ထမင်းချဉ်



ကြော်ငြာဝင်တာ..
ငှက်ပျောသီးမုန့်..စားကောင်းတယ်..
ချစ်ညီမလေးတစ်ယောက်ပြုလုပ်သည်။။


ဂျူးမြစ်လေးတွေနဲ့ လိုက်ဖက်တယ်..။။
တိုဟူးခြောက်ကြော်ရှိရင် ပိုကောင်းမယ်..။။




ထောပတ်သီးဖျော်ရည်



ထမင်းချဉ်လုပ်စားဖြစ်ပါတယ်....။။
ဆန်ကို နနွင်းနဲ့ရေစိမ်ပြီးချက်ပါတယ်...ထမင်းကျက်တဲ့အခါ
ခရမ်းချဉ်ရေကျဲချက်ထားတာနဲ့မကျည်းရည်နဲ့နယိပြီးလုံးထားပါတယ်..။။
ပဲပုပ်ချပ်လေးတွေကိုမီးကင် ထောင်းပြီး..ခရမ်းချဉ်သီးနဲ့ဆီသတ်ချက်ထာားပါတယ်..။
အစာအတွက်တော့ ကြက်သွန်ဖြူကြော် ။ မြေပဲထောင်း ။ငန်ပြာရည် ။ကြက်သွန်နီစိမ်း။
မုန်လာထုပ်ပါးပါးလှီး ။နံနံပင် ။ငြုပ်သီးနဲ့ အိမ်ရှင်စိုက်ထားတဲ့ဂျူးမြစ် ။
ငါးဖယ်လဲကြော်ထားတယ်...။။ကျန်တဲ့မုန်လာထုပ်ကို ပုဇွန်ခြောက်နဲ့ဟင်းရည်ချက်ထားပါတယ်။။
အမေ့ကို သတိရတယ်..။။
အမေက ထမင်းချဉ် သိပ်ကြိုက်တယ်..။။
ငယ်တုန်းက ဈေးပိတ်ရက်ဆို အိမ်မှာ ထမင်းချဉ်လုပ်စားတတ်တယ်..။။
အိမ်နီးနားချင်း မိတ်ဆွေတွေကိုလဲဝေတတ်တယ်..။။
အခုဆို..နှစ်တိုင်း မှာ..တစ်လလောက်တော့ လုပ်ဖြစ်ပါတယ်..။။


11 comments:

ဂျူးမြစ်တော့အရမ်းလွမ်းသွားပြီ...
ပဲပုပ်လေးနဲ့ ဟင်းချက်ထားတာလဲကြိုက်တယ်

အိမ်ချင်းနီးချင်ပါဘိတောင်း။

စားချင်လိုက်တာ..မပေါက်ရေ.. လုပ်စားကြည့်ဦးမယ်..
ဂျူးမြစ်ကို ဒီမှာမတွေ့ဘူး စိုက်ချင်တယ်တော့ အင်္ဂလိပ်လို ဘယ်လိုခေါ်လဲသိလားဟင်..


မြတ်နိုး

ထမင်းချဉ် စားချင်လိုက်တာ အပေါက်ရယ်...ဂျူးမြစ်လေးတွေကလည်း ဖွေးလို့...စောစောစီးစီး လာငမ်းသွားတယ်...:)

စားချင်တာ---ပေါက်ရယ်....
ပြေးတောင်လာချင်သေး

ထမင်းချဉ် အလုံးတွေ များလှချည့်...........
၁၁ လုံးလား၊ ၁၂ လုံးလား...
မယ်ပေါက်တို့ တယ်အစားပုတ်သကိုး။

sdl

တစ်ပွဲလောက်...
mm

ရှလွတ်.. ပလွတ်.. ပလွတ်

ငှက်ပျောသီးဆနွင်းမကင်းတော့ အသေကြိုက်...
ပေါက် ငှက်ပျောသီးမုန့်က အနီရောင် မဟုတ်ပါလား...


sdl

ထမင်းချဉ်နဲ့ ဂျူးမြစ်နဲ့ စားချင်လိုက်တာ.....

ငိုချင်တယ်ကွာ