I'm not missing you..(song)



စာသားပါတာပါ ထည့်ပေးလိုက်တယ်။
2007..2006 လောက်က ထွက်တာ ထင်တယ်။
မေ့ပြီ။

စစ်ပွဲ

အပြောင်းအလွှဲတစ်ခုကြောင့် အပြောင်းအလဲ ဖြစ်ခဲ့တယ်..။
နေ့စဉ် နေ့တိုင်း တိုက်ပွဲတစ်ခုလို အသင့်ပြင်အနေအထားနဲ့ နေနေရတယ်..။
ဒါ...ကိုယ်ရွေးချယ်ခဲ့တာပဲလေ....။
ခြုံခို တိုက်မဲ့သူရှိလိမ့်မယ်..။
စစ်ကြေငြာသူရှိလိမ့်မယ်..။
တခြားအုပ်စုတွေနဲ့ ပူးပေါင်းပြီး တိုက်မဲ့သူ ရှိလိမ့်မယ်..။
ဘယ်နေ့ ကျဆုံးမလဲ စောင့်ကြည့်သူရှိလိမ့်မယ်..။
ဒါပေမယ့်..
ကိုယ်ကလည်း ခေသူမဟုတ်ပါဘူး..။
ကိုယ့်ကို လာတိုက်ရင်..
ကိုယ့်ဆီ လာ စစ်ကြေငြာရင်...
.............
....................
ခြေထောက်ဖက် တောင်းပန်လိုက်မယ်..။
အသက်ချမ်းသာခွင့်ပေးပါ............လို့။ ဟီးဟီး..။IMBooster

ကစားကွင်းသို့ တစ်ခေါက်

legolandကို သွားတဲ့လမ်းဘေးမှာ တွေ့ရတဲ့ ချယ်ရီ..။
သူတို့ဆီမှာ ချယ်ရီတွေ လက်ညိုးထိုးမလွှဲ..။
ရပ်ကွက်ထဲမှာလည်း ချယ်ရီပင်တန်းနဲ့..။

အဲဒီနေ့က တိမ်ကင်းစင်နေတယ်..။ပြာနှမ်းနေတာပဲ ကောင်းကင်က..။
မုဒ်ဦးကို ရိုက်ခဲ့တယ်..။ ခခပုံကြီး ပြူးတူးပြဲတဲကြီးမို့ မတင်တော့တာ..။

တချို့ကလေးမိဘတွေ အတူတကွ ..။
ခခအုပ်ထိန်းသူများ ယောင်လို့တောင် စိတ်မကူးမိပေါင်။
နတ်မြင်းပျံစီးကြပါအုန်းလား..။

ဒီရဟတ်လဲ မလွတ်စေရ..။ညောင်းလွန်းတော့ ဝေးဝေးကသာ မှန်းရိုက်ပါသည်။

ပင်လယ်ဓါးပြလှေကြီး ..။ ဟိုယိမ်း ဒီယိုင်နဲ့ သူမို့ စီးချင်တယ်..။
တန်းစီရတာကိုက တမေ့တမော..။

ဗိုက်ဆာတာ မခံနိုင်တော့ဘူး..။
မှတ်မိသလောက် ပုဇွန်ထမင်းကြော်ပါသွားသလိုပဲ..။
ဒါလည်း မခံနိုင်ဘူး..လျှောက်ရတာကိုး..။

ketchup.. mayonnaise..စားနေတုန်း အရှိန်မပျက်ရလေအောင်..ပိုယူထား။

စားမကောင်းတဲ့ ဘာဂါ..။
ရွှေကျင်ကြအုန်းမလား..

အကြိတ်အနယ် ရှာကြ..ကျင်ကြ..။
ဟော..သူလေးက ရွှေပြားကြီးတစ်ပြားတောင် ရသွားသတဲ့.။
tattooထိုးကြအုန်းမလားးး..။

သူထိုးချင်တဲ့ပုံ မရှိလေတော့ မြင်းခေါင်းလေးနဲ့ပဲ ဖြေသိမ့်လိုက်ရတယ်..။
၁ပတ်လောက်ခံတယ် ထင်တယ်..။

ဒီရဲတိုက်ကြီးထဲမှာ ဘာရှိမလဲလို့..ယောင်တောင်ပေါင်တောင်လိုက်သွားမိတယ်..။
တန်းစီမိတယ်..။ လိုက်တန်းစီတဲ့ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိတယ်..။
တန်းစီရာရဲ့ အဆုံး မှောင်ကြီး မည်းကြီးထဲမှာ ဝန်ထမ်းကောင်မလေးက ၂ယောက်လားလို့
မေးတာ..အင်း..နှစ်ယောက်ပါလို့ ပြန်ဖြေတဲ့အချိန်မှာကို အန္တရာယ်မရှိဘူးလို့ ယုံကြည်နေဆဲ..။
တဖြည်းဖြည်းနဲ့ အောက်ပုံပါ အရုပ်တွေ ဘာညာ လုပ်ထားတာ ကို ရထားလေးပေါ်တင်ပြီး
ခေါ်ပြတယ်ပဲ ရိုးရိုးသားသား ထင်မိခဲ့တာ..။ ပြသထားတဲ့ အရုပ်တွေရဲ့ အဆုံးမှာ..အရှိန်နဲ့
မောင်းထွက်လိုက်တော့ သိလိုက်ပါပြီ..။ကိုယ်မှားပြီဆိုတာ..။ ခခရဲ့ အင်္ကျီ..လက်..မျက်နှာ
မျက်မှန် ရရာ အကုန်စွဲထားတော့တာ..။ပြီးတော့ အသားကုန်အော်ဟစ်သေးတယ်..။

ကားမောင်းသင်တန်းတဲ့..။ ကားတိုက်သင်တန်းဆို တော်သေး..။

မော်တော်စီးသေးတယ်..သူ့အမျိုးနဲ့..။

ဒါနောက်ဆုံးကစားတာပဲ..။
တဝှီးဝှီးနဲ့..ရေကစင်သေး...ခေါင်းကမူးသေး..သူမို့ ကြိုက်တယ်။
အမှန်က ..သူကစားတာတွေရှိသေးတယ်..။လိုက်မရိုက်နိုင်တာရယ်..ညောင်းတာရယ်ကြောင့်။
အမှတ်တရလေးတွေ..။

ဒေါ်ဆယ် (ခ) တိုရှည်(ခ) ဒိုဆာ

ဒီပုံကို
ညက တင်မရလို့..အခုမှ တင်လိုက်ရပါတယ်..။
အရိပ်ထင်နေသူ ဘယ်သူလဲ ဆိုတာ ပြောဖို့လိုမယ် မထင်ပါ။




ဒေါ်ဆယ် (ခ)တိုရှည်
ကျတ်တနီး (အတို့) ၃မျိုးနဲ့စားခဲ့ရတယ်..။
အတို့မျိုးစုံနဲ့ရပါတယ်..ဒါပေမယ့် အရိုးဆုံးနဲ့ပဲစားခဲ့တယ်..။
သူတို့ဆီက ၂ကျပ်ကျော်လောက်ဖြစ်မယ်..။
လမ်းလျှောက်သွားစားရတာနဲ့တန်အောင်
၂ပွဲစားခဲ့တယ်..။


မုန့်တိုဇံလည်း စားခဲ့သေးတယ်.။
သူတို့မုန့်တိုဇံက အညိုရောင်လေး..။
မြန်မာပြည်က အဖြူရောင်လေး..။
မြန်မာမှာဆိုရင် ရန်ကုန်မှာ ပိုပေါတယ် ထင်တယ်..။
လမ်းဘေးမှာ ညနေဆို ရတတ်ပြီ..။
ကျနော်တိြု့မို့မှာတော့ မနက်ပိုင်းဆို..
ကိုရာဂျူးဆိုတဲ့ အစ်မတဖြစ်လဲ အစ်ကိုကြီးတစ်ယောက်
ခေါင်းပေါ်ရွတ်ပြီး လည်ရောင်းပါတယ်..။
သီရိလင်္ကာဆိုင်လေးဆီသွားတဲ့လမ်းတစ်လျှောက်
လမ်းဘေးမှာ အုတ်ခုံလေးတွေနဲ့ စိုက်ထားတဲ့ပန်းခင်းလေးတွေ..။



အခိုက်အတန့်

ဘဝမှာ အခိုက်အတန့်တွေ အများကြီးနဲ့ ကြုံဆုံခဲ့ရပါတယ်..။
တမင် လုပ်ယူရတဲ့အခိုက်အတန့်လေးတွေ..။
မမျှော်လင့်ပဲ ကြုံဆုံလိုက်ရတဲ့ အခိုက်အတန့်လေးတွေ ...။
မထင်မှတ်တဲ့ အခိုက်အတန့်လေးတွေ......။
ပထမ အခိုက်အတန့်ကတော့ ၁နှစ်လောက်ကြာခဲ့တာပေါ့..။
ဖြတ်သန်းနေချိန်မှာတော့ အားငယ်ရ...ဝမ်းနည်းရ....ကြည်နှူးရ..ပျော်ရွှင်ရ...လမ်းခွဲရ...အိမ်ပြန်ရ..။

ဒုတိယအခိုက်အတန့်ဟာ့ ကျနော် မဖြတ်သန်းချင်တဲ့ အခိုက်အတန့်..။
ရှောင်လွှဲလို့မရတဲ့ အခိုက်အတန့် ပါ..။ အခုအချိန်ထိလည်း အမှတ်ရနေဆဲ အခိုက်အတန့်လေးတစ်ခု..။
အပေးအယူမရှိတဲ့ အခိုက်အတန့်..။
အေးချမ်းခဲ့တဲ့ အခိုက်အတန့်...။
စိတ်လွတ်ကိုယ်လွတ် အခိုက်အတန့်..။
ပူပင်စရာတွေ မရှိတဲ့ အခိုက်အတန့်...။
ကြေကွဲစရာ..
အားငယ်စရာ..
မုန်းတီးဖွယ်ရာ..
ကြောက်မက်ဖွယ်ရာ..အခိုက်အတန့်...။
မာန်လုပ်ယူရတဲ့ အခိုက်အတန့်..။
အားတင်းရတဲ့ အခိုက်အတန့်..။


နောက်အခိုက်အတန့်
..........................
.............
...................


နောက်တစ်ခုက..
ကိုယ့်အမျိုးလေးတွေနဲ့ဆုံနေခွင့်ရတဲ့ အခိုက်အတန့်လေးတွေ..။
စိတ်ပူရ..
အော်ဟစ်ရ...
ပြုံးပျော်ရ...
စိတ်ညစ်ရ...
ကြည်နှူးရတဲ့ ...အခိုက်အတန့်လေးတစ်ခုပေါ့..။
ချစ်ညီမလေးတွေနဲ့လဲ ဆုံခွင့်ရတဲ့ အခိုက်အတန့်လေး..။



နောက်..နောက်ဆုံး အခိုက်အတန့်...။
ဖြတ်ကျော်နေဆဲ....
................
......
......................
.............
...........................။


တကယ်တော့..
ကျနော်တို့ဟာ အခိုက်အတန့် လာလည်တာ သက်သက်ပါ..။

ကျနော်လည်း အခိုက်အတန့် တစ်ခုမှာပဲ..
အခိုက်အတန့် တစ်ခုမှာပေါ့...
ဘယ်လောက်ကြာကြာရပ်တည်နိုင်မှာလဲ ဆိုတာ..
စမ်းသပ်နေဆဲ..
ဖြတ်ကျော်နေဆဲ..

အခိုက်အတန့်တစ်ခုမှာ..
အခိုက်အတန့်နေသူ..
အခိုက်အတန့်ပေါ့..
အခိုက်အတန့်..





မှတ်ချက် ။။ ။။ မမရေးတဲ့ အခိုက်အတန့်စကားလုံးကို ခံစားမိပြီး ရေးဖြစ်တာပါ..။
ပိတ်သက်တစ်ဦးတောင်းဆိုချက်အရ ထည့်သွင်းဖေါ်ပြလိုက်ပါတယ်..။

လက်ကောက်

ငယ်တုန်းက အမေတို့ ပြော ပြောနေတဲ့ ရွှေတံတောင်ဆစ်အိမ်က..ဘာညာ..ဘာညာဆိုပြီး
ကြားဖူးနေပါတယ်..။ စိတ်ထဲကနေတော့ တွေးနေမိတယ်..ရွှေကိုတံတောင်ဆစ်ထိဝတ်ပြီး
လက် သယ်နိုင်ရဲ့လားလို့..။
နောက်ပိုင်း အမေနဲ့ ခင်တဲ့ပွဲရုံအိမ်က အန်တီတွေ ရွှေကို ဦးခေါင်းညွှတ်နေအောင် ဆွဲထားတာရယ်..
လက်ကောက်ကို တံတောင်ဆစ်ထိဝတ်ထားတတ်တာကို မျက်မြင်ကိုယ်တွေ့ ။
အမေကြီး (အဖွား)ကလည်း ရွှေဘီးကြီးနဲ့..။ အန်တီတို့ကလည်း ရွှေကလစ်ကြီးနဲ့..။
နောက်ပိုင်း..
ကျနော် အပြင်ရောက်ပြီး အိမ်ပြန်တိုင်း အဲဒီအိမ်က အန်တီက (X..)ရယ်..လယ်ပင်းကလဲ
ဟောင်းလောင်းကြီး..နားပေါက်ကလဲ ဟောင်းလောင်းကြီးနဲ့ဆိုပြီး အမြဲဆူပါတယ်..။
ငယ်ကတည်း ရွှေဝတ်လေ့မရှိခဲ့ပါဘူး...။
အခုဆို ပိုဆိုးပေါ့..။ ရွှေဈေးတွေ မတရားတက်နေတာကို..။ဟီးး



ဘယ်ဖက်ဘေးစွန်းက အမေ့သူငယ်ချင်းက လက်ဆောင်ပေးထားတာပါ..
ဘော် နဲ့လုပ်တယ်ပြောတာပဲ..။
အမေ့မှာလည်း ဆင်တူ တစ်ကွင်းရှိပါတယ်..။
အလယ်ကအနက်ရောင် ၆ကွင်းတွဲကAccessorizeက..။
အန်တီ ၂၉၀ လားမသိ ။
ညာဖက်ဘေးစွန်းက အလုပ်နဲ့ နားကဝယ်လာပါတယ်..။
အန်တီ၃၈၀ ။သူလေး ဈေးအနည်းငယ်ကြီးသွား။


ဟိုတလော လဒ ဖက်သွားတုန်းက ဝယ်ခဲ့တဲ့လက်ကောက်လေး အရောင်ပြောင်းသွားလို့
လွှတ်ပစ်လိုက်ရပါတယ်....။အဲ့လက်ကောက်လေးကိုလဲ သံယောဇဉ်ရှိသား..။
လှရှာတယ်...သူလေးကလဲ ။ တဆက်တည်းကို ၈ကွင်းလား ၉ကွင်းလားမသိ ပါပါတယ်..။
ပစ်မိတာ မှားပြီ..။မဟုတ် ပို့စ်ထဲ ထည့်ပြလို့ရတယ်...ဟားဟား..။



မှတ်ချက် ။ ။ လက်ကောက်ပြီးရင် နားကပ် လာပါမယ်...မြော့..။
အင်ကျီဝတ်စား မဝယ်ဝတ်ပေမယ့် လက်ကောက်နားကပ်တော့ အမြဲဝယ်ဖြစ်ပါ့။
ဈေးပေါတာပဲ ဝယ်နိုင်တာပါ..။

cassette

ကက်ဆက်နဲ့ ပတ်သက်လို့ သိပ်နားမလည်ပါဘူး..။
ဂီတကို နားထောင်ယုံ သက်သက်သာ သိတဲ့ သူတစ်ယောက်ပါ..။
ဂီတအမျိုးအစားလဲ သိပ်ရွေးသူတစ်ယောက် မဟုတ်ပါဘူး ။
ဒါပေမယ့်လည်း မရွေးဘူးဆိုလည်း မဟုတ်ပြန်ဘူး..။ ရွေးတယ်လို့ပြောရအောင်လည်း
မရွေးပြန်ဘူး..။
ကက်ဆက်ဆိုရင် ငယ်တုန်းက အဖေ့ဝယ်ပေးတဲ့ ဟီတာချီလေးကနေ စရင်းနှီးခဲ့တာပါ။
နောက်တော့ အခိုးခံရပါတယ်..။ အခိုးခံရပြီးနောက် အဖေက ချက်ချင်း မဝယ်သေးပါဘူး..။
နောက်တော့ ကက်ဆက် တစ်လုံးထပ်ဝယ်ပေးပါတယ်..။ မြန်မာအခွေ၂ခွေ ၃ခွေလောက်လဲ
ဝယ်ပေးပါတယ် ။ ကျန်တာ အဖေ့အကြိုက်တိပ်ခွေချည်းပါပဲ ..။
နောက်တော့ ကံကောင်းစွာနဲ့ ကင်န်ဝူးဒ် တစ်လုံးမဲပေါက်ဖူးပါတယ်..။ စီဒီပလေယာ ပါပါတယ် ။
အိမ်ကနေထွက်လာပြီး နေရာသစ်မှာလည်း ကက်ဆက်နဲ့ မပြတ်ခဲ့ပါဘူး..။ နောက် ကွန်ပြူတာ
နဲ့ ထိတွေ့ပြီးတဲ့နောက်မှာ ကက်ဆက်ကို မေ့ပျောက်လာတယ်..။လုံးလုံးလျားလျားကို မေ့ပြစ်လိုက်တယ်.။
ဒါပေမယ့် ကက်ဆက်ကို သံယောဇဉ်ရှိသူတစ်ဦးနဲ့ ဆုံမိချိန်မှာ ကက်ဆက်ရဲ့
စေတနာတွေ အရေးပါပုံတွေ သိလာတယ်..။( မြင်တော့ မမြင်သေးဘူး..ဟားဟား)

မနေ့ညက စကားဝိုင်းမှာ ကက်ဆက်အကြောင်း AM/FMအကြောင်းဆွေးနွေးမိကြပါတယ်။
အရင်တုန်းက ထိတွေ့ဖူးတဲ့ ဆိုနီကက်ဆက်လေးအကြောင်း ပြောမိပါသေးတယ်..။
ထူးထူးဆန်းဆန်း ဒီနေ့နေ့လည်မှာ အဲ့ဒီကက်ဆက်ပိုင်ရှင်က အသိတစ်ယောက်နဲ့
အိမ်တိုင်ယာရောက် ပို့ပေးပါတယ်..။ ရယ်ချင်သွားပါတယ် ။
ဒီကက်ဆက်နဲ့ ကျနော်နဲ့ ကံစပ်တယ်ပြောရမှာပေါ့ ။ ဟားဟား ..။
ဒီကက်ဆက်မှာ ရေဒီယိုရဲ့ ဧရိယာတိုင်ကျိုးသွားလို့ သံချောင်းရှည်တစ်ချောင်းကို
အစားထိုးထား နားထောင်နေရပါတယ်..။

၇ရက် ၇လ အထိမ်းအမှတ်


တရုတ် ရိုးရာ ချစ်သူများနေ့ (တရုတ်ပြက္ခတိန် ၇လ၇ရက်)
မနေ့ညက အပြင်သွားတော့ ကဒ်တွေရွေးနေကြတာတွေ့လို့
မနေနိုင် မထိုင်နိုင် ဝင်ရွေးမိပါတယ်..။
ဘယ်သူ့ကို ပေးမလို့ မဟုတ်ပါဘူး..။
ကိုယ့်ကိုယ်ကို ပေးမလို့ပါ ။
(မရယ်ပါနဲ့ အတည်ပြောနေတာပါ)
ငယ်ငယ်က ကဒ်လှလှလေးတွေပေးတတ်တဲ့
သူငယ်ချင်းကို သတိရမိတယ်..။
ကျနော် နိုင်ငံခြားထွက်လာတဲ့အထိ ပို့ပေးတတ်ပါတယ်..။
နောက်ဆုံး သူ့မင်္ဂလာဆောင်အလှပုံတွေ ကန်တော်ကြီးမှာ
သွားရိုက်လာတာပို့ပြီး ထပ်မပို့ပေးတော့ပါဘူး..။
(အခု ကလေး ၂ယောက်ရှိပြီဆိုတော့
အချိန်မပေးနိုင်တော့ဘူးထင်ပါတယ်)





ဒါက ခင်ရတဲ့ အစ်မတစ်ယောက်က
ချစ်သူများနေ့အထိမ်းအမှတ်ကိတ် ဆိုပြီး
လာပို့ပေးပါတယ် ။
ဆာနေတာနဲ့ အတော်ပဲ ။
ချစ်သူများနေ့မှာ ချစ်သူတိုင်း ပျော်ရွှင်ပါစေ..
ဘာညာဆိုပြီးတော့လဲ မပြောချင်ဘူး..။
ဟီးဟီး..။






မှတ်ချက် ။။ ။။ ဒိပုံတွေ ဖုန်းနဲ့ ရိုက်တာမို့ တင်နိုင်တာပါ..။
ဒီနေ့ အထိမ်းအမှတ်အတွက်လဲ ပါတာပေါ့ ။
ဆိုနီ မနက်ဖန် တင်ပါ့မယ်..။


ငါလေ.....မောတယ်

လောကကြီးရဲ့ လှည့်ကွက်များ..
ကျောင်းသားသစ်တစ်ယောက် အတွက် သိပ်ခက်ခဲ....
အဖြေမှန်ကို ရှာနိုင်မယ် ..မင်း ထင်နေသလား..
ရိုးသားသေးလား..
ဒါဆို..မင်း မသိနိုင်ဘူး...။

ငါလေ မောတယ်..(မောတယ်..)
ငါဟာ ဘဝရဲ့ အဓိပါယ် လိုက်ရှာနေတယ်...
ငါလေ မောတယ်..(မောတယ်..)
အဖြေဟာ နီးနီးလေးနဲ့ ဝေးနေသလားကွာ..


လူ့ဘဝရဲ့လက်တွေ့ ကျောင်းတော်ကြီး..
ရက်စက်တဲ့ လှည့်ကွက် သိပ်ကိုများ..
အဖြေမှန်ကိုရှာဖွေနိုင်သူ ရှိကြရဲ့လား..။
မောပန်းတဲ့ ဝိဥာဉ်တွေဟာ ဝဲ လည်နေဆဲ..

ငါလေ...မော....တယ်...
ငါ ဘဝရဲ့ အဓိပါယ် လိုက်ရှာနေတယ်..
တကယ်ကို ဘဝရဲ့ အဓိပါယ်မတွေ့နိုင်ဘူး ။

ငါ................ဟာ..
ခြေကုန်လက်ပန်းကျပြီလား...
ဘာအတွက် အသက်ရှင်နေလဲ...။
ကိုယ်ကိုယ်တိုင် ဘာဆိုတာလဲ မပြောနိုင်.....
ငါတော့...လက်မြှောက်လို့
ပြေးရမလား......................ဟေးးးး။

ငါအရမ်း...မောတယ်...။
ငါ ဘဝရဲ့ အဓိပါယ် လိုက်ရှာနေတယ်...
ငါ အရမ်း မောပြီ...။
တကယ်ကို ဘဝရဲ့ အဓိပါယ် မတွေ့နိုင်...................ဘူး..။

မောပန်း...နေပြီ....
မောပန်း...နေပြီ...
မောပန်း...နေပြီ................အရမ်း....................ပဲ...............။




ဟယ်ရီလင်းသီချင်းပါ...အခုတလော နားထောင်ဖြစ်နေပါတယ်..
တိုက်ဆိုင်ပါတယ်..
ကြိုက်ပါတယ်...
နားထောင်ပါတယ်...

ချိုသော တမ်းချင်း..

စိတ္တဇအခန်း
(ဂျီလတ်)


မင်း...
မြင်နိုင်ရဲ့လား...
ငါလေ..အသည်းကွဲ....
နင်ကြိုက်တဲ့သီချင်း... ..ငါလေ ဖွင့်ထားတယ်..
ပြန်မလာနိုင်မှန်း...ငါလေ သိပေမယ့်..
အခန်းလေးထဲ မင်းကြိုက်တဲ့ ပန်းတွေလည်း..
အိုး.....မွှေးပျံ့နေဆဲ...
ငါ မင်းရဲ့ ဓါတ်ပုံရှေ့ ...
စကားများ ပြောဦးမယ်...
အဝေးဆုံးမှာမို့လေ..နင်မကြားလည်း...


လောကကြီးလဲ ပြောင်းလဲ မသွားဘူး...
ဒီလို ငါလေ ရူးသွပ်လည်း...
ဒါဟာ ငါ့ရဲ့ စိတ္တဇအချစ်..

တို့ရဲ့အချစ်လည်း နီးစပ်မသွားဘူး..
အချိန်မှန် ရင်မှာ တမ်းတလည်း...
ဒါဟာ ငါ့ရဲ့ စိတ္တဇအချစ်..


ရူး.....စိတ္တဇအခန်းထဲ...အရာရာ အဓိပ္ပါယ်မဲ့...
ရပ်သွားတဲ့ ငါ့ဘဝ....နာရီပျက်တစ်လုံးလို...
အပြင်မှာ ကမ္ဘာကြီး...အချိန်တွေ လွှဲချော်ပြီ...
အခန်းလေးထဲ ..မင်းကြိုက်တဲ့ ပန်းတွေလည်း...
အိုး...
မွှေးပျံ့နေဆဲ...


ငါ...မင်းရဲ့ဓါတ်ပုံရှေ့ စကားတွေ ပြောကာနေဆဲ...
အမြဲတမ်းလေ...