ပြူတင်းပေါက်

ပြူတင်းပေါက်တွေ့ရင် ဘေးမှာမှီပြီး ရပ်ပြီး ထိုင်ပြီး ငေးချင် ငိုင်ချင်
တွေးချင် ယဉ်ချင်တာ ဟိုးငယ်ငယ်ကတည်းကပါ ။။
ငယ်ငယ်တုန်းက (အိမ်မပြင်ခင်က) အိမ်နောက်ဖေးဆုံးက အခန်းမှာ
ပြူတင်းပေါက်တစ်ပေါက် ရှိခဲ့ဖူးတယ် ။ အဲဒီပြူတင်းပေါက်ကတော့ ဖွင့်လိုက်တာနဲ့
မြောင်းပုပ်စော်နံ့လေး တသင်းသင်းနဲ့ ။ နောက်ဖေးလမ်းကနေ သွားလာသူတွေရဲ့
စကားသံတွေနဲ့ ..........................။

အခုလို မွေးရပ်မြေမဟုတ်တဲ့နေရာမှာ....
အလုပ်နဲ့ အိမ်နဲ့ ပတ်ခြာလည်နေတဲ့ကိုယ့်မှာ ပြူတင်းပေါက်တစ်ခုရှိတယ် ...။
ပြူတင်းပေါက်လေးက ကိုယ့်ကို နေကောင်းလား...ဆိုတဲ့မေးခွန်းနဲ့ နုတ်ခွန်းဆက်တတ်
ပါတယ်...။။
ထမင်းစားပြီးရဲ့လား မေးတတ်တယ်...။
အလုပ်များရဲ့လား ..။ဧည့်သည်များရဲ့လား ....။စာရင်းတွေပြီးရဲ့လား...။
နေ့စဉ်နဲ့ အမျှ ...ထပ်တူထပ်မျှကျနေတဲ့ မေးခွန်းတွေနဲ့ မေးတတ်ပါတယ်..။
ကျနော်ကလည်း အဲဒီမေးခွန်းတွေကြားမှာ တခါတရံလည်း နွေးထွေး..
တခါတရံလည်း ငြီးငွေ့ သလို.........။

ဒီလိုနဲ့....
ကျနော် ပျော်တဲ့အခါ ...စိတ်ညစ်တဲ့အခါ ...စိတ်တိုတဲ့အခါ ...
ချောင်းဆိုးတဲ့အခါ.....နှာစေးတဲ့အခါ....အတင်းပြောချင်တဲ့အခါ...
ခ.ခ သင်္ချာညံ့တဲ့အခါ....လူမှုရေးပြဿနာပေါ်တဲ့အခါ.....
ဖွင့်အန်ချဖြစ်တဲ့ ပြူတင်းပေါက် ကလေး...။
အမှန်က ဒိထက်မကတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့ ။

ပြူတင်းပေါက်လေတိုးလို့ တစ်ခုခု မသက်သာတာဖြစ်ခဲ့ရင်လည်း
ကျနော်စိုးရိမ်တတ်ပါတယ် ။ ပတ္တာချောင်သွားလို့ဖြစ်စေ..
သံချောင်းလျော့သွားလို့ဖြစ်စေ ....ဆေးပြယ်သွားလို့ဖြစ်စေ...။
ဒါပေမယ့် ကျနော်တစ်ခုမှ လုပ်ခွင့်မကြုံခဲ့ပါဘူး ။ ကျနော့်ရဲ့
စိတ်စေတနာကိုတော့ ပြူတင်းပေါက်လေး နားလည်တန်ကောင်းပါရဲ့.......။

တစ်နေ့တော့ တစ်စုံတစ်ခုကြောင့် ပြူတင်းပေါက်လေး ပိတ်သွားပါတယ်..။
ကျနော်ကတော့ ဘုမသိ ဘမသိ သွားဖွင့်ကြည့်ပါသေးတယ် ။
မရဘူးရော.....။
ထပ်ကြိုးစားပြီး ဖွင့်ကြည့်ပါသေးတယ် ....။
ပွင့်မလာဘူး............။
.....................................။
အင်း....ပြူတင်းပေါက်တော့ ခက်နေပြီ လို့...။(စိတ်ထဲကနေ ရေရွတ်နေတာပါ)
ဘာပဲပြောပြော သူလည်းပဲ ကျနော်တို့အိမ်သားတစ်ယောက်လိုပဲ မဟုတ်လား..။
နောက်ဆုံးတော့...
ပြူတင်းပေါက်က ပြူတင်းပေါက် မဟုတ်ပါ..။
ကျနော် ပြူတင်းပေါက်လို့ ထင်နေတဲ့အရာဟာ ......
နံရံတစ်ခုဖြစ်နေတယ်............။
"အုတ်နံရံ "တစ်ခု ။






p.s
ကျနော် ည ည အိပ်မရပဲ စိတ်ပြူတင်းပေါက်မှာ တွေးမိတာတွေပါ..။
အခုညလည်း အိပ်မရပြန်ဘူး ။
ဒူးဆစ်က တစစ်စစ်ကိုက်နေတာလည်း ဒီပို့စ်ရေးဖြစ်တဲ့ အကြောင်းတရားတစ်ခုပေါ့...
အမှတ်ယစရာက ဖြစ်လာတာကိုး...။
ဒူးဆစ်မကိုက်တာ လအတော်ကြာပြီ..အဲဒီနေ့က မိုးမိသွားလို့....။








14 comments:

ပေါက်..ရေးတာတွေ မြင့်နေပြီနော်... လိုက်မမီဘူး...။

ပြူတင်းပေါက်၊ ပြတင်းပေါက်၊
ငယ်ငယ်ကတော့ "ဂဒင်းဘောက်" လို့
ပြောပလိုက်တာပဲ။

မယ်ဆင်

:)
နံရံပေါ်က ပုရွက်ဆိတ်ကလေး လာရယ်ပြတာပါ

စာလေးကောင်းတယ်၊
ကြည်အေး၊ ဂျူးတို့လို အတွေးမျိုးနဲ့။

ထွက်ပေါက်မရှိတဲ့နေရာမှာ ထွက်ပေါက်ကို အတင်းကြိုးစားရှာယူနေရင်း... အသိစိတ်ကသတိပြန်ရတဲ့အခါ ဒါဟာအမှန်တကယ်ထွက်ပေါက်ဖြစ်မနေခဲ့ဘူး...

စိတ်ချမ်းသာအောင်နေ.
သိတ်မြင့်တယ်
ဒီကပုတယ်။

ဲပြတင်းပေါက် သို့ နံရံမှာ ကပ်နေတဲ့ အိမ်မြှောင်လေး လာပြုံးပြပါတယ်။ ကျားယို..ဇီးယို..

kkkဆိုတာ ကုက္ကိုလ်ကိုင်းလား
း)

ချစ်ပေါက်ရေ...
အတွေးလေးနဲ့ ရေးထားတာလေးကို ကြိုက်လိုက်တာ...

ဘဝဟာ တခါတခါမှာ ပြူတင်းပေါက်လို့ ကိုယ်ထင်နေတဲ့ အရာတွေဟာ အုတ်နံရံတွေ ဖြစ်နေတတ်တယ်... ပြီးတော့ အဲဒီနံရံတွေကိုပဲ ခေါင်းမာမာနဲ့ တိုးတိုက်နေမိတဲ့ အခါတွေလဲ ရှိတာပေါ့လေ... ခေါင်းမကွဲမချင်း၊ ကိုယ့်မှာ်ခံနိုင်ရည်ရှိနေသ၍တော့ တိုက်နေမိအုံးမယ် ထင်တာပဲ...

နောက်လဲ ဒီလိုမျိုး အက်ဆေးလေးတွေ ရေးပါအုံး ပေါက်...

ဟေ့..မယ်ဆင်..
ဂဒင်းပေါက်ဘောင်ပေါ်မရပ်နဲ့..

သြော်..
ကြွက်မီတို့က လာဟားတယ်ပေါ့..။
တို့က အေးဆေးပါ..
အချစ်တွေ သိပ်များနေတဲ့ ကြွက်မီ...

မအပြုံးပန်း...သိပ်မမြှောက်နဲ့နော်..
ပြန်ကျရင် အထိနာလိမ့်မယ်..
စိတ်ထဲမှာရှိတာ ရေးလိုက်တာပါ..
မချောမွေ့ဘူးဆိုတာ ကျနော်သိပါတယ်..
ကျေးဇူး..

မရှာရွန်ပြောသလိုပဲ..
အဲတာ အမှန်တကယ်ထွက်ပေါက် မဟုတ်ခဲ့ဘူး....။
ထွက်ပေါက်တု...ထွက်ပေါက်ယောင်နေမှာ..

မမ...
ကျနော်ကလဲ မမြင့်ပါဘူး..


အမ်အမ်...ကျားယို ဇီးယို လာပေးတဲ့အတွက် ကျေး..
စုတ်တော့ မထိုးလိုက်နဲ့နော်..
ကဲကဲကြိုင် တဲ့လေ..


မသက်ဝေရေ...
မသက်ဝေရေးလိုက်မှ ပိုချောမွေ့
ပြည့်စုံသွားသလိုပဲ...
ကျနော်က ဝေါဟာရ မပြည့်ဝဘူး..။။
ခေါင်းကတော့ သွေးစက်စက်ယိုပြီး
ပေါက်သွားပြီ..။

ပေါက်ရေ .. ပြူတင်းပေါက် ဖေါက်သွားတယ်၊
အဲ ဖတ်သွားတယ်၊
ပေါက် က တော်တော်အတွေးကောင်းပဲ၊ အရေးလဲ ကောင်းတာပါပဲ၊
အိပ်မရလောက်အောင်တော့ မတွေးပါနဲ့၊
အိပ်ပျော်အောင်အိပ် .. တံခါးပိတ် ဂျိတ်
ဂွတ်နိုက် ပေါက် ချမ်း .. cmok

This comment has been removed by the author.

ဒူးဆစ်ကဘာလို့ကိုက်တာလဲ အခုရော ကောင်းသွားပြီလား..

အုတ်နံရံကြီးလာဖြိုပေးရမလား..

KKK=ခင်ကြီးကျယ်
:P

မပေါက်က ရယ်ပြတာကိုတောင် ရိလွှတ်တယ်

ဖြိုး..
ဖေါက်လိုက်တာ ထွက်ပေါက် ဖြစ်သွားတယ်..
ကောင်းထှာ..

မြိုး..
ဒူးဆစ်ကိုက်တာ ငယ်ကတည်းက..
မိုးမိရင်..အေးရင်..မိုးရွာရင်..ဖြစ်တတ်တယ်..


ရွှန်းမီ..
ဆွေးနေပြီလေ..
ရိတာမဆန်းတော့ဘူး..
ဟိဟိ