ဒုက္ခ

    ပန်းပဲကြိုက်တယ် စိုနေတာပဲ

    ReplyDelete
  6. ကြီးမားလိုက်တဲ့ တိုရှည်ဆိုတာ

    ReplyDelete
  7. သူက မုန့်သား နဲနဲချဉ်လို့ ပူရီကို ပိုကြိုက်တယ်....

    ReplyDelete
  8. အမ်အမ်သတိပေးလို့..
    ဟုတ်သားပဲ သူတို့က ဒိုဆာလို့ခေါ်တာ..
    ပြင်လိုက်တယ်..။နော်..။


    ဒေါ်ဆယ်က ဆန်မှုန့်နဲ့လုပ်တာပါ..။
    ပူရီက ဂျုံမှုန့်နဲ့ လုပ်တာပါ။..မချစ်ကြည်.။

    ReplyDelete
  9. ဒီက ရေမုန့်ကို သတိယတုန်းရှိသေး သူက နောက်တမျိုးထုတ်လာပြန်ပြီ ;)

    ReplyDelete
  10. paper dosai.. မစားရတာ ကြာပြီ၊ စားဖြစ်အောင် သွားစားဦးမယ်
    :P

    ReplyDelete
  11. ဒေါ်ဆယ်ရဲ့ တိုရှည်ကို ငေးသွား ပါတယ် ဒီမှာ ရှိဘူး....

    ReplyDelete