အပြောင်းအလဲ

တစ်ည....ကိုယ်တီဗွီငေးနေတုန်း...
..တန်းပလိပ်လေးပြောင်းလိုက်ပါ့လား...လို့ ပြောလာပါတယ်။
..ဘာလို့ပြောင်းရမှာတုန်း..ပြောင်းပါဘူး..လို့ပြန်ပြောလိုက်တယ်...။

ကျနော်ဆိုတဲ့သူက..အစွဲသိပ်ကြီးတယ်ပြောရမယ်..ထင်တယ်..။
(အမှန်ကတော့..အပျင်းကြီးတာပါ..)
အပြောင်းအလဲတွေလုပ်ရမှာ မကြိုက်လှဘူး။
(အခုလောလောဆယ်မှာပဲ...တော်တော်ကြီးမားတဲ့ပြောင်းလဲမှုပြုလုပ်နေဆဲ..ဟီးး)၊

နောက်..ဆက်ပြောမိတာက..
ဒီတိုင်းပဲကောင်းပါတယ်...ထား..ထားလိုက်လို့...ပြန်ပြောလိုက်တယ်။
သူကတော့...အားမလျှော့ပဲ...ပြောင်းလိုက်ပါ့လား...ဒီပုံစံလေးတွေမဆိုးဘူး..ဆိုပြီးး
ဆက်လက်မြူဆွယ်နေတယ်။
ကျနော်တစ်ချက်လှမ်းကြည့်တော့...သူပြနေတဲ့ပုံလေးတွေကမိန်းမဆန်ဆန်လေးတွေ..။
မကြိုက်ပါဘူး.....ငါ့ကို..ဒီပုံစံတွေမပေးပါနဲ့..ဆိုတော့...
သူ...ကိုယ့်ကိုနားလည်သွားတယ်..(ထင်ပါတယ်)၊
ဟေ့...သုံးကော်လံပါတဲ့ဟာမှယူမှာနော်..နှစ်ကော်လံတွေငါမကြိုက်ဘူးလို့..
ဘေးကနေ တတွတ်တွတ်ရေရွတ်ပြနေသေးတယ်။
မပြောင်းချင်လို့သာတော်တော့တယ်...ဟားဟား။
ဒီလိုနဲ့.............
ကိုယ့်အိမ်လေးဟာ..သူ့လက်ခုပ်ထဲကရေလို..
....................................။

15 comments:

လျှက်တပြက်အတွေးကလေးကိုဖတ်သွားသည်။

ဘယ်သူ့လက်ခုပ်ပါလိမ့်..

အခုလောလောဆယ်မှာပဲ...တော်တော်ကြီးမားတဲ့ပြောင်းလဲမှုပြုလုပ်နေဆဲ..ဟီးး

ဒါကို ဖတ်ခြင်းအားဖြင့် အဲဒီအပြောင်းအလဲကြီးမှာ ပျော်ရွှင်နေပုံရပါကြောင်း။။။
ပေါက် ပျော်ရင် ပြီးတာပါပဲ။ စိတ်ချမ်းသာပါတယ်။

(ဟိုတွေး ဒီတွေး ရေးသွားတယ်)

ပြောင်းလဲမှုဆိုတာကိုက ပြောင်းလဲမှုတစ်ခုပဲနော်

အလိုက်သင့်အလျားသင့် ဖြစ်ပါစေခင်ဗျာ

တစ်ခါတစ်လေ ပြောင်းတာကောင်းပါတယ်

ပြောင်းလဲမှုတွေတိုင်းမှာ အစစ အရာရာ အဆင်ပြေပါစေ ပေါက်ရေ...
အိမ်သစ်လေးကတော့ တကယ်လှ...း))

မကောင်းတိုင်းပြောင်းလို့ ပြောင်းတိုင်းလည်းမကောင်းပြန်ဘူး တဲ့၊ ကောင်းလို့ပြောင်းပေမဲ့ ပြောင်းမှကောင်းသွားတာတွေလည်း ရှိသေး....:)

အထွက်တစ် ဖြစ်သွားပါတယ်အေ...။
.
.
.
.
.
.
.
.
.
.
attractive.... :D

:) လှဒယ်။
mm

ပြောင်းလိုက်တော့လဲလှသွားတာဘဲ :)

အထွက်နှစ်..
နောက်ဆုံးဖြစ်သွားလို့ :P

ပေါက်ရေ အိမ်သစ်လေးကို လာကြည့်တာ... ပေါက်နဲ့လိုက်တယ်... ဆိုင်ကယ်တော့ မစီးဖူးသေးဘူး တခါလောက်တော့ စီးကြည့်ချင်သား....

ညီကတော့ ၂ ကော်လံဘဲ ကြိုက်တာ

တယ်.. နန်းညီပါလို့ နာမည်ရေးတာတောင် အနောနီးမတ်စ ဖြစ်သွားရသေး.. ကတောက်

အင်္ကျီအသစ်လေးနဲ့ လှတယ် =)