ရက်စက်လိုက်တာ







ရက်စက်လိုက်တာ
ထူးအိမ်သင်



(ရယ်နေလား)
စွဲလမ်းတမ်းတတဲ့စိတ်နဲ့
မင်းကိုအိမ်မက်မက်ခဲ့တယ် အချစ်ကလေးရယ်..
(ရယ်နေလား)
နှလုံးသားထဲက သိပ်ချစ်မိတာ
ကိုယ်ပဲအမှား..
အိပ်မရတဲ့ အတွေးနဲ့
နိုးတစ်ဝက်အိပ်မက်လေးတွေ..
မင်းအရှေ့ရောက်ရင်
ရယ်စရာ ဖြစ်ဖြစ်သွားတော့..
ကိုယ်လေဝမ်းနည်းခဲ့ ဘယ်လိုသဘောမျိုးနဲ့..
နင်လေ ရက်စက်လိုက်တာ
ကိုယ်နားမလည်


(ပျော်နေလား)
အသည်းခွဲကစားတတ်တဲ့ မင်းအတွက်
အပျင်းပြေရင် ပြီးရောပေါ့နော်
အချစ်ကလေးရယ်..
(ပျော်နေလား)
မင်းရဲ့ အနားက သစ်ရွက်ကလေးလို
လေလွှင့်သွား..

အေးစက်တဲ့ အကြည့်နဲ့
အပြုံးတစ်ဝက် လှောင်ရယ်တတ်တဲ့
မင်းနှလုံးသားတွေ
အကြင်နာ ခေါင်းပါးလွန်းလို့..
ကိုယ်အံ့သြမိခဲ့..
ဘယ်လိုသဘောမျိုးနဲ့..
နင်လေ ရက်စက်လိုက်တာ
တို့တော့ နားမလည်...

ရက်ရက်စက်စက် လုပ်ရက်နိုင်တယ်..
ရက်ရက်စက်စက် ပြုံးနိုင်သူရယ်..
ရက်ရက်စက်စက် လုပ်ရက်နိုင်လွန်းတယ်..

(ရယ်နေလား)
အားး...ရက်စက်လိုက်တာ..


ထူးအိမ်သင်ရဲ့ ဒုတိယအခွေ မှော်ဆရာအိပ်မက်အခွေရဲ့ သီချင်းတွေ
ယူကျုမှာ တင်သူမရှိပါဘူး( အချစ်ဆုံးလို့ ကလွှဲလို့)
အခုလို တင်ပေးသူရှိတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်..
နောက်ထပ်..

သင်းကွဲငှက်
ပျော်မယ်ဆို



ပြောဖို့ကျန်ခဲ့တာက..ထူးအိမ်သင်က နာမည်အကြီးဆုံး အမေ့အိမ်သီချင်းက
ဒီအခွေ(မှော်ဆရာ အိပ်မက်) က ပါ..။။







4 comments:

အဲဒီအခွေထဲက သီချင်းတွေ အကုန်လုံး ကြိုက်တယ်...
အမေ့အိမ်ကိုတော့ နားမထောင်ရဲလို့ ကျော်ပြီး ကျန်တာတွေပဲ နားထောင်ဖြစ်တယ်...

ထူးအိမ်သင်သီချင်းတွေ အကုန်လုံးလိုနီးပါးကြိုက်တယ်.... ဆယ်ကျော်သက်အရွယ်ကို သူ့သီချင်းတွေနဲ့ရင်ခုန် ဖြတ်သန်းလာခဲ့တာ...

myanmar mp3.net မှာ အဲဒီအခွေမရှိဘူး၊
အဲဒီခွေနဲ့ ပထမဦးဆုံးခွေကို သိပ်ကြိုက်တာ။

ပဉ္စဂံတေးစုထဲက ထူးအိမ်သင် သီချင်းတွေ ပြန်နားထောင်ချင်တာ။ နောက် နေမျိုးဆေးတို့နဲ့ တွဲပြီး ထွက်တဲ့ အခွေထဲက သီချင်းတွေလည်း ရှာမရဘူး။ ရှာမရလို့ ကိုယ့်ဘာသာကိုယ် ဆိုပြီး အွန်လိုင်း တင်မလားလို့တောင် စဉ်းစားနေတာ။ :D

ဒါနဲ့ မအပြုံးပန်း မှော်ဆရာ အိပ်မက် နားထောင်ချင်ရင် ဒီမှာ လင့်ခ် ရှိပါတယ်။
http://www.esnips.com/web/MawSaYaEinMat