4/14/2010

သို့............

သို့....
(....) နေကောင်းလား...
ငါ စာရေးလိုက်ပါတယ်...
......................
...........
........................


ပေါက်


သူငယ်ချင်းတွေဆီစာရေးတာ ငယ်ကတည်းက ဝါသနာပါပါတယ်..။။
အထူးသဖြင့် တစ်မြို့တည်း ရပ်ကွက်မတူတဲ့ သူငယ်ချင်းတွေ ဆီစာရေးဖြစ်ပါတယ်။။
အလွန်ဆုံး ကျောင်းမှာ အရှေ့တန်းနဲ့ အနောက်တန်းနဲ့ စာရွက်လေးတွေနဲ့ စာရေးဖြစ်
စကားပြောဖြစ်ပါတယ် ။။ အရေးအသား အဖွဲ့ အနွဲ့ တွေ မတတ်ပေမယ့်လည်း
ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ရေးချလိုက်ရတာ ပျော်ပါတယ် ။။
တစ်မြို့တည်းနေ သူငယ်ချင်းတွေကို စာပို့ပေးတဲ့စာပို့သမားလေးများကတော့..
ကိုယ့်မောင်လေးနဲ့ သူတို့မောင်လေးတွေ ဖြစ်ပါတယ်..။။(သူတို့ကတော့ မကြည်ဖြူဘူးပေါ့
ဒီလိုပဲ ချော့ခိုင်းရတာပဲ ..)
နောက်တော့ သူငယ်ချင်းတင်မကဘူး ။ သူငယ်ချင်းရဲ့ သူငယ်ချင်းကိုတောင် စာရေးဖြစ်ပါတယ်။။
အဲဒါကတော့ ကြုံလို့ရေးဖြစ်တာပါ ။တစ်ရက် မောင်လေးက ညံတောသွားစရာရှိတယ်ဆိုတော့..
သူငယ်ချင်းရဲ့ သူငယ်ချင်းက အဲဒီဖက်မှာနေတာနဲ့ ကြုံလို့ သူ့ဆီစာရေးဖြစ်ပါတယ်..။။
အဲဒါကို သူက အခုထိပြောလို့မဆုံး..ဟားလို့မဆုံးပါဘူး..။။
နောက်တော့ သူငယ်ချင်းက သိပ်ကဗျာဆန်လာပါတယ်...။။
ကိုယ့်ဆီ ချစ်စရာ ပို့စ်ကဒ်လေးတွေထဲမှာ စာသားလေးတွေနဲ့ ပို့ပေးပါတယ်..။။
ကိုယ့်ဖက်ကတော့ စာပဲရေးပို့ပါတယ်..။ဟုတ်တယ်လေ..သူ့လောက်တော့ ကဗျာမဆန်နိုင်ပါ။
ကိုယ့်အဖွဲ့လေး နှစ်ပတ် တစ်ခါ ကန်တော်ကြီးစောင်းကန်ပေါင်မှာတွေ့ဆုံချိန်တိုင်း
ဆိုင်တွေကပေးတဲ့ ဘောက်ချာစာရွက်လေးပေါ်မှာတစ်ယောက်တစ်ပေါက်
ရေးခဲ့တဲ့ ပေါက်ကရလေးဆယ် စာရွက်လေးတွေလည်း
ဘဝမှာ အမှတ်ရစရာလေးတွေအဖြစ် အခုချိန်ထိ သိမ်းထားဆဲပါ။။
ဒါပေမယ့်..သူငယ်ချင်းတိုင်းပို့တဲ့ စာတွေ ပို့စ်ကဒ်တွေ အခုချိန်ထိ အိမ်မှာ သိမ်းထားပါတယ်...။။


ဟိုတလော အိမ်အပြောင်းအရွေ့မှာ မြန်မာက ပို့တဲ့စာတွေ တစ်ထပ်ကြီးပြန်တွေ့ပါတယ်..။။
လူမျိုးစုံ လိုင်းပေါင်းစုံ အလွှာပေါင်းစုံကသူငယ်ချင်းတွေရဲ့စာတွေ အိမ်သားတွေရဲ့စာတွေ
အိမ်နီးနားချင်းတွေရဲ့စာတွေကိုဖတ်ပြီး ဝမ်းသာပီတိဖြစ်ရပါသေးတယ်..။။

အခုတော့..
အရင်တုန်းကလို စိတ်လွတ်လပ်စွာနဲ့ စာမရေးနိုင်တော့ပါဘူး..။။
စာရေးမယ်ကြံစည်လိုက်တိုင်း ဘဝအတွေးညစ်တွေကြောင့် ရေးမထွက်တော့ပါဘူး။
သူငယ်ချင်းတစ်ယောက်ဆီ မေးလ်တွေရေးပို့နေဆဲပါ...။။
သူ့ရဲ့အကောင့်က အလုပ်လုပ်ချင်မှ လုပ်တော့မှာ ဖြစ်ပေမယ့် ရေးပို့နေဆဲ.....။။

13 comments:

  1. သို့
    ပေါက်
    နေကောင်းလား နာစာရေးလိုက်ပါတယ်.. နာအခု အိမ်ပြန်ရောက်ပြီးထမင်းစားပြီးပြီ... ပေါက်ဆီက ပြန်စာကို မျှော်နေမယ်..

    မှ/
    မြိုး

    ReplyDelete
  2. တို့လည်းအဲလိုပဲ စာတွေတော်တော်ရေးခဲ့တယ်..
    ဒါပေမယ့် အချိန်အတိုင်းအတာ တခုအထိပဲ သိမ်းတာ..ကြာသွားရင် ရှင်းရှင်းပစ်တယ်..မသိမ်းတတ်ဘူး..

    ReplyDelete
  3. အဲလိုမျိုးစာတွေမရေးတော့တောင်နှစ်ပေါင်းတော်တော် ကြာခဲ့ပြီ... ခေတ်ကြီးကပြောင်းလဲလာတော့ အီးမေးလ်တော့ ပို့ဖြစ်နေတယ်...

    ReplyDelete
  4. သို့..
    မြိုး
    ငါစာပြန်လိုက်ပါတယ်...
    နေကောင်းတယ်..
    မနက်စာစားပြီးပြီ...
    ဒီနေ့နေသာတယ်...
    စိတ်မသာဘူး..


    မှ..
    ပေါက်


    မစူးရေ..
    သိမ်းထားတဲ့ စာအဟောင်းတွေဖတ်ရတာ
    ကြည်နှူးဖို့ကောင်းတယ်..

    မရှာရွန်..
    စာရွက်နဲ့စာရေးတာ ပိုပြီး နွေးထွေးသလိုလားလို့။
    ဟိုနေ့ကတောင် သူငယ်ချင်းတစ်ယောက်ဆီရေးပြီး
    ပြန်ဆုတ်ဖြဲလိုက်တယ်..မပို့ချင်တော့လို့..။
    ပြောမယ့်သာပြောရတာ ဟိုတလောက
    စာတစ်စောင်တည်းရေးပြီး လေးစောင်လောက်ကူးပြီး
    စာပို့ဖူးတယ်...။။ ငပျင်းလုပ်တာပေါ့..။ဟိ

    ReplyDelete
  5. ပေါက်ရေ… ရတန်းတုန်းက အရမ်းခင်တဲ့ သူငယ်ချင်းတယောက်နဲ့ စိတ်ကောက်ပြီး စကားမပြောဖြစ်ဖူးတယ်… နောက်တော့ ပြန်ခေါ်ချင်တော့ စာတွေ အပြန်အလှန်ရေးကြတာ… ရေးလို့ ကောင်းရင်းကောင်းရင်းနဲ့  သူနဲ့ အချစ်တော်ဖြစ်ပါလေရော… မတန်ခူးတို့ ဆိုးချက်ကတော့နော်… အမဆီစာရေးပါ… အီးမေးလ်နဲ့ ပေါ့… ပေါက်စာလေးတွေက ရင်ထဲရောက်တယ်…

    ReplyDelete
  6. သို့
    အပေါက် (ah-pauk)
    သတိရစွာဖြင့်စာရေးလိုက်ပါသည်။
    ...
    ..
    .
    လက်ရေးမလှ ၊ ဒို့ဘဝ၊
    သည်းခံဖတ်ရန် ၊တို့တောင်းပန်။

    မှတ်ချက်။ ။ ချစ်ရင်စာပြန်ပါ။

    မယ်ဆင်

    ReplyDelete
  7. ဟိုက်..အပလုလုပ်တာ စောင့်ရမယ်လား...သိပါဝူး...ခွိခွိ

    ReplyDelete
  8. သို့...
    ပေါက်ရေ...
    သတိတရ စာရေးလိုက်ပါတယ်.. မတွေ့တာ ကြာလို့ သတိရနေတယ်...ပေါက်ရဲ့ စာကို အခုမှ ဖတ်ရလို့ အခုမှ ပြန်ရတာ ခွင့်လွှတ်နော်..ဟဲဟဲ..

    ခင်တဲ့
    tg

    တို့လည်း သူငယ်ချင်းတွေဆီ စာရေးရတာ တော်တော်ဝါသနာပါခဲ့တာပဲ...အခုထက်ထိ စာလေးတွေ ရှိနေသေးတယ်.. ငယ်ငယ်ကတည်းက ဟိုရွှေ့သည်ပြောင်းလုပ်နေရတော့ ဘယ်တော့မှ ပြန်မဆုံဖြစ်တော့တဲ့ သူငယ်ချင်းတွေဆီက စာတွေရော..အများကြီးပဲ...သိမ်းထားတာများနေပြီဆိုပြီး သံယောဇဉ်တွေ ဖြတ်မယ်ဆိုကာမှ ပြန်ဖတ်မိရင်း ပြန်သတိရရင်းနဲ့ စာတွေကို အခုထက်ထိ သိမ်းထားတုန်း...:)

    ReplyDelete
  9. သို့
    ပေါက်ထုံ
    တို့လဲ ငယ်ငယ်က သူငယ်ချင်းတွေဆီ နံပါတ်စဉ်တပ်ပြီး လက်ရေးသေးသေးလေးတွေနဲ့ ၄ ၅ မျက်နှာ အပတ်စဉ် ရေးခဲ့တာတွေ သတိရတယ်။
    မေတ္တာဆိုတာ အလျားအနံ ရှိသလို အသွားအပြန် လဲ ရှိပါတယ်။
    စံပယ်နှစ်ပွင့် ထရံကာ၊ တကယ်ချစ်ရင် စာပြန်ပါ။
    မှ
    လှထုံ
    (၀န်ခံချက်။ ။ ပို့စကဒ်ထဲက စာတွေ ကူးချ၊ ခဲတံကို တံတွေးဆွတ်ပြီး တကုံးကုံး ရေးလိုက်တယ်)

    ReplyDelete
  10. ပေါက်ရေ
    စာရေးဝါသနာပါတယ်လား၊ လိပ်စာပေးမယ်လေ၊
    ရေးပို့မှာလား ဟီဟိ
    ဒို့ကတော့ စာရေးပျင်းတယ်၊ ပြောရင်ယုံမှာလားမသိ၊
    သိမ်းထားတာ ဘာစာမှမရှိဘူး၊ အမေပို့ပေးတဲ့ မွေးနေ့ကတ် စာတိုတိုလေးရယ်၊ ဒါပဲရှိတယ်၊
    ဒို့ကလဲ မရေး၊ ဒို့ဆီလဲ မရေး (စကားမစပ်) ကိုယ့်ဘာသာပြောရင် ဘယ်လိုနာမ်စားသုံးရမှန်းကို မသိဘူး၊ အမလို့ပဲ ကိုယ့်ဘာသာသုံးတာများတော့ ခု ဒို့လို့ရေးကြည့်လိုက်တယ် ဟီးဟီး

    ပေါက် ပျော်ရွှင်ချမ်းမြေ့ပါစေ
    နှစ်သစ်မှာ ပိုပြီးတိုးတက်ကြီးပွားအောင်မြင်ပါစေ
    စိတ်ချမ်းသာ ကိုယ်ကျန်းမာ အလုပ်မလုပ်ပဲပိုက်ဆံရ(ထီပေါက်)ပါစေ
    ချစ်တဲ့

    ReplyDelete
  11. ဟုတ်သားပဲ အရင်က အပလု မရှိဘူးလားလို့
    ပေါက်လဲ စိစစ်ရေးထားလားပြီ၊ :)

    ReplyDelete
  12. မတန်ခူး..မယ်ဆင်..မလှထုံ..မသိဂီ င်္ ကျေးဇူး
    ပါ...နောက် သတိရတိုင်းစာရေးပေးပါနော်..။။
    ဖြိုးဖြိုးရေ...
    စာတွေသိမ်းထားပြီး နောင်တစ်နေ့နေ့ ပြန်ဖတ်တဲ့အခါ
    ကြည်နှူးရတာပေါ့..

    နောက်ပြီး..
    မော်ဒရိတ်လုပ်ရတဲ့အကြောင်းရင်းက..
    ပို့စ်အဟောင်းတစ်ခုမှာ ဘာမှန်းမသိတဲ့ကော်မန့်တစ်ခု
    အမြဲလာလို့ပါ..

    ReplyDelete
  13. နာ့ရဲ့အကောင့်ကတော့ အမြဲအလုပ်လုပ်နေပါတယ်လေ..
    ဒါပေမဲ့ ဘာစာမှ ရောက်မလာပါဘူး.. :(

    ReplyDelete