7/26/2010

မုန့်ရေပါး










သူငယ်ချင်းအစ်မပို့လိုက်တဲံ့ ဆန်မှုန့်ကို ဆားထည့်ပြီးရေဖျော်ပါတယ်။ အချိုမှုန့်ကြိုက်သူ ထည့်နိုင်ပါတယ်။
ကျနော်ကတော့ သကြားနည်းနည်းထည့်ပါတယ်။
ပဲပြုပ် ။နံနံပင် ။ကြက်ဥ အသင့်ပြင်ထားပါ....။
သူငယ်ချင်းက ငရုတ်သီးစိမ်းထည့်ရတာကြိုက်လို့ သေးသေးစိတ်ထည့်ပါတယ်။
ဆီဝနေတဲံ့ ဒယ်အိုးအပြား(တကယ့်ကိုပြားပြားလေး) ကိုအပူပေးပြီး ဆီနဲနဲထည့်ပါ။
ပြီးတော့ ဖျော်ထားတဲ့ မှုန့်ရေကို သာသာလေးနှံ့အောင် လောင်းထည့်ပါ..
မီးသေးသေးနဲ့ကြော်ပါ ။ပြီးတော့..အသင့်ပြင်ထားတဲ့အဆာတွေ ဖြူးပြီး အိုးဖုံး
အုပ်ထားပေးပါ...။အနားသားလေးတွေ ညိုဝါပြီး ကြွလာရင် ထက်ခြမ်းခေါက်ပြီး
အိုးထဲကနေ ဆယ်ယူပါ..။
ကဲ...
သုံးဆောင်နိုင်ပါပြီ...။
မုန့်ရေပါးနဲ့ မုန့်ပျားသလက် မတူပါဘူး..။
မုန့်ရေပါးက ဒယ်ပြားထဲဆီထည့်ကြော်ရပါတယ်..။
မုန့်ပျားသလက်(မုန့်ပြစ်သလက်)ကတော့ ခွက်နေတဲ့ မြေဒယ်အိုးလေးနဲ့ မီးဖုတ်စားရတာပါ။
သူက ပိုထူပါတယ်..။
မုန့်ရေပါးကို တစ်ချို့က ရေမုန့်လို့လဲခေါ်ကြပါတယ်..။မယ်ဆင်ကပြောတော့ မကွေးဖက်မှာ
မုန့်ရေလို့လည်း ခေါ်ပါသတဲ့ ။
ကျနော်တို့မြို့မှာတော့ မုန့်ရေပါးနဲ့ မုန့်လင်မယားတွဲရောင်းကြပါတယ် ။
(မစူးမေးထားတာ ဒီမှာပဲဖြေလိုက်ပါတယ်။ အဆင်ပြေပါစေ)




သတိ ။ ။ မီးအေးအေးနဲ့ ကြော်ဖို့လိုပါတယ်..။
အလောကြီးပြီး မီးပြင်းရင် တူးပြီး အတွင်းက ပျော့ပြဲနေတတ်ပါတယ်။

23 comments:

  1. လုပ်တတ်ဘူး...မုန့်ရေပါးဆိုတာ မုန့်ပြစ်သလက်အဖြူရေပါးကိုပြောတာလား

    စူးနွယ်

    ReplyDelete
  2. မဟုတ်ဖူးမစူး..။
    မုန့်ရေပါးက ဒယ်ပြားနဲ့ ဆီနဲ့ ကြော်တာ။
    မုန့်ပျားသလက်က မြေအိုးနဲ့ ဆီပါးပါးသုတ်ပြီး
    ဖုတ်တာ။

    ReplyDelete
  3. ရန်ကုန်တာမွေကို သွားလည်တော့ တူမလေးက
    လမ်းသရဲမုန့် ၀ယ်ကျွေးမယ် ဆိုတော့ ထူးထူးဆန်းဆန်းဆိုပြီး လိုက်စားတာ
    ဒီမုန့် ပျားသလက် အပါးဘဲ ဖြစ်နေတာ..
    တာမွေလေးမှာ ခေါ်တာ
    လမ်းသရဲမုန့်....တဲ့..ပေါက်ရေ။

    ReplyDelete
  4. လုပ်စားချင်တယ် အိုးပြားဘယ်ကသွားရှာရပါ့အေ

    ReplyDelete
  5. ဟုတ်တယ်လေ.. အိုးပြားမရှိလို့ အခက်တွေ့နေတာ....

    ReplyDelete
  6. ထုလိုက်ပါလားစင်ရဲ့။

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. အဲဒါ ရေမုန့် လို့ ခေါ်တဲ့ ဟာလေ...
    ဟုတ်တယ်နော် ပေါက်...
    ဘုရားပွဲဈေးတန်းတွေမှာ စားရတယ်လေ...း))

    အခု ပေါက် ရေးထားတဲ့ လုပ်နည်းလေးက အလွယ်လေးလိုပဲ... လုပ်စားကြည့်အုံးမယ်...
    ဒယ်အိုးပြားအတွက် ပူစရာ လိုပါဘူး ဗစ်နဲ့ စင်စင်ရဲ့
    Non-Sticker ဒယ်အိုး ခပ်ပြားပြားလေးဆိုရမှာပေါ့...း))

    မမပြောသလို အိုးတွေလဲ ထုမပစ်ကြနဲ့အုံး... ဟီဟိ

    ReplyDelete
  9. အိမ်က အဖော်မွန်က အဲဒီမုန့်ကြိုက်တယ်၊
    စမ်းကြော်ကြည့်အုံးမယ်။

    ReplyDelete
  10. လာစားတယ်ပေါက်ရေ...
    ရေမုန့် ဆိုကြိုက်တယ်။

    ReplyDelete
  11. ကျနော်တို့မြို့မှာတော့ မုန့်ရေပါးနဲ့ မုန့်လင်မယားတွဲရောင်းကြပါတယ် ။ဆိုလို့....
    မုန့်ေ၇ပါး ကတော့ထားပါတော့။မုန့်လင်မယား ဆိုတာက တစ်ချို့ဆိုင်တွေမှာ အခု နာမည်ပြောင်းသွားပြီ။ ချစ်သဲနှစ်မွှာမုန့်ဖူးစာ တဲ့...

    ReplyDelete
  12. ရေမုန့် ခေါ်တယ် ဟုတ်ဘူးလား

    တော်လိုက်တာ ပေါက်.. စားချင်တယ်

    ReplyDelete
  13. မပေါက်ရေ..စားချင်လိုက်တာ
    တအားကြိုက်တယ်။

    ရေမုန့် အမ ရန်ကုန်မှာခေါ်တာ။

    မပေါက်..ဆန်မှုန့်က အစိမ်းမှုန့်လားဟင်။ မပေါက်လုပ်ပြထားတာ လွယ်မဲ့ပုံ အားရင်လုပ်စားမယ်..

    မြတ်နိုး

    ReplyDelete
  14. မုန့်ရေပါးတဲ့ စားချင်စဖွယ်လေး။ မုန့်ပြားသလက်တော့ သိပ်ကြိုက်တယ်။ လုပ်စားကြည့်ဦးမယ်။

    ReplyDelete
  15. မနေ့ညကပဲ ချက်ချင်း လုပ်စားလိုက်ပါကြောင်း။ အဲလိုကြွပ်ကြွပ်လေးတော့မရပေမဲ့ စားလို့အလွန်ကောင်းပါသည်။ မုန့်ဖျော်တော့ အချိုမှုန့်၊ ဆားအပြင် ဆိုဒါလေးနဲနဲ ထည့်ပါသည်။ နှမ်းထောင်းလေးပါဖြူးစားရင် ပိုကောင်းပါသည်။ ကျေးဇူးပါ မပေါက်ရေ။

    ReplyDelete
  16. ရေမုန့် ရေမုန့် စားချင်လိုက်တာာာား(
    :D

    ReplyDelete
  17. ပေါက်ရေ.. မစားရတာကြာတော့လည်း စားချင်သား.. ရေမုန့်ရော မုန့်လင်မယားရောပဲ စားချင်တယ်.. မဆီမဆိုင် တိုရှည်လည်း စားချင်တာပဲ.. :D

    ReplyDelete
  18. ကိုသစ်နက်ဆူး ပျောက်နေတယ်..။
    ကိုသစ်နက်ဆူးပြောတဲံ့ အစုံပါတာ မကြိုက်ဘူး။

    ဗစ်စတာ လွယ်တယ်..လုပ်စားကြည့်ပါ.။
    ကြက်ဥကြော်တဲ့ဒယ်ပြားနဲ့ဆို အဆင်ပြေမှာပါ။

    မယ်ဆင် အပေါ်မှာပြောသလိုပဲ ။

    မမ..သူတို့ကိုထုတာသင်ပေးလိုက်စမ်းပါ..။


    မသက်ဝေရေ..
    ပွဲဈေးတန်းမှာစားရတာ နောက်တစ်မျိုးရှိသေးတယ်..။
    မုန့်သိုင်းခြုံ ဆိုတဲ့မုန့်..။
    ကျနော်တို့ဆီမှာတော့ ညံတောပွဲဆို ရောင်းတဲ့ဈေးသည်လာပြီ။..ချိုဆိမ့်လေး စားကောင်းတယ်..ကြက်ဥပါတယ်။
    မုန့်ရေပါးကတော့ ညတိုင်း ထွက်လာရောင်းသူရှိတယ် ။

    မအပြုံးပန်း စမ်းကြည့်ပါ။ လွယ်ပါတယ်..။

    မရှင်လေးလည်း စမ်းကြည့်လေ..။

    ကိုအစိမ်းရောင်..
    မုန့်လင်မယားကို နာမည်ပြောင်းလိုက်တာ မသိဘူး ။ မြို့ကနေ ထွက်လာတာ ကြာပြီ။
    ဟိုတလောက တင်တဲံ့ပုံတွေထဲက ပထမဆုံးပုံရဲ့ တိုက်အဖြူအရှေ့မှာ ညဆို ထွက်လာရောင်းကြတယ်လေ..။
    ရွှေဘိုလိုင်းကလား..ကျန်မာရေးလိုင်းကလားမသိဘူး။ဒါမှမဟုတ် ပြည်တော်သာကထင်တယ်..။


    ပေါက်

    ReplyDelete
  19. မေ..
    ထူးထူးဆန်းဆန်း လာလည်တယ်..။
    ဒိပြင်ဒေသမှာရေမုန့်လို့ ခေါ်တာနေမှာပေါ့..။

    မြတ်နိုးရေ..
    ဆန်စိမ်းမှုန့်နဲ့လုပ်တာ..။
    အခုသုံးတာက ရွှေညောင်ပင် တံဆိပ် ။
    မန်းလေးကထုပ်တာပါ..။


    မတီတီဆွိရေ..
    လုပ်စားပြီးပြီပေါ့...။မီးအေးအေးနဲ့ ပစ်ထားလိုက်..။ လှန်မကြည့်နဲ့ ထိုးမကြည့်နဲ့။
    ဘေးအနားသားလေး ဝါညိုပြီး ကြွလာမှ ကျွတ်မှာလေ..။
    ဆိုဒါ ထည့်ရကောင်းမှန်း ကျနော်မသိဘူး ။
    နောက်တခါကျရင် စမ်းကြည့်ဦးမှ ။
    နှမ်းထောင်းလည်းပါတယ်အစ်မရေ..
    ဒါမယ့် သူငယ်ချင်းက ဆားတွေအများကြီးထည့်ထားလို့ ကျနော်က မဖြူးတာ..။


    မိုးခါး...
    မိုးခါး..
    လာစားလှည့်ပါ..။


    မနုစံရေ..
    အားမယ်ဆိုရင် လုပ်စားကြည့်ပါ..လွယ်ပါတယ်..။
    တိုရှည်လည်း ကျနော်သိပ်ကြိုက် ။
    မမဆီက တောင်းစားနေတာကြာပြီ.။
    ခုထိမကျွေးသေးဘူး..။



    ပေါက်

    ReplyDelete
  20. ရေမုန့်နဲ့ အကြော်နဲ့

    ရှလွတ်

    မြွေပေါက် လူဆိုးကြီး

    မြွေသားလေး

    ReplyDelete
  21. ရေမုန့်ကို ငယ်ငယ်တုန်းကစားဖူးတယ်... ရန်ကင်းဆယ့်နှစ်လုံးတန်းက ပန်းကန်စင်တိုက်အောက်မှာ ရောင်းတာ အရမ်းကြိုက်တယ်... ဒါမျိုးတွေလုပ်စားတတ်တာ လေးစားတယ်... စမ်းလုပ်ကြည့်ဦးမယ်

    ReplyDelete
  22. ရေမုန့်လား.. သိပ်ကြိုက်တာပဲ..တို့တွေ ဖေဖေတို့ မြို့ရောက်ရင် ပဲပြုတ်သပ်သပ်ဝယ်သွားပြီး လုပ်ခိုင်းရတာ...

    မုန့်လင်မယားကို မုန့်အုပ်ကလေးလို့လည်း ခေါ်တယ်မှတ်တယ် ပေါက်ရေ...

    ပေါက်စ်က သိပ်တော်တာပဲနော်.. နီးနေရင် ကောင်းမယ်..ဟဲဟဲ

    ReplyDelete
  23. I tried yesterday. It was nicely done. Thank you for your recipe.
    WD

    ReplyDelete