ရေ

ငယ်တုန်းက နေခဲ့တဲ့ရပ်ကွက်ကအိမ်မှာ ကြည်လင်သန့်ရှင်းတဲ့ ရေတွင်းတစ်တွင်း ရှိပါတယ်။
အိမ်ရဲ့ ဘယ်ဖက်ခြမ်းမှာ လေးခန်းတွဲ လား..ငါးခန်းတွဲလား လို့မမှတ်မိတော့တဲ့..တန်းလျားတစ်ခု
ရှိပါတယ်...။အိမ်နဲ့ မျက်နှာချင်းဆိုင်မှာတော့ ကုလားအိမ်တစ်အိမ်ရှိပါတယ်..။သူတို့ခြံဝင်း အကျယ်
ကြီး ပေမယ့်လို့ ရေတွင်း ခပ်သေးသေးတစ်တွင်း ရှိပါတယ်..။ သြော် မေ့လို့ ..စောစောကပြောတဲ့
တန်းလျားမှာလည်း ရေတွင်းတစ်တွင်း ရှိပါတယ် ။ အိမ်နဲ့ မျက်စောင်းထိုးမှာတော့ ၆ခန်းတွဲလောက်
ရှိတဲ့ တန်းလျားတစ်ခု ရှိပါသေးတယ်..။ အဲဒီတန်းလျားမှာလည်း ရေတွင်း တစ်တွင်းရှိပါတယ်..။
ပြောရမယ်ဆို လမ်းထဲက အိမ်တိုင်း တန်းလျားတိုင်းမှာ ရေတွင်းတစ်တွင်းတော့ ပိုင်ဆိုင်ကြပါတယ်..။

ကျနော်တို့ရဲ့ ရေတွင်းက ရေက အေးမြပြီးချိုနေတယ် တဲ့...။ အမေပြောတာပဲ...။အမေက သူရေတွင်းက
ရေ ချိုပြီးအေးမြနေတာကို အမြဲဂုဏ်ယူပြီးပြောလေ့ရှိတယ် ။ နွေဆိုလည်း ရေမခမ်းတတ်ဘူး။
ဆိုတော့ လမ်းထဲက အိမ်နီးနားချင်းတွေကသောက်ရေအတွက် အိမ်မှာ အမြဲလာခပ်ကြပါတယ်..။
သုံးရေအတွက် သူတို့ရေတွင်းက ရေကိုသုံးပေမယ့်သောက်ရေအတွက်တော့ အိမ်မှာပဲ ခပ်ကြတယ် ။
အိမ်က ရေတွင်းမှာ ရေစုပ်စက်တော့ မရှိပေမယ့် စက်သီးနဲ့ ရေဆွဲရတဲ့ ရေတွင်းမျိုး ဖြစ်တာကြောင့်
အလွတ်ကြိုးနဲ့ ရေငင်ရတာလောက်တော့ မပင်ပန်းကြဘူးပေါ့။


ကျနော်တို့ အိမ်ပြောင်းတော့ ပြောင်းတဲ့ အိမ်မှာတော့ ရေတွင်းမရှိပါဘူး။ အစိုးရရေပိုက်ပဲ
သွယ်ထားပါတယ်။ရေပိုက်က ရေအမြဲမလာပါဘူး ။ ခွဲတမ်းနဲ့ လာပါတယ်..။ ၁ ရက်ခြား
တစ်ခါ ဒါမှမဟုတ် ၂ ရက်ခြား တစ်ခါ။တခါတလေ ရက်တော်တော်ကြာ မလာပါဘူး ။ အဲဒီလို ရက်ဆက်မလာတဲ့နေ့တွေမှာ အဖေနဲ့ အကူကောင်လေးက အရှေ့ရပ်ကွက်က လမ်းဘေး
ရေပြွန်တိုင်မှာ တန်းစီရပါတယ် ။ဒါမှမဟုတ် ရေကားတွေ ဝယ်ယူပြီး သုံးရပါတယ်။
ကျနော်တို့လည်း နွေရောက်လို့ ရေရှားပြီဆိုရင် အိမ်နောက်ဖက်က ထောက်ပို့ပန်းခြံမှာ
ရေသွားချိုးကြရပါတယ်။(အမှန်ကတော့ နေ့လည်က သွားလိုက်တာ ညနေမှ အိမ်ပြန်ရောက်တယ်) ။ အိမ်နီးနားချင်းက ကလေးတွေနဲ့။ဒါမှမဟုတ် ရေတွင်းရှိတဲ့ ဆွေမျိုးမိတ်ဆွေတွေအိမ်မှာ ရေချိုးကြရပါတယ် ။ နောက်တော့ အိမ်ရှေ့မှာ ရေတွင်းတစ်တွင်း တူးဖြစ်သွားပါတယ်..။ တူးရတာလည်း အတော်လေး
နက်ပါတယ် ။ အတော် နက်နက် တူးထားရလို့ထင်တယ်ရေခမ်းတယ်ဆိုတာ မရှိသလောက်ပါပဲ ။


တစ်နေ့က ကျနော့ရဲ့ မတော်လိုက်ရတဲ့ အမျိုးမလေးတစ်ယောက်က ရေသုံးစရာရှိလား လို့ မေးလာပါတယ်။
အမှန်က ဟိုးတလောကတည်းက ကျနော့်ခပ်တိမ်တိမ်ရေတွင်းလေး ရေခမ်းခြောက်မှာ စိုးပြီး
ရေသုံးစရာ ရှိမရှိ သူက မေးမေးနေပါတယ် ။ အဲဒီအတွက် ကြည်နှူးရပါတယ် ။ ကျေးဇူးလည်းတင်ပါတယ်။
ကျနော်လည်း နောက်ရေတွင်းတစ်တွင်းတူးဖို့ ဟန်ပြင်နေတာ ကြာပါပြီ ။ အကယ်လို့ တူးဖြစ်ခဲ့ရင်တောင်
အခုရေတူးတွင်း အခု ရေကြည်သောက်ချင်လို့ ဘယ်ဖြစ်ပါ့မလဲ ...နော့..။



အမျိုးမလေး=အိတ်စ်ယောင်းစ်

10 comments:

ကြည်တဲ့နေရာပဲ တခါတည်းတူးလိုက်လို့မရဘူးလား..
(ပုံ စိတ်မရှည်သူ)

တို့အိမ်တွေမှာလည်း ရေတွင်းတွေကိုယ်စီနဲ့..
ဒါပေမယ့်ရေကြောမတူလို့လား မသိ ချိုတဲ့တွင်းကချို ငံတဲ့တွင်းကငံ စေးတဲ့တွင်းကစေး တမျိုးကြီး
ဟိုဖက်အိမ် ဒီဖက်အိမ်ပေမယ့် ရေကမတူဘူး

ရေတွင်းအမြန်တူးပါ ဒါမှရေကြည်မြန်မြန်သောက်ရတာပေါ့နော်။

ပေါက်တယောက်ကိုတော့ မနည်းမှီအောင်လိုက်နေရတယ်
ပညာတွေ အကန့်လိုက် အကန့်လိုက် ခွဲပြနေတာ :P

ရေပေါတော့ကောင်းတာပေါ့။
အချိန်တော့စောင့်ရတာပေါ့လေ။
ပေါက် ရေ ...အဆင်ပြေပါစေ...

မူးတယ်
လိုက်မမှီဘူး
:P

မမသီတာ ပြောသလိုပဲ ပညာတွေ အလွှာလိုက်ပေးနေလိုက်တာ..

အိတ်စ်ယောင်းစ်

ပေါက်ရဲ့ ရေတွင်းလေးက မတိမ်ပါဘူး
နက်ပါတယ်၊ ရေးထားတာ ပညာသားပါပါနဲ့၊
ကိုယ်လိုရာဆွဲတွေးသွားပါတယ်
ဟုတ်ဘူးလား ဟုတ်လား!

မြိုး...ကြည်တဲ့နေရာကို အဲ့လောက်သေချာသိမှတော့
အစကတည်းက ရေရောင်းစားပြီပဲ။

ဗစ်စတာ..အဆင်တွေကပြေမလိုလိုနဲ့ မပြေ။
မပြေ မလိုလိုနဲ့ ပိုပြီး မပြေ။

မသီတာ...ကျနော့်မှာ အကန့်လိုက်မရှိမပါဘူးနော်။ ဒါဆို ဒါပဲ ရှိတာပါ။


မရှင်လေး..ကျေးဇူး..


ယောင်းစ်..
အလွှာလိုက်ပေးရအောင်..ဒီက ကြက်သွန်နီမှမဟုတ်တာကို...ဟီးးး



ဖြိုးရေ..
နက်အောင် တူးရအုန်းမယ်လေ..။
အခုလောလောဆယ်တော့ ခေတ္တ ခဏ
ရပ်နားထားပါတယ်။

တို့နားလည်တယ်။

အခုတလော..
ရေတွင်းတူးဖို့ ကြိုးပမ်းနေပါတယ်..။
တိမ်တိမ်တူးယုံနဲ့ ရေထွက်ပါစေ ။