7/01/2010

ဒန်ပေါက်


ဆမိုင် ပို့ စ်ပြန်တင်လိုက်တော့..ဒန်ပေါက်ကိုတင်ချင်စိတ်ဖြစ်လာတယ်..။။
အရင်ကလည်း ချက်ဖူး တင်ဖူးပါတယ်..။

ဒါမယ့်.မယ်ဆင်က ကိုဝင်းကြည်အတွက်ဆိုတော့
သနားစိတ်နဲ့ပြန်တင်ပေးလိုက်ပါတယ်..။




ဆန်ကို နို့စိမ်းနဲ့ ဆားနဲ့ ထောပတ်နဲ့
အရင်ချက်လိုက်ပါတယ် ။။
(ထပ်မံဖြည့်စွက် )
ရေ 2/3
နို့စိမ်း 1/3
ဆားကိုမှန်းထည့်ပါတယ်.။
ထောပတ် ထမင်းစားဇွန်း၂ဇွန်းလောက်(သို့)ကြိုက်သလောက်
ထောပတ်စားလို့မရရင် ဆီအစားထိုးထည့်နိုင်ပါတယ်။။

ထမင်းကျက်ရင် အရင်ဖွပြီး အောက်ပါပုံအတိုင်း..
ကြက်သွန်ကြော်
မဆလာ
ဆား
သကြား
စပျစ်သီးခြောက်ရောနယ်ထားပြီးသားကို
ချက်ပြီးသား ထမင်းတစ်ထပ် အဆာတစ်ထပ်
အောက်ပုံအတိုင်း တစ်လွှာချင်း စီထည့်ပါတယ်..။။
ကြက်သားချက်ထားတဲ့အဆီအနှစ်ကို
ဒီအချိန်မှာသင့်သလို ထည့်ပါတယ်။။

သြော်...မေ့လို့..
အနီရောင်နဲ့ အစိမ်းရောင်လေးကို အသင့်ဖျော်ထားပြီး
အဆာထည့်ချိန်မှာ လိုက်ဖျန်းပေးရုံပါပဲ..။။
ပြီးရင် ထမင်းအိုးကို ၅မိနစ် ။၁၀မိနစ်လောက် ထပ်နှပ်ထားပေးပါ။။
ပြီးလျှင် သုံးဆောင်လို့ရပါပြီ ။

အအီပြေ အချဉ်သုတ်အတွက် သခွားသီးနဲ့ ကြက်သွန်နီသုတ်..။။
သံပုရာသီးနဲ့ ဆားပဲ ထည့်ပါတယ်..။။
ပူဒီနာ မရှိလို့ နံနံပင်ထည့်ပါတယ်..။ ငြုတ်သီးစိမ်းလေးပါ ထည့်သုတ်
ပိုကောင်းပါတယ်..။။

rice cookerပဲသုံးပါတယ် ။။
ကြက်သားအတွက်ကတော့
ကြက်သားခုတ်ပြီးသားကို ကြက်သွန်ဖြူ ဂျင်းစိမ်း ဆားနဲ့
နာနာနယ်ပြီး နှပ်ထားပါတယ် ။ ကြက်သွန်နီမသုံးပါ ။
နနွင်းနဲနဲထည့်နယ်ပါတယ်..ကြက်သားညှီမှာ စိုးလို့ပါ..။
၂နာရီလောက်ကြာရင် အိုးမကပ်တတ်တဲ့ ဒယ်မှာ
မီးသေးသေးဖွင့်ပြီး ချက်ပါတယ်..။
ဆီ ရေ လုံးဝမထည့်ပဲ ဖြေးဖြေးချင်းချက်ပါတယ်..။
အဖုံးအုပ်ပေးထားရင် အကျက်လွယ်ပါတယ်..။။





မှတ်ချက် ။။ ။။ ခခ ဆရာမကို ကျွေးချင်လို့ ချက်ပါတယ်..။။
ဆရာမက ကိုယ်ကျိုးကို မကြည့်ပဲ ခခကို တစ်ပတ် ကို ၃နာရီ စာပြပေးတော့..
အားနာလို့ တစ်ခုခု ကျွေးချင်စိတ်ပေါက်လို့ ချက်တာပါ..။။
စာမွဲလည်း ဖြေပြီးသွားလို့ ပါပါတယ် ။။

19 comments:

  1. ပထမဆုံးပုံက တော်တော်ကောင်းမယ့်ပုံပဲအေ...အချဉ်သုတ်ကလေးလည်း စားချင်လိုက်တာ...။
    ကြက်သားတုံးလေးတွေက ဖြုဖတ်ဖတ်မဖြစ်ပဲ အပေါ်ညိုရောင်သမ်းနေတာ ကြော်ထားသေးတာလား..။

    ReplyDelete
  2. မေဆင်မမွေးရင် မေပေါက်မွေးပါ
    ခခလေးကိုကူထိန်းပေးမယ်
    တူ့အမေလိုတတ်ပုံမမှားအောင် တာဝန်ယူမယ်
    ရှလွတ်

    အားခွာ

    ReplyDelete
  3. ပေါက်ရေ လာပြီး အ၀စားသွားပါတယ်။

    ReplyDelete
  4. ကိုဝင်းကြည်အတွက်ပဲဖြစ်ဖြစ် ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် စားသွားမှာပဲ..
    သူပြောတော့ လွယ်လွယ်လေးပါလား ဒံပေါက်ချက်နည်းက..

    ReplyDelete
  5. ကြက်သားချက်နည်းရော ပြောပြပါ၊
    ဒန်ပေါက်ချက်နည်းကို စမ်းကြည့်တော့မယ်၊

    ReplyDelete
  6. မယ်ဆင်က ကိုဝင်းကြည်နဲ့လား။ အဟိ
    ဗိုက်ဆာနေတာ အတော်ပဲ။ ဒန်ပေါက်စားချင်တယ်။
    သြခွားသီးကို ခပ်သေးသေးလှီးတာပိုကြိုက်တယ်။
    mm

    ReplyDelete
  7. အရမ်းစားကောင်းမယ့်ပုံပဲ ပေါက်...
    ဆေးရည်လေးတွေကို ဘယ်လိုခေါ်ပြီး ဘယ်မှာဝယ်ရလဲဟင်...၀ယ်ချင်နေတာကြာပြီ...မသိလို့

    ReplyDelete
  8. အခုတလော ဒန်ပေါက် စားချင်နေတာနဲ့ အတော်ပဲ..။ ဒန်ပေါက်ဆိုတာနဲ့ အရောက်လာပြီးကြည့်တာ။

    ဒီလိုကျတော့လည်း ဒန်ပေါက်ချက်ရတာ သိပ်မခက်သလိုပဲနော်။ စားချင်စရာကြီး၊ လုပ်စားဦးမယ်..
    ပုံတွေကြည့်ရတာ ဗိုက်တင်ပါတယ်။ အဲ မွှားသွားလို့ ကျေးဇူးတင်ပါတယ်း))။

    ReplyDelete
  9. ကောင်းမဲ့ပုံ.

    ReplyDelete
  10. မပေါက်ရေ ...
    ဆန်ဘယ်လောက်ဆိုရင် နို့စိမ်းဘယ်လောက်ဆိုတဲ့ အချိုးအစားလေးပါ သိရရင်ကောင်းမယ်။ ရေရော ထပ်ထည့်ရသေးလား။ rice cooker နဲ့ချက်လို့ရတယ် မဟုတ်လားဟင်။ ပြီးတော့ ကြက်သားနဲ့ဘယ်လိုချက်ရတယ်ဆိုတာပါ သိချင်လို့ပါ။ မေးတာတွေ များနေပြီ။ :)

    ReplyDelete
  11. ဟင်.. မယ်ဆင် ကိုဝင်းကြည်နဲ့ ဆိုတ်ာမသိလိုက်ပါလား

    စားချင်တယ်.... ထမင်းမစားရတာ ၅ ရက်တောင် ရှိပြီ (အာလူးပဲ စားနေရလို့)

    ပုံ
    တောသမ အိတ်စ်ယောင်းစ်

    ReplyDelete
  12. ဒန်ပေါက်အရောင်က အစိမ်းလေးတွေရော ... အနီလေးတွေရော စားချင်စဖွယ်လေး ... ရယ်ဒီမိတ်ထုတ်တော့ ဖောက်ချက်ဘူးတယ်။

    ReplyDelete
  13. မယ်ဆင် ကြက်သားကိုဆီမပါပဲအိုးထည့်
    လှော်လိုက်တာ။မီးသေးသေးဖြစ်ပါစေ။။
    ကြက်သားကိုယ်က ဆီတွေ ရေတွေထွက်လာ
    ရင် အိုးဖုံးလေးအုပ်ပြီးထား..။။မကြာ မကြာလှန်ကြည့်ပေးပါ..။

    သားခွာ ခခတစ်ယောက်နဲ့တင်
    ခြေရော လက်ရော ဆလံ ။။

    မရှင်လေး ကြိုက်သလောက်စားပါ..။

    မယ်မြိုး..
    သာမီးကတော့ ဒီလိုပဲချက်လိုက်တာပဲ.။
    ဟင်းဟင်းး..
    ဟီး ဟီးး
    မအပြုံးပန်းမေးလို့ ကြက်သားချက်နည်း ထပ်မံဖြည့်စွက်ထားပါတယ်..။
    အဆင်မပြေရင်ပြောပါနော..။
    အမ်အမ်နဲ့မယ်ဆင် ကိုဝင်းကြည်ကို
    လုနေကြတယ်လား..နာ့ကိုမွေးစားလို့ပြောနေတာ သူ့ကို..buy 1 get1 free
    မစူးရေ..မလာတာကြာ..။
    ဆေးရည်တွေက မေမြို့က ပို့ပေးတာ။
    ထိုင်းနိုင်ငံထုတ်ပဲ..။နေ့လည်အားရင် ဓါတ်ပုံရိုက်ထားမယ်လေ ။

    ReplyDelete
  14. မမ ကြိုက်သလောက်စားသွားပါ။
    ကန်ဇွန်းရွက်ချဉ်ရေတော့ ကိုယ့်ဖာကိုယ်ချက်နော်။။

    မမေဓါဝီ ကြိုက်သလောက်မေးပါ..
    အေးဆေးပါ။
    မေးထားတာတွေ ပို့စ်မှာထပ်ဖြည့်ထားတယ်။
    ကျနော်ကတော့ ကြက်သားအရင်ချက်ထားတယ်။
    ဒါမှ ထမင်း ဒုတိယအချိန်၁၀မိနစ်ပြန်ချက်တဲံ့အခါ သုံးလို့
    ရအောင်လို့ ။၂ခါလုံး rice cookerနဲ့ ပဲချက်ပါတယ်။ ပထမအကြိမ် ထမင်းနဲ့ နို့စိမ်း
    ချက်ရာမှာ နို့စိမ်း+ရေ လက်တစ်ဆစ်မရှိ တရှိ ။မမေတို့ဆီမှာဆိုရင်တော့ ကုလားဆန်နဲ့ ချက်ရင် လက်တစ်ဆစ်ခွဲနီးပါးထည့်ရမယ်ထင်တယ် ။
    ကျနော်က ထိုင်းဆန်အသစ်နဲ့ဆိုတော့ ရေများလို့မရ ။

    ယောင်းစ် ..
    ပျော်ခဲ့ရဲ့လား..
    စားချင်ရင်
    ဟိုတစ်ယောက်ကို ချက်ခိုင်းပါ့လား..

    မတီတီဆွိ..
    ရယ်ဒီမိတ်ကိုတော့ ကျနော် မချက်ဖူးပါဘူး..။။အခုနည်းစမ်းကြည့်ပါ့လား.
    လွယ်ပါတယ်..။။

    ReplyDelete
  15. ချက်စားချင်လိုက်တာ၊
    ပေါက် ရေးထားတော့လဲ တော်တော်လွယ်တဲ့ဒံပေါက်ပဲ၊
    ပေါက်ရေ နေ့တိုင်းရောက်တယ်၊
    တစ်ခါတစ်လေ အသံတိတ်ပြန်သွားလို့
    ပေါက် ချမ်းချမ်း ပျော်ရွှင်ချမ်းမြေ့ပါစေ
    ဂျာမနီနော် :D

    ReplyDelete
  16. မေဓာဝီJuly 2, 2010 at 4:32 PM

    ထပ်မံ ဖြည့်စွက် ရှင်းပြပေးတာ ကျေးဇူးအထူး မပေါက်ရေ ... စမ်းချက်ကြည့်အုံးမယ်။ ဒန်ပေါက် မစားရတာ ကြာပြီ။ :)

    ReplyDelete
  17. ချက်တော့ ချက်တတ်ပါတယ်.. ပေါက်လောက်တော့ ကောင်းချင်မှ ကောင်းမယ်၊ နည်းနဲနဲကွဲတယ်

    ပျော်ခဲ့တယ်.. ပြန်လာစရာမလိုရင် ကောင်းမှာ

    အိတ်စ်ယောင်းစ်

    ReplyDelete
  18. ကျေးဇူးပဲပေါက်...တခါမှမချက်ဖူးသေးဘူး..စမ်းတော့ ကြည့်ချင်တယ် ဆေးရည်မရှိလို့

    စူးနွယ်

    ReplyDelete
  19. မချက်ချင်ဘူး။ ပေါက်ပဲ ချက်ကျွေးပါ။ စင်စင်နဲ့အတူ လာစားပါ့မယ်။ ကိုဝင်းကြည်နဲ့တော့ မဟုတ်ပါ။ :)

    ReplyDelete