ဘာအရေးကြီးလဲ

အခုတလော ခေါ်င်းထဲမှာ ပေါ်လာတဲ့ မေးခွန်းတစ်ခုပါ။။
လောကမှာ ဘာအရေးအကြီးဆုံးလဲ.....ဆိုတဲ့ မေးခွန်းပါ။။
ပထမဦးဆုံး သိပ်ချစ်ခင်ရတဲ့ သူငယ်ချင်းကို မေးကြည့်တော့....
သူက.......
္ဓ္ဒ္ဒ`` စိတ်ချမ်းသာမှုပေါ့ `` တဲ့ သူ့အဖြေက။။
ဒီအဖြကို သိပ်ကျေနပ်လှတယ်တော့
မဟုတ်ပါဘူး။။ ဒါပေမယ့်လည်း လူတိုင်းမှာ ကိုယ့်ခံယူချက် ကိုယ်စီနဲ့ မို့လား။။
ဒါ သူ့ရဲ့ ခံယူချက်ပဲလို့ပဲ လက်ခံလိုက်ပါတယ်။။ တစ်နေ့လုံးလည်း ကိုယ့်ကိုယ်ကို
ပြန်မေးနေပါတယ်..။။ လောကမှာ ဘာအရေးကြီးဆုံးလဲ ဆိုတာကို။။


နောက်နှစ်ရက်လောက်နေတော့ အဲဒီသူငယ်ချင်းကိုပဲ ထပ်ပြန်မေးပါတယ်။။
စိတ်ချမ်းသာမှုဆိုတဲ့ အဖြေကလွှဲရင် ဘာအရေးကြီးသေးလဲ လို့ဆိုတော့...
`` ကျန်းမာရေး `` ပါတဲ့ ။။ ဒါလည်း ဟုတ်တာပဲနော် ။။


ဒီနေ့တော့ အလုပ်မှာ သိတဲ့ အန်တီတစ်ယောက်ကို မေးပြော ပြောတယ်။။
မေးပြော ပြောတယ်ဆိုတာ..သူ့ကိုမေးခွန်းထုတ်လိုက်ပေမယ့် သူမဖြေခင် ကိုယ်ကပဲ
အရင်ဦးအောင် ပြောတဲ့နည်းပါ။။
`` လောကမှာ ဘာအရေးကြီးဆုံးလဲ ``
ကျနော်ကပဲ ဆက်ပြီး...
`` လောကမှာ ဘာမှ အရေးမကြီးဘူးနော် ..ဟုတ်တယ်မို့လား`` ဆိုပြီး
သူ မထောက်ခံပဲ မနေရအောင် ကြိုးတုပ်ပြီး ကျနော်ကပဲ ပြန်ဖြေပြောပါတယ်။။
အဲဒီအန်တီကလည်း ``ဟုတ်တာပေါ့ ...လောကမှာ ဘာမှ အရေးမကြီးပါဘူး``
လို့ ပြန်ဖြေတယ် ။။ (ဟဲဟဲ တစ်မဲရထားတယ်နော် ကျနော့အဖြအတွက်)


ဒီည အဲဒီသူငယ်ချင်းကို ဘာမှ အရေးမကြီးဘူး လို့ ပြန်ဖြေတော့ ..
သူငယ်ချင်းက လက်မခံဘူး ။။
``အရေးကြီးတာ ရှိကို ရှိရမယ်...
အားလုံးဟာ သူ့နေရာနဲ့ သူတော့ အရေးကြီးကြတာပါပဲ..``တဲ့။။

ကဲ....
လောကကြီးမှာ ဘာအရေးကြီးဆုံးလဲ....


(ရူးကြောင်ကြောင်နိုင်တဲ့ ကျနော့်မေးခွန်းအတွက် ဥပေက္ခာပြု
လစ်လျူရှူထားနိုင်ပါတယ် ။။)






16 comments:

အစ်မပေါက်ဘက်က တစ်မဲထည့်သွားတယ်
း)

ဘာအရေးကြီးဆုံးလဲ.
အဖြေ
ကျန်းမာရေး။ ကျန်းမာရေးမကောင်းရင် လုပ်နေတာတွေအားလုံးရပ်သွားမယ်။ ပိုက်ဆံမရှိလို့ စိတ်ဆင်းရဲရတာတွေ အချစ်ရေးအဆင်မပြေတာတွေ. လူတွေ နဲ့ရန်ဖြစ်နေတာတွေ အားလုံးရပ်သွားမယ်။ ဘုရားရှိခိုးဘို့ဘဲသတိရတော့မယ်။

ဘာမှ အရေးမကြီးဘူးလို့ခံယူနိုင်သူကို အန်မတန်မှ ချီးကျူးလေးစားမိပါတယ်။

အင်း...တခါတလေ အဲဒီလိုပဲတွေးမိပါတယ်.. လောကကြီးမှာ ဘာများအရေးကြီးသလဲလို့... တခါတခါတော့လည်း ဘာမှအရေးမကြီးသလိုလို.. တခါတခါတော့လည်း လူရယ်လို့ဖြစ်ပြီးမှတော့ အရင်းမရှုံးအောင် တခုခုက အရေးကြီးနေပြန်သလိုလို...

အသက်ရှင်နေသမျှတော့ အရေးကြီးဆုံးက ကျန်းမာရေးလို့ဆိုရမှာပဲ။ စိတ်နဲ့ကိုယ်နှစ်ခုစလုံးရဲ့ ကျန်းမာရေး အရေးကြီးပါတယ်။ ကိုယ်မကျန်းမာရင် ငွေကုန်ပေါက်ပဲ။ စိတ်ကျန်းမာရင် ဘာမဆို ရင်ဆိုင်နိုင်တယ်။ ဖြစ်ချင်တာတွေအတွက် ကြိုးစားချင်စိတ်ရှိအုံးမယ်။ ဆင်းရဲချမ်းသာမရွေး ပျော်ပျော်နေနိုင်မယ်။ သူမကျန်းမာတော့ရင် ဘာမှ လုပ်မရတော့ဘူး။ အဲ.. သေသွားတဲ့အခါမှတော့ ဘာမှအရေးမကြီးတော့ဘူးပေါ့။
(ကပေါက်တိကပေါက်ချာဖြေသွားတယ်။ ဒေါ်ဒေါ်ပေါက်ရေ.....)

ဘာမှအရေးမကြီးဘူးလို့တော့ စိတ်က သတ်မှတ်ထားတာပဲ။
တခါတလေကျတော့ အရေးမကြီးဘူးလို့ထင်တဲ့အရာတွေက
စိတ်မအေးရအောင် လုပ်တတ်ပြန်တယ်။

စိတ်ချမ်းသာဖို့က အရေးကြီးတယ်ထင်တာပါပဲအေ..။
အဖြေကို မကြိုက်လည်း နေပေါ့ ။

ရောင့်ရဲ တင်းတိမ်တတ်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်..
ဒါပေမယ့် အခုလောလောဆယ် ဒီအဖြေကိုပြောရတာ ကိုယ်နဲနဲတော့ ရှက်နေပါတယ်...
ဘာလို့လဲဆိုတော့ နှစ်ကျပ်ခွဲကိစ္စကြောင့်ပါ...း))

(မေးလ်ပို့ထားတာ ရလား...)

သာမာန်အရေးကြီးတာတွေရှိပေမယ့် အရမ်းကြီး အရေးကြီးတာမျိုးကြီးလည်းမရှိပြန်ဘူး...။အဲဒီတော့ အစ်မပေါက်ဘက်က တစ်မဲထည့်ပါမယ် ။ :))))

စဉ်းစားလိုက်တော့ အများကြီးအများကြီးပဲ။

This comment has been removed by the author.

ပထမဆုံး ကျန်းမာရေးပဲ.. ဟုတ်ဘူးလား၊ ဒီရက်တွေမှာ ဖျားနေတော့ ခရစ်စမတ်လဲ မလည်နိုင်.. နေမကောင်းဘူးဆိုတဲ့စကား တော်တော်မှန်တာ .. နေလို့ကို မကောင်းဘူး .. တကယ်ဘာကိုမှ သတိမရတော့ဘူး .. နေကောင်းဖို့ပဲ ဆုတောင်းမိတော့တာ ..

ချစ်ပေါက်
မသီတာ၏ လတ်တလောအမြင်
အရေးတွေကတော့ သူဟာနဲ့သူ ကြီးကြတာချည်းပဲ...
စား
ဝတ်
နေ
ကျန်းမာ
လူမှု
ပညာ
ဘာသာ
...
...
...
(လှရေးလည်း ကြီးလို့ မြန်မာပြည် ပြန်တုန်းက ဟို အင်္ကျီညိုတိုတိုလေးကို ခဏခဏ ၀တ်ရတာ အမော...)

ဟုတ်တယ်.. ဘာမှအရေးမကြီးဘူးမပေါက်..
ဘာမှအရေးမကြီးဘူးလို့သိဖို့ အရေးအကြီးဆုံးပဲ..

"khin oo may said...

ဘာအရေးကြီးဆုံးလဲ.
အဖြေ
ကျန်းမာရေး။ ကျန်းမာရေးမကောင်းရင် လုပ်နေတာတွေအားလုံးရပ်သွားမယ်။"

အောင်မယ်လေး ဖြစ်မှ ဖြစ်ရလေ ကျန်းမာရေးတဲ့။ ဒီကိုလာကြည့်လှည့်ပါ။ ကင်ဆာဖြစ်နေလို့ အရိုး ပြန့်နေတဲ့သူတွေတောင် Holiday သွားမပြက်ပါဘူး။ နာတဲ့အချိန် Oxynorm လေးတိုးသောက်လိုက်တာပဲ။

လောကမှာဘာအရေးကြီးလဲဆိုတော့ ဘဲကင်စားချင် တဲ့အချိန် ဘဲကင်စားရဖို့ အရေးကြီးတယ်။ အနှိပ် ခံချင်ရင် အနှိပ်ခန်းကောင်း ကောင်း ဘယ်နားမှာရှိတာသိပြီး သွားနိုင်ဖို့အရေးကြီးတယ်။

ကိုယ့်ကိုကိုယ် သိဖို့ အရေးကြီးဆုံးပဲ ! ..ပေါက်ကြီး အတွက်လော က မှာ အရေးကြီးဆုံး က ချမ်းလေ။ ဟုတ်တဟုတ်။