နေ့ နဲ့ ည...


ဒါ မနက် မိုးလင်းတိုင်း
တွေ့ရတဲ့ မြင်ကွင်းလေးပေါ့..။


လင်းတဲ့အိမ် လင်း..
မှောင်တဲ့ အိမ် မှောင်နဲ့...

သူငယ်ချင်းမလေးတစ်ယောက် ဇာတိမြို့ကိုသွားလည်ပြီး ရိုက်လာတဲ့ ပုံတွေပါ..။
နေရာတစ်ခုတည်းမှာ နေ့နဲ့ည ခွဲပြီးရိုက်လာတာပါ..။
လွမ်းတတ်သူတွေအတွက် အလွမ်းပြေပေါ့..။




မှတ်ချက် ။။ ။။ ဒဿနဆိုတာ သေသေချာချာကို မသိပါဘူး..။
ရေးတတ်သလိုရေးမိတာကို နားမလည်ဖြစ်နေရင် တောင်းပန်ပါတယ်။

14 comments:

ရောပီး လွမ်းသွားတယ်

အိတ်စ်ယောင်းစ်

p.s. ငါးဖောင်ရိုးမခေါ်နဲ့.. ကြိုက်ဘူး ဟွန်း

ဒါကြောင့် မြင်ဖူးပါတယ်လို့ကြည့်နေတာ..
ထားဝယ်မှာလားလို့ ထင်ယောင်ထင်မှားဖြစ်နေသေး..

အပေါ်ကတယောက် ငါးဖောင်ရိုးမကြိုက်ရင် ငါးကျည်းခေါ်မယ် :P

နားအလည်ဝူးဆိုတာ လာပေါတာ

အားခွာ

ခြေရာခြင်း ထပ်အောင် နေ့နေ့ညည လည်ခဲ့၊ကဲခဲ့တဲ့ နေရာလေးကို လွမ်းတယ်....
နာရီစင်နားမှာ အမဝမ်းကွဲ ဆိုင် ရှိတယ်ဗျ။ အထည်ရောင်းတာ......

ကြည့်ရတာ ပန်းသေးခေါက်ဆွဲဆိုင် နားက ရိုက်ထားတယ် မှတ်တာပဲ.....

ငါးဖောင်ရိုးဖြစ်ရတာ ဂုဏ်ယူစမ်းပါအေ။

သြော်..မှားမှ မှားတတ်ပလေ..ထားဝယ်နဲ့တဲ့။။

သားခွာကို သံသယဖြစ်နေပြီ..
နေခဲ့ဖူးတယ်ဆိုတာကို..။


ကို Heartmuseum ..
ဘယ်ဆိုင်လဲ ဗျ..
နောက်မေးခွန်းတစ်ခုက မှန်သလိုပဲ..။

ကျနော်ထင်တာမမှားဘူးဆိုယင် မေတ္တာသစ် ဘေးက ခေါက်ဆွဲဆိုင်က...ဟုတ်!!!!

သူတို့ချည်းဘဲပြောနေကြတာဘဲ။

မပေါက်ရေ....
ချယ်ရီ အထည်ဆိုင်ဗျ....
အမနာမည်လေ.... :D

အစိမ်းရောင်လက်ညိုး..
ဘာပြောရမှန်းတောင် မသိတော့ဘူး..။


မမလည်း ဝင်ပြောပါ...။

ကိုHeartmuseum ..
ချယ်ရီ..ချယ်ရီနဲ့ ရေရွတ်နေတယ်..။
ဘယ်ဖက်ခြမ်းနားကပါလိမ့်။
လက်ညိုးစိမ်း မှတ်မိလား...။


ပေါက်

:D သူ့ဆိုင်က နာရီစင်ကြီး မျက်နှာချင်းဆိုင်ပဲလေ။ ဘေးနားမှာ နာရီဆိုင် ရှိတယ် မှတ်တာပဲ... ဈေးကြီးနဲ့ နာရီစင်ကြားမှာ အဲဒီဘက်ခြမ်းမှာ သူပဲ တရုတ် ကျန်တာ ကုလားချည်းပဲ :P

ဟုတ်..
သိပြီ..
ပုလဲ သွားခံတွင်းဆိုင်း..ဘေးက
အက်ချားဘရားသား နာရီပြင်ဆိုင်..
ထပ်ဘေးက အထည်ဆိုင်..(အဲ့ဆိုင်ကိုပြောတာလားမသိ)..အဲ့အထည်ဆိုင်ဘေးက လက်းကြားသေးသေးလေး..ဘေးကမှ စံတည်းခိုခန်း..ပြီးတော့ နွားနို့ဆိုင်ထင်တယ်.။
အဲ့အထည်ဆိုင်ဆိုရင် မောင်နှမတွေအများကြီးရှိတဲ့ဆိုင်ပေါ့...နော်။

အန်..... ဟုတ်ဖူး
ဟုတ်ဖူးလေ... အဲဒီဆိုင်က ဟိုဖက်ခြမ်း
ကျွန်တော်ပြောတာက နာရီစင်ကနေ ဈေးကြီးဖက် လျှောက်လာရင် လမ်းအရှေ့ဖက်ခြမ်း အနောက်လှည့် နာရီစင်ဖက်လှည့်တဲ့ဆိုင် တည့်တည့်တော့ မဟုတ်ဖူး မျက်စောင်းထိုးလောက်မှာ ရှိတာ သူတယောက်ထည်းပဲ ကလေးတွေက မိန်းကလေးချည်း ၃ယောက် မွေးထားတာ။ သူ့အမျိုးသားက ညီမယောက် ရှိတယ်လေ။ ကျွန်တော့တူ သူ့သားက သွေးကင်ဆာနဲ့ သေသွားတာ သိတ်မကြာသေးဘူး။ ဆောရီး အထည်ရောင်းတာ ဟုတ်ဖူး။ အင်္ကျီ ready made ရောင်းတာ... အင်း သူ့ဆိုင်နာမည်က ကျွန်တော် အမှတ်မှားတာ ထင်တယ်။ အခု သူ့သမီး ကျွန်တော့်တူမ အကြီးမက ဈေးကြီးထဲမှာ ဆိုင်ဖွင့်ထားတယ်။ အင်္ကျီ ဆိုင်ပဲ.... အမ ဝမ်းကွဲနဲ့ ကျွန်တော်က အသက် အရမ်းကွာတယ်။ သူက အခု ၅၀ကျော် ၆၀တန်း ကျွန်တော်က အမြဲတမ်း ၁၈ နှစ် ....:P

အင်းလေ..
ကျနော်ပြောတာ အဲ့ဆိုင်ပဲ ..။
မားတို့လောက်ရှိမှာပါ..ဆိုင်ပိုင်ရှင်က ။