အခြေအနေ





မနက်ခင်း မိုးလင်းတိုင်း ပြူတင်းပေါက်ကို လှမ်းကြည့်မိတယ်။
မိုးအုံ့လား....
မိုးရွာသလား....
နေသာသလား....
တိမ်တွေညို့နေသလား.....
နေရောင်ခြည်တွေ တောက်ပလွန်းနေရင် အပြင်ကိုအငမ်းမရထွက်ချင်နေမိတယ်...။
အပြင်ကိုထွက်ဖို့ ကြံစည်လိုက်ရင်....အစိုးမရတဲ့မိုးက ကဖျက်ကရက်နဲ့..။
....................
............................
ရာသီဥတုအခြေအနေက သိပ်စိုးမိုးနိုင်တာပါလား။




15 comments:

ဘယ်လို ရာသီဖြစ်နေနေသွားမယ်လို့ ဆုံးဖြတ်ထားလိုက် အဲဒီတော့မှ သွားဖြစ်လိမ့်မယ်။

ဓာတ်ပုံတွေကတော့ လန်းတယ်။ အရမ်းတော်တယ်နော်။ ပေါက် နေကောင်းရဲ့လား။ ပျောက်နေတာ ကြာလို့နော်။

မိုးရွာရင် ဘယ်မှ သွားချင်ဘူး

ကံ စိတ် ဥတု အာဟာရ ဆိုတာတွေဟာ လူကိုမောင်းနှင် စိုးမိုးနိုင်စွမ်း ရှိကြတာတွေပါ...ဥတုဆိုးရွားလို့ လူတွေ ဒုက္ခရောက်နေကြတာ အများကြီးပဲ...
ထီး နဲ့ မိုးကာ ဆောင်ထားပါ...:))

ဖြစ်နိုင်ရင်တော့ဘယ်မှသွားချင်ဘူး..
အလုပ်မရှိရင်အိမ်ထဲမှာဘဲခွေနေချင်တယ်..
ပေါက် ပုံလေးတွေထဲက တိမ်တွေအနေထားရတော့ ရာသီဥတု ကောင်းမယ့်ပုံ...
အပြင်ထွက်လည်...ထီးလေးဆောင်ထား..း)

ဘလော့ အိမ်ပုံစံလေး ပြောင်းထားပါလား ပေါက်။
အိမ်ရော ပြောင်းပြီးပလား။ အဆင်ပြေရဲ့လား။ နေကောင်းရဲ့လား။ ပျော်ရွှင်ရဲ့လား။ ..လား။ ...လား။ ..လား။

This comment has been removed by the author.

အိမ်အသစ်နဲ့ အခြေအနေကတော့
မိုက်တယ်ကွာ (အရင်က ပြောကြတာ)
အခုဆိုရင်တော့ လန်းတယ် လို့ ပြောရမလားပဲ...
ဟုတ်လားတော့မသေချာ
မပြောတတ်ပဲနဲ့ မပြောနဲ့ ဆိုရင်လည်း
ကလေးတွေ ပြောဖို့ ထားလိုက်ပါမယ်...း)

စိတ်လဲလိုတယ်။

ကံ. စိတ်. ဥတု. အာဟာရတဲ့။

ပေါက်ရေ… မွန်းကြပ်လွန်းတဲ့ ဘ၀ကြီးမှာ ရာသီဥတုစိုးမိုးတာကို ခံမနေပါနဲ့ ညီမရယ်… ကိုယ်သွားစရာရှိတဲ့လမ်းကို ရဲရဲသာသွား… ကိုယ်လမ်းပေါ်ရောက်တော့ ဒီမိုးက ကောက်ခါငင်ခါ တိတ်မသွားဘူးလို့  ဘယ်သူပြောနိုင်မှာလဲ… ဟုတ်ဖူးလား

ဒီလိုပါပဲ.....................

ပုံတွေလှတယ်ပေါက်

ဒီမှာတော့ မိုးကိုသာ ရှောင်ရမယ်ဆိုရင်တော့လေ... အပြင်ထွက်ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခုတလော မိုးမရွာလို့ မိုးကိုတောင် လွမ်းမိနေတယ်။ အချစ်မိုး ဘယ်တော့ ရွာမှာလဲကွယ်... =)

တစ်နေ့နေ့ပေါ့ဟယ်...
ရွာပါလိမ့်မယ်...

ဖားခရု

ဆိုးပမိုးတိမ်ရယ်..(ကံ ) :P