လက်ကောက်

ငယ်တုန်းက အမေတို့ ပြော ပြောနေတဲ့ ရွှေတံတောင်ဆစ်အိမ်က..ဘာညာ..ဘာညာဆိုပြီး
ကြားဖူးနေပါတယ်..။ စိတ်ထဲကနေတော့ တွေးနေမိတယ်..ရွှေကိုတံတောင်ဆစ်ထိဝတ်ပြီး
လက် သယ်နိုင်ရဲ့လားလို့..။
နောက်ပိုင်း အမေနဲ့ ခင်တဲ့ပွဲရုံအိမ်က အန်တီတွေ ရွှေကို ဦးခေါင်းညွှတ်နေအောင် ဆွဲထားတာရယ်..
လက်ကောက်ကို တံတောင်ဆစ်ထိဝတ်ထားတတ်တာကို မျက်မြင်ကိုယ်တွေ့ ။
အမေကြီး (အဖွား)ကလည်း ရွှေဘီးကြီးနဲ့..။ အန်တီတို့ကလည်း ရွှေကလစ်ကြီးနဲ့..။
နောက်ပိုင်း..
ကျနော် အပြင်ရောက်ပြီး အိမ်ပြန်တိုင်း အဲဒီအိမ်က အန်တီက (X..)ရယ်..လယ်ပင်းကလဲ
ဟောင်းလောင်းကြီး..နားပေါက်ကလဲ ဟောင်းလောင်းကြီးနဲ့ဆိုပြီး အမြဲဆူပါတယ်..။
ငယ်ကတည်း ရွှေဝတ်လေ့မရှိခဲ့ပါဘူး...။
အခုဆို ပိုဆိုးပေါ့..။ ရွှေဈေးတွေ မတရားတက်နေတာကို..။ဟီးး



ဘယ်ဖက်ဘေးစွန်းက အမေ့သူငယ်ချင်းက လက်ဆောင်ပေးထားတာပါ..
ဘော် နဲ့လုပ်တယ်ပြောတာပဲ..။
အမေ့မှာလည်း ဆင်တူ တစ်ကွင်းရှိပါတယ်..။
အလယ်ကအနက်ရောင် ၆ကွင်းတွဲကAccessorizeက..။
အန်တီ ၂၉၀ လားမသိ ။
ညာဖက်ဘေးစွန်းက အလုပ်နဲ့ နားကဝယ်လာပါတယ်..။
အန်တီ၃၈၀ ။သူလေး ဈေးအနည်းငယ်ကြီးသွား။


ဟိုတလော လဒ ဖက်သွားတုန်းက ဝယ်ခဲ့တဲ့လက်ကောက်လေး အရောင်ပြောင်းသွားလို့
လွှတ်ပစ်လိုက်ရပါတယ်....။အဲ့လက်ကောက်လေးကိုလဲ သံယောဇဉ်ရှိသား..။
လှရှာတယ်...သူလေးကလဲ ။ တဆက်တည်းကို ၈ကွင်းလား ၉ကွင်းလားမသိ ပါပါတယ်..။
ပစ်မိတာ မှားပြီ..။မဟုတ် ပို့စ်ထဲ ထည့်ပြလို့ရတယ်...ဟားဟား..။



မှတ်ချက် ။ ။ လက်ကောက်ပြီးရင် နားကပ် လာပါမယ်...မြော့..။
အင်ကျီဝတ်စား မဝယ်ဝတ်ပေမယ့် လက်ကောက်နားကပ်တော့ အမြဲဝယ်ဖြစ်ပါ့။
ဈေးပေါတာပဲ ဝယ်နိုင်တာပါ..။

13 comments:

tag post လေးလုပ်လိုက်ရ.
တိုင်ဝမ်က အဆိုတော်လုပ်တာနဲ့။

ပေါက် လက်ကောက်လေးတွေက ချစ်စရာ...
ကိုယ်လဲ လက်ကောက်ကြိုက်တယ်... အမြဲတမ်းလဲ ဝတ်ဖြစ်တယ်... ဒါပေမယ့် အဲလို အမာတွေတော့ မဟုတ်ဖူး။ အများဆုံး ဝယ်ဖြစ် ဝတ်ဖြစ်တာကတော့ Accessorize က Fancy Chain အပျော့တွေ...း))

နားကပ်ကတော့ မကြိုက်... နားပေါက်လဲ မဖေါက်...

သူလည်း ကြွားတတ်လာပြီ
(ဘလော့ဂါပီသလာပြီဆိုတဲ့ သဘော)

မမကို အရင်တက်ဂ်မယ်..
ပြီး မသက်ဝေ..

မသက်ဝေ..
ကျနော်က မိန်းမဆန်တာ သိပ်မကြိုက်ဘူး..
တက်ဂ်ထားတယ်နော်..
ရေးချင်စိတ်ရှိမှရေးပါ..။


မယ်မြိုး..
နာက နဂိုကတည်းက ငကြွားလေ..
ခုမှ သိတယ်ပေါ့..
ဟီးးဟီ



ပေါက်

အန်တီ ၂၉၀ အန်တီ၃၈၀ တို့ ကဘာတွေလဲ(X..) ရဲ့....။

လက်ကောက်ပြမှ တစ်ခုခုရမယ်ဆို ရမှာကိုမဟုတ် ..လက်ကောင်နဲ့ တူတာဆိုလို မူးလို့ တောင်ရူစရာမရှိ သွားဝယ်အုံးမှပါ ။။

NT ထိုင်ဝမ်ငွေကိုပြောတာပါ..။
vistaသွားဝယ်တော့မှာလား..
နာ့အတွက်ပါ ရွေးခဲ့ပါ..။



ပေါက်

ပထမအကြိမ်လာလည်ပါတယ်။လာလည်ရင်းလည်း
ငေးသွားပါတယ်..

ခင်မင်စွာ
သဒ္ဓါ

အန်တီနဲ့စလုံးကို conversion လုပ်ပြပါ. သိချင်ယောင်ဆောင်ြီပီးဖတ်သွားတာ. ဈေးသိတ်မကြီးဘူလို့ဘဲမှတ်ထားလိုက်တယ်

xxထုံ

guess ကြည့်ပေါ့.။ ဘယ်သူလဲလို့။

ပေါက် .. လက်ကောက်လေးတွေက အကွင်းအကြီးကြီးလိုပဲ :)
အဲလို အမာလေးတွေကလဲ ၀တ်လိုက်ရင် အဆန်းဖြစ်နေမှာပဲ .. လှမှာ ..

လက်ကောက်က မဝတ်ဖြစ်တော့ မကြိုက်သလိုဖြစ် နေတယ်.... နားကပ်ကြိုက်တယ်... မျှော်နေမယ်

လဒကတဲ့
ဟတ်ဟတ်

အမှတ်တရ သိမ်းထားတာ ဟုတ်ဘူး
အမှတ်တရ ဖြစ်စရာလေးတွေ ရှိတယ်လေ

အိတ်စ်ယောင်းစ်