၁၁.၀၄.၂၀၁၀

အခုရက်တွေမှာ ခပ်ပျင်းပျင်းဖြစ်နေတယ်..။။
အလုပ်က ရှိတာလည်းမဟုတ်...အားနေတာလည်း မဟုတ်...။။
ကိုယ့်အဖြစ်က ဘာမှန်းတောင် မသိတော့ဘူး..။။ဘလော့ဂ် ရေးရလောက်အောင်လည်း စိတ်ကမပါ...။။(တကယ်ပါရင်လည်း ဘာမှဖြစ်ဖြစ်မြှောက်မြှောက်ရေးတတ်တာလည်း မဟုတ်..)
မနေ့က အပြင်သွားဖြစ်တော့ ရိုက်ဖြစ်တာလေးတွေ တင်ဖြစ်ပါတယ်..။။
တစ်နေ့ကလည်း အပြင်သွားတာပါပဲ.......။။
မေမြို့သူအမျိုးတွေနဲ့ပေါ့လေ....။။


မြက်ခင်းစိမ်းစိမ်းနဲ့....ကောင်းကင်ရယ်...


အဖြူရောင်ချယ်ရီရယ်...



ဘဲလား..
ငန်းလား...
မန်ဒါလီလား..
မသေချာတဲ့..
လှပနေတဲ့ စုံတွဲလေး...
သူတို့ဖာသာသူတို့ နေနေကြတာကို.....

သူတို့အနားသွားမိတော့
မျက်နှာတောင် ဟိုဖက်လှညိ့လိုက်သေးတယ်..
ကိုယ့်ကို စိတ်မပူပါနဲ့...။။
(ဖမ်းပြီးချက်မစားပါဘူး..ညှီမှာစိုးလို့....)


ဟိုတစ်ကောင်ကအလိုက်ကန်းဆိုးမသိစွာနဲ့..
ရေထဲဆင်းလိုက်တော့...
ဒီတစ်ကောင်မှာတော့
လိုက်ဆင်းရနိုး...ဆက်ရပ်နေရနိုးနဲ့...
တွေးနေတုန်း....



နောက်ဆုံးတော့...
အနောက်ကနေ အပြေးလေး..
အဲလေ..
ကမန်းကတန်း ရေထဲခုန်ဆင်း လိုက်ပါတယ်..။
သြော်..နောက်ဆုံးတော့..
ပျော်ရွှင်စွာပေါင်းဖက်ကြလေသတည်း....။။
ရေးချင်ရာရေးခဲ့တယ်..
ဖတ်ချင်သလိုသာဖတ်ကြပါတော့..။။

10 comments:

ဒါလဲ ပိုစ့်တပုဒ်ပါပဲ...
Romantic ပေါ့လေ...း))

ဓါတ်ပုံတွေ လှတယ် ပေါက်...

ဘဲဇတ်လမ်းပေါ့လေ.. :D
ပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်းပဲ တွေ့ချင်ပါတယ်..

ဓာတ်ပုံတွေ တကယ်လှတယ်ပေါက်။ဘဲဇာတ်လမ်းလေး (မြိုးစကား) က ချစ်စရာ။

မယ်ပေါက်တို့များ ဘဲက အဖက်မလုပ်ဘူးပေါ့လေ...။ ဟိ.....။

အတွဲတွေ ဓာတ်ပုံလိုက်ရိုက်တော့ ဟိုက ရေထဲဆင်းပြေးပြီ =P

ချစ်စရာ မန်ဒါလီ ဇာတ်လမ်းလေးပေါ့ပေါက်ရယ်… အဲလိုနေရာလေးတွေ သွားအပန်းဖြေရတာ စိတ်ကို အတော်ကြည်လင်မှာနော်… အားကျပြီး ဒီက ရစာဗာ သွားချင်စိတ်တောင်ပေါက်သွားတယ်… ဒီမှာက သဘာဝရှားပြီး လူဖန်တီးတာများတယ်ညီမရေ…

အရင်လိုပါပဲ............

ချင်းဆိုတာနော်.. :P

တကယ်တော့ မပျံတတ်လို့ ရေထဲ ဆင်းလိုက်ရတာပါ။ :)

ပေါက်
မနာလိုချင်သလိုတောင် ဖြစ်လာပြီနော်
အရေးအသားရော
ရိုက်ချက်တွေကိုရော
ဟွန့်

ပုံလေးတွေ လှတယ် ပေါက်...