ပန်း


ပန်းကြိုက်တဲ့အထဲမှာကိုယ်မပါတာသေချာပါတယ်
ဒါပေမယ့်...
အခုတလောထိတွေ့နေရတဲ့ပတ်ဝန်းကျင်က...
ကိုယ့်ငယ်ဘဝကိုသတိရစေတာအမှန်ပဲ...

အထူးသဖြင့်ခိုင်ရွှေဝါပန်းပင်တွေကို
မျက်ဝါးထင်ထင် တွေ့မြင်လိုက်တဲ့အခါ စိတ်တွေအထူးလှုပ်ရှား
နောက်တော့ ခိုင်ရွှေဝါပန်းပင်တွေ့တိုင်း
ဓါတ်ပုံတဖျတ်ဖျတ်ရိုက်မိတတ်တာပါပဲ..။။
ပန်းအမည်တွေပြောပြမတတ်တဲ့..
ငယ်ကတည်းက ရင်းနှီးနေတဲ့ပန်းလေးတွေတွေ့ရင်လည်း
မဖေါ်ပြတတ်တဲ့ ရင်းနှီးမှုတွေနဲ့
အဲဒီပန်းပင် ပန်းခင်းလေးတွေနားမှာ
တဝဲလည်လည်...။။



လမ်းကြားလေးတစ်ခုမှာတွေ့ခဲ့တဲ့
ခိုင်ရွှေဝါပန်းပင်..။။



ခိုင်ရွှေဝါပန်းပင်
အနားကပ်ကြည့်ရင် သင်းသင်းလေးမွှေးနေပါတယ်...။
ကပ်ကြည့်ကြပါ့လား...။။



ဒါလည်း..ဆွေမျိုးပန်းလေးတွေပေါ့..။။




11 comments:

လှလိုက်တဲ့ပန်းကလေးတွေ... ဘယ်နားကလဲဟင်... ရောက်ဖူးချင်စိတ်ပေါက်သွားလို့ :)

ပေါက်စ်... ပန်းလေးတွေအရမ်းလှ..
နှင်းပန်းလေးတွေစုစုပီး ပွင့်နေတာလေးက အရမ်း ချစ်ဖို့ကောင်းတာဘဲ..
အဲဒီအပင်ကြီးက ခိုင်ရွှေဝါပန်းလို့ခေါ်တာမသိဘူးရယ်..
ခုမှသိရတယ်..း)

ဒီမှာလည်း ပန်းဝါ၀ါလေးနဲ့ pansy ပန်းတွေ စပွင့်နေကြပြီ...နွေးလာပြီဆိုတဲ့အဓိပ္ပာယ်ပေါ့ :)

ဟုတ်တယ် ပေါက် ကိုယ်လဲပဲ...

သူများဆီရောက်နေတော့ ငုဝါပန်း ပိတောက်ပန်းပင်တွေ့ရင် အမျိုးနဲ့ တွေ့သလိုပဲလို့ ခံစားမိတယ်။ ပြီးတော့ အညာမှာ စိန်ပန်းဝါ ခေါ်တဲ့ အပင် ရုံးသွားတဲ့ လမ်းတလျှောက်မှာ အများကြီးရှိတယ်။ ဟိုရက်က လမ်းပေါ်ကြွေကျနေတာ အများကြီး တွေ့လို့ ဓါတ်ပုံရိုက်လာသေးတယ်။ တခြားပန်းတော့ ဒီလောက်မဟုတ်ဘူး။

ခိုင်ရွှေဝါ လို့ ခေါ်တဲ့ ပန်းပင်လည်း ငယ်ငယ်က အိမ်ရှေ့တံခါးနားမှာ ရှိတာ သတိရမိတယ်။ ဒါပေမဲ့ ပေါက် ပြထားတဲ့ ပန်းနဲ့တော့ မတူဘူး။ အခေါ်ကွာတာ ဖြစ်မယ်။

လှလိုက်တာ..ပန်းတွေ


sdl

ထိုင်ဝမ်မှာမဟုတ်ဘူးထင်တယ်။
ပေါက်ပြောတဲ့ပန်းနာမည်တွေ အခုမှသိတယ်။
ပန်းပုံတွေ မြင်ဖူးတယ် နာမည်မသိတာ။
mm

အနားကပ်ကြည့်ရင် သင်းသင်းလေးမွှေးနေပါတယ်...
ကပ်ကြည့်ကြပါ့လား... တဲ့...
ဆိုးတဲ့ ပေါက်နော်...
ဒါ့ပုံက ဘယ်လို မွှေးနေမှာလဲ...

ပန်းလေးတွေ လှတယ် ပေါက်...
ကိုယ်လဲ ပန်းမကြိုက်ပါဘူး... ဒါပေမယ့် လှတာလေးတွေ တွေ့ရတော့လဲ စိတ်ထဲ ကြည်ကြည်လင်လင်ရှိသား...း))

ခိုင်ရွှေဝါပန်းကို မသိဘူး၊
အခုမှ မြင်ဖူးတာ၊
အမည်လေးလှသလို ပန်းကလဲ လှတယ်နော်၊
ပန်းတွေမြင်ရင် စိတ်က အလိုလိုချမ်းသာတယ်။

တို့လည်း ပန်းချစ်သူထဲ မပါဘူး ပေါက်ရဲ့.. ဒါပေမယ့် လှတာ မွှေးတာလေးတွေတော့ ခံစားတတ်ပါတယ်..ဟဲဟဲ..ပန်းနံမယ်တွေတော့ သိပ်ပြီး မသိဘူး..ပန်းမြို့တော်မှာမွေးတဲ့ ပေါက်အဖို့တော့ ပန်းတွေမြင်တိုင်း အိမ်ကို လွမ်းနေမှာပဲနော်... စိတ်ချမ်းသာတယ်ပေါက်ရေ... လှလှပပ ပုံတွေ မြင်ရတာ.. အခု ဒီမှာ သိပ်ပူတော့ အပူရောင်တွေပဲ များနေတာကိုး...:)

ပန်းမကြိုက်တဲ့
မောင့်ပန်းပေါက်ပေါက်ရယ်...
ပန်းပေါက်ပေါက်ရယ်...

(ဟင်းသတထွင်းယဉ် အသံဖြင့် ဖတ်ရန်)

ကဗျာ မဟုတ်ဘူးနော်
ဟင်္သာတ ထွန်းရင်ရဲ့ နာမည်ကြီး သီချင်းထဲက စာသား...

ဟုတ်သား ပေါက် ပန်းနဲ့ မတူဘူး။ အညာမှာတော့ ဖဘကဟာမျိုးကို ခိုင်ရွှေဝါခေါ်တယ်။