ညည်းတွားခြင်း...

အခုတလော...အစားအသောက်တွေ ခါတိုင်းထက် ပိုစားကောင်းနေတယ်..။
အိပ်ကောင်းတယ်နေတယ် ။ စိတ်တော့ ကောင်းမနေတာအမှန်ပဲ ။
ဘယ်သူပြောလဲ စိတ်နေမကောင်းရင် စားမဝင် ။ အိပ်မပျော်ဘူး..လို့ ။
ထမင်းစားရင် ပန်းကန်လုံး ၂လုံးလောက် အသာလေးပဲ...။ ဘာဟင်းလေးဖြစ်ဖြစ်
စားလို့ ကောင်းနေတော့တာ အမှန်ပဲ..။ အရင်က သိပ်မစားတဲ့ ပန်းသီးတောင်
အခု စားရင် အလုံးကြီး တစ်လုံး အသာလေး ။ဆန်ခေါက်ဆွဲ ဆိုလည်း ၁ပွဲနဲ့ မဝ ။
၂ပွဲနဲ့ မတင်းတိမ် ။ ဟော...ဒီနေ့ မြီးရှည်လုပ်စားပြန်တော့.. ၃ပွဲနီးနီးစားဖြစ်တယ်..။
(အရင်က ဆို မြီးရှည် မစားသလောက်ပဲ..သူတပါးအတွက်တော့ ကိုယ်မစားချင်လည်း
ချက်ကျွေးတတ်ပါတယ်..)
အရင်က မနက်စာကို မစားဖြစ်တဲ့သူက အခုဆို..မစားမဖြစ် စားနေရမှ..။
ထမင်းစားရင် မဝလို့ ထပ်ထည့်ရင် ဘေးလူကိုလည်း အားနာတယ်..။ ဟင်းစားလည်း
များလာတယ်..။
ဆိုတော့..
ကိုယ့်ကိုယ.်ကို ပြန်ဆန်းစစ်နေတယ်....။
ဘယ်နေရာ မှားနေလဲဆိုတာ...
သူငယ်ချင်းအိမ်မှာ ကပ်နေရပြီး...သူများဟာ..စားတော့..တစ်နင့် တစ်ပိုးဆိုတဲ့စကား
အခုတော့ မှန်နေပြီ..။



မှတ်ချက် ။။ ။။
ဘာရယ်မဟုတ်...ခေါင်းစဉ်ပြောင်းလိုက်မိပါတယ်။



11 comments:

ဘာမှစဉ်းစားမနေနဲ့ စိတ်ကောင်းအောင်သာနေ.. ဟမ်

စားပါ စားပါ...

စိတ်လဲ နေကောင်း အောင်နေပါ..

ကျေးဇူးတွေမှတ်လားလိုက် ကြုံတော့ပြန်ဆပ်တာပေါ့ စားနိင်သောက်နိုင်ကို ဘဲဝမ်းသာရသေး။

this is depression, starting as carbohydrate craving.

be careful and make some major changes about life.

otherwise you will gain at least 20 lb in next a few years.

(ဘယ်သူပြောလဲ စိတ်နေမကောင်းရင် စားမဝင် ။ အိပ်မပျော်ဘူး..လို့)

မှန်လိုက်တာ။
ကိုယ်လဲ ဒီရောက်စ အလုပ်မရခင် သောကတွေ တအားများတဲ့ကြားက အရမ်းစား အရမ်းအိပ်တာ (တကယ်တော့ ကိုယ်က အိပ်ရေးမှန်နေရင် အစားကပါ မှန်သွားတာပဲ)။ အဲဒီတုန်းက အတူနေတဲ့ သူငယ်ချင်းကတောင် ပြောစမှတ်ပြုတယ်။

ဘဝမှာ အဲဒီအချိန်လောက် တခါမှ စိတ်မပင်ပန်းခဲ့ရဖူးဘူး။ အဲလောက်လည်း တခါမှ မစားနိုင်ခဲ့ဖူးဘူး။

(ဒါပေမဲ့ မြန်မာပြည်မှာ ကျန်ခဲ့တဲ့လူတွေကို ပြန်ပြောမိရင် မစားနိုင် မအိပ်နိုင်ဘူးလို့ပဲ ပေးသိထားတယ်။ ညာချင်တဲ့ စိတ်နဲ့ မဟုတ်ဘူး။ သူတို့နဲ့ ဖုန်းပြောရင် အလိုလို အဲဒီတိုင်း ပြောထွက်မိတာ။ ဘာကြောင့်မှန်း မသိဘူး။ အမှန်တော့ ကိုယ် စိတ်ပင်ပန်းနေတယ်ဆိုတာကို သူတို့ကို သိစေချင်တာ ဖြစ်မယ်ဆိုတာ ခုမှ စဉ်းစားမိတယ်)

တူတူပဲပေါက်
တို့ကတော့ အသက်ကြောင့်လို့ထင်တာ
Anonymous ရေးသွားတဲ့ အတိုင်းဆို မလွယ်ဘူးပဲ

အရမ်းစွပ်စားမနေနဲ့ အုံးချစ်ပေါက်
စိတ်ညစ်ရင်စားတဲ့လူရှိတယ် အဲလူတွေကအရမ်းဝတတ်တယ်။
မကောင်းဘူး အထိန်းလေးထား။
စိတ်ကိုအရင်ပျော်အောင်နေ ။

ငါလည်း ခုတလော တော်တော်စားနေတယ်...
(ကိုယ့်အထွာနဲ့ ကိုယ်ပေါ့အေ)

စားနိုင်သောက်နိုင်တာလည်း ကောင်းတယ်။ စိတ်လည်း မညစ်နဲ့။ နော်ကဆုံးစာကြောင်းကတော့ သူငယ်ချင်းလုပ်တဲ့လူဖတ်မိရင် စိတ်မကောင်းဖြစ်တော့မှာပဲ.... ခင်ကြီးကျယ်ရယ်။


မယ်ဆင်

စားကောင်းတယ်ဆို စားသာစား
ဘာမှ မတွေးနဲ့။
သူငယ်ချင်းအိမ်လည်း ကိုယ့်အိမ်လို သဘောထားပေါ့နော် :)

ပြောတော့ လွယ်တယ်..လုပ်ဖို့ခက်တယ်..မယ်မြိုးရဲ့..

ပြာပြာ..မလာတာကြာ...

မမ...ကျေးဇူးတွေ ဝယ်လာပေးပါတယ်..
အဟီးး..


Anonymous ကျေးဇူးပါ..
အခုလို သတိပေးတဲ့အတွက်..။


ရီတာ..အခုတော့..စိတ်ကောင်းချမ်းသာ..
စားနိင် အိပ်နိုင်ပြီပေါ့လေ..


မသီတာ...ကျနော်ထင်တာကတော့..
သူများအိမ်မှာဆို ပိုစားဖြစ်တယ်ထင်နေတာ..


ဗစ်စတာ..
အတော်ပဲ ပြောရအုန်းမယ်..။
နာက..အံ့သြစရာ..
ဝမလာဘူးတော့..
ဟီးးဟီ


မယ်ဆင်..သူငယ်ချင်းကို..ပေးမဖတ်ဖူး
ဘလော့ရှိတယ်ဆိုတာပဲ ပေးသိတယ်..။
ပေးမဖတ်ဖူး.။ဟီးး


မလုလုရေ...
ကြာံဇံချက် လုပ်ကျွေး။
(အမှန်က လုပ်ကျွေးဖူးတယ်မို့လား..)
ပြနှ်ရှာကြည့်အုန်းမယ်


ပေါက်

စားကောင်းတယ်ဆိုတာ ကောင်းတာပဲ။
ပျော်ရွှင်ပါစေ။