သင်္ဘောသီးအသုတ်စုံ..


အာ လူးပြုပ်ပြီး ပါးပါးလှီး..
ကြာဇံပြုပ်..ထမင်းဆိမ့်..
သင်္ဘောသီးခြစ်ပြီးရေနေ့ဝက်လောက်စိမ်ထားလိုက်သေးတယ်..
ဘာလို့မှန်းတော့မသိ..အမေက အဲဒီလိုလုပ်နေကြမို့ပါ။။
မုန်လာထုတ်(ဂေါ်ဖီထုပ်)ပါးပါးလှီးရေစိမ်ဆေး။
ကြက်သွန်နီ ပါးပါးလှီးရေစိမ်ဆေးထားပါ။(အမေ့မှာ ကြက်သွန်နီခြစ်ရင်
သုံးနေကြ မျက်မှန်တစ်လက်ရှိပါတယ် ။မျက်ရည်ထွက်လွန်းတာမခံနိုင်လို့ တဲ့)


အနီရောင်ပန်းကန်လေးဟာ ခရမ်းချဉ်သီးရေကျဲချက်ထားတာပါ။
ဘေးက အညိုရောင်လေးက မန်ကျည်းမှည့်ရည်။
ဆီချက်အနီ နဲ့ အဝါ...။
ကြက်သွန်နီကြော် ..ပဲမှုန့်အကျက် ။
ငန်ပြာရည် နဲ့ ငရုတ်သီးမှုန့်လေး မမေ့ပါနဲ့..။
ပုံထဲမှာ မပါလို့ပါ။
ဟင်းချိုမှုန့်ကြိုက်တတ်ရင် ထည့်သုတ်ပါ..။

အမေကတော့ ပဲမှုန့်ကအစ ကုလားပဲခြမ်းကို လှော်ပြီး ကြိတ်စက်ပို့
အမှုန့်ကြိတ်ထားတတ်ပါတယ်..။
ငရုတ်သီးအပွခြောက်ကြီးတွေကို ရေဆေးနေလှမ်းပြီး
ကြော်ပြီး...ငရုတ်ဆုံနဲ့ ထောင်းသုံးတတ်ပါတယ်။။



ဇလုံထဲ အားလုံးအသင့်ပြင်ထားပါတယ်..။
စ..နယ်ပါပြီ..။

မှန်ရောင်ဟင်းချိုလေးနဲ့...လိုက်ဖက်ပါပေတယ်။။

မှန်ရောင်ဟင်းချိုကတော့..
ကြက်သွန်နီဖြူနဲ့ပုဇွန်ခြောက်နဲ့ မုန်လာထုတ်ကို ချက်ထားတာပါ။။

ဒီအသုတ်လုပ်တာ သိပ်မရှုပ်ပါဘူး..။
ဆနွင်းဆီချက်...အရောင်တင်ဆီချက်..ချက်ပြီး..ခရမ်းချဉ်သီးကို ရေကြဲလေးချက်ထားပါ။
ကြာဇံရေစိမ်ထားတုန်း..အာလူးပြုပ်ထားပါ။.ထမင်းဆိမ့်မချက်ချင်ရင် ရိုးရိုးထမင်းပဲထည့်သုတ်
လည်း စားကောင်းမှာပဲ ။သင်္ဘောသီး ..မုန်လာထုပ်..ကြက်သွန်နီ တို့ကိုခြစ်ပြီး ရေစိမ်ထားပါ။။



မှတ်ချက် ။ ။
သင်္ဘောသီးအသုတ်စုံကို ဒါပထမဆုံးကိုယ်တိုင်သုတ်တာပါ။
အမေသိရင် ရယ်နေပါအုန်းမယ်..။
မှတ်မိသလောက် အိမ်မှာ လုပ်တိုင်း တစ်ချက်ကလေးမှ ဝင်မကူဖူးဘူး။
အခွင့်သာရင် မြင်းခွာရွက်သုတ်ပါဦးမယ်..။ မြင်းခွာရွက်ရောင်းတာတွေ့ဖူးပါတယ်။
မြူရွက်သုတ်ကိုတော့ ပိုကြိုက်ပါတယ်..။ဆိမ့်ဆိမ့်လေးမို့..။
မြူရွက်ကိုတော့..ဒီမှာ ရှိတာ မမြင်ဖူး..မကြားဖူးသေးပါဘူး။။



23 comments:

မုန်းတာ
အိတ်စ်ယောင်းစ်

ဟင့်... ငတ်ပြီးပြန်ရ ငါ့ဘဝ... .
.
.
.
ထမင်းဆိမ့်က ဘယ်လိုလုပ်ထားတာတုံး..
ငါတို့ထမင်းသုတ်တော့ ရိုးရိုးထမင်းတွေ ထည့်သုတ်ပလိုက်တာပဲ

ဇူလိုင်လထဲ တင်သမျှ အစားအသောက်ချည်းပဲ

စားချင်လိုက်တာ သင်ဘောသီးသုတ်ဆိုတာ အဲလိုခ၇မ်းချဉ်သီးအ၇ည်လေးနဲ.မှစားလို.ကောင်းတာ

အသုပ်ဆိုတာ အဲလိုမှန်ရောင်ဟင်းချိုလေးနဲ့မှ လိုက်တာ...ပိတ်စွယ်လေးတွေ ခပ်လို့လေ ချက်တတ်ကြတယ်..
ခရမ်းချဉ်သီးအရည်လေးနဲ့ကြိုက်တယ်..

ခုညတော့ အိပ်နိုင်မယ်မထင်ဘူး
ကိုယ့်ကိုကိုယ် အတော့ကို ချော့ထားရဦးမှာ
မနက်ဖန် သင်္ဘောသီး အသုတ်စုံ...အသုတ်စုံ.. အသုတ်စုံ...
တကယ်စားရပါစေ့မယ်
အဟုတ်စားရပါစေ့မယ်
ဆိုပြီး...

ပေါက်ရေ
အရမ်းစားချင်တာပဲ
ငိုတောင်ငိုချင်တယ်
တော်လိုက်တဲ့ ပေါက်၊ စားချင်စရာလေး

တစ်ပွဲလောက်ပို့ ပေးပါ။
ဂြီဂြီ...မြည်နေပြီ။

စားချင်စရာလေး ပေါက်ရယ်...
လူဘယ်နှစ်ယောက်စာ စားဖို့ လုပ်တာလဲ ဟင်...
အိမ်မှာတော့ လူလေး နှစ်ယောက်နဲ့ တပိုင်း ဆိုတော့ ဒီလို အမယ်စုံစုံနဲ့ အသုတ်လို စားစရာတွေ လုပ်စားရတာ မကိုက်ဖူး...
တကယ်ပဲ ပေါက်ကို ချီးကျူးပါတယ်...
စိတ်ရှည်လိုက်တာ...း))

အိမ်လာခဲ့မယ။်

မမကွမ်နဲ့ ကပ်ပြီး ပေါက်အိမ်ကို လာနေပြီ။
အနည်းဆုံး ၂ ပွဲလောက်တော့ ကျွေးပါနော်။
ချစ်ခင်စွာဖြင့်
လုလု

ပေါက်စ် ဗိုက်ဆာနေတယ်နော် ဟင်း ဟင်း ဟင်း
နှစ်ခိရှာသွားပြီ ပထမဒံပေါက်... ခု

အသုတ်တွေ မကြိုက်တတ်ပေမယ့်
ဒီလက်ရာတော့ စားချင်မိတယ်။

One of my favourite Myanmar salad. :D

မုန်းပါနဲ့ ယောင်းစ်ရဲ့..
လုပ်ကျွေးမှာပေါ့..
ယုံရဲ့လား..


မယ်ဆင်ရေ..
အမေတို့က ထမင်းဆိမ့်ခေါ်တော့..
ငါတို့ပါ လိုက်ဆိမ့်လိုက်တာပဲ..
ဘယ်လိုချက်လဲတော့မသိဘူး..
ကိုယ့်ဖာကိုယ် စိတ်မှန်းနဲ့ ချက်လိုက်တာ.
ဆန်ရေဆေးပြီး ဆားထည့် အရောင်အနည်းငယ်ထည့်ချက်တာပဲ။
ဇူလိုင်လထဲမှာ ဈေးရောင်းပွဲရှိတယ်လေ..
ကေကေကေ ရပ်ကွက်မှာပဲ..။ဟီးး

Anonymous ...လုပ်စားလေဗျာ..
စားချင်ရင်..
ကျနော်လည်း ဒါပထမဆုံးလုပ်တာပဲ။

မစူးနွယ်..
ရန်ကုန်မှာ အသုတ်တွေဘာတွေမစားဖူးလို့ မသိဘူး..
အထက်ဖက်မှာတော့ ခရမ်းချဉ်ရေကြဲလေး
ထည့်သုတ်နေကျပဲမို့လား.
ပိတ်စွယ်တော့ ကျနော်မသိလို့ပါ။။

မသီတာ..
ကိုဧရာ့ကို..ချက်ကျွေးပါ..ဟီး
ခရမ်းချဉ်ရေကြဲလေးပါအောင်ချက်ကျွေးပါ
ပဲမှုန့်များများ..စေးစေးလေးဖြစ်တာပေါ့။


ပေါက်

(မောလို့ခဏ နားတာ..
နောက်မှ ဆက်ပြန်မယ်နော်..
ဘောပွဲခဏကြည့်လိုက်အုန်းမယ်)

ဖြိုးဖြိုး..
နာတော်တာမှုတ်ဖူး..
ဘေးကလူတွေက စားချင်တယ်ဆိုလို့ ဆန္ဒဖြည့်ပေးလိုက်တာပါ ။
ငယ်ကတည်းက အမေလုပ်နေတာကို
မြင်ဖူးနေကျမို့..။


ဟီးးဟီးး
မရှင်လေးက..ပြန်လာတာမှ မကြာသေးပဲ။

ဟုတ်တယ် မသက်ဝေ..
အရင်ကဆို မလုပ်စားဖြစ်ဖူး။
အခုက သူငယ်ချင်းက စားချင်တယ်ဆိုလို့..။
၁၄ယောက်လောက်စားလိုက်ရတယ်..။
အစာတွေက ဖြေးဖြေးချင်းလုပ်ယူရင် ဘာမှ
မပင်ပန်းပါဘူး..။


မမကြိုက်မှန်းသိတယ်..။
စားစေချင်တယ်..။


မလုလုရေ...
ကျနော်က ဖြစ်သလို လုပ်တာ..။
စိတ်ထဲမှာ မှတ်မိသလောက်လုပ်ပေးတာ..။
အမေ့လက်ရာတော့ မမှီဘူး..အမှန်အတိုင်းဝန်ခံရရင်။
၂ပွဲမကဘူး..ကြိုက်သလောက်စားပါ..။

ညမလေး သစ်..
သူတို့လည်း သုတ်စားနေတာပဲကို..

မအပြုံးပန်း...
ဘာကြိုက်လဲ..
ပြော...
ချက်ကျွေးမယ်လေ..
ဟားဟား

ဟုတ်..ကိုထွန်းထွန်း..
ကျနော်က သင်္ဘောသီးသုတ်ဆို..
ယိုးဒယားထောင်းထက်..
အခုလိုသုတ်တာ ပိုကြိုက်တယ်။။

ပေါက်

ဒီညပဲသုတ်စားပါတော့မြည်

ထည့်တာတွေ အများကြီးပဲ
ပြောတာသာလွယ်တာ လုပ်ရင် ရှုပ်မယ့်ပုံကြီး

မပေါက်ရေ ... စားချင်စဖွယ်လေး ... ခရမ်းချဉ်သီးအနှစ်နဲ့ ထမင်းဆိမ်နဲ့တဲ့ ... ကောင်းလိုက်မယ့်ဖြစ်ခြင်း။ အိမ်မှာသုတ်စားဖြစ်ပေမဲ့ အဲလို ခရမ်းချဉ်သီး အနှစ်တော့ပါဘူးတော့။

စားချင်လိုက်တာ အရမ်းပဲ ...း(((

ပေါက်ရေ... မနေ့ ကပဲ ရုံးမှာအလုပ်လုပ်နေရင်း အသုတ်စုံလေးစားချင်စိတ်ပေါက်နေတာ... ပေါက်ပြင်ဆင်ထားပုံလေးက စားချင်စရာလေး... အမလဲ မြူရွက်သုတ်အရမ်းကြိုက်တယ်... ရန်ကုန်မှာတောင် မြူရွက်က ရှားတယ်ညီမရဲ့... သမီးလေးက အသုတ်ကြိုက်လား

ဟိုနားသွားကြည့်လဲ သင်္ဘောသီးသုပ်၊ ဒီလူ့သွားကြည့်လဲ သင်္ဘောသီးသုပ်၊ နောက်ထပ်တယောက်လဲ သင်္ဘောသီးသုပ်၊ တကမ္ဘာလုံး ရေကြောင်းသွားလာဆက်သွယ်ရေးတွေ ရပ်ဆိုင်းကုန်ရင် ညည်းတို့အပြစ်ပဲ။
ပုံ/ မစားရလို့မကျေနပ်သူ

အာဂျီးမားးး အသုပ်စုံက ပိုပီး စားချင်စရာကောင်းတယ်
ပရော်ဖက်ရှင်နယ်ကျတယ် ဟိဟိ
ခရမ်းချဉ်သီးချက်နည်းလေး ရေးပေးဦးလေ ဒါမှ သိမှာပေါ့

ပုံ
အစားအသောက်ဆို ဘာမြင်မြင် စားချင်သူ