စိတ်....ပါမသွားတဲ့နေ့...


နေ့လည်က ကမ်းခြေဖက်အလည်သွားပြီး အပြန် မြို့ထဲ shopping centerတွေဖက်
ခြေဦးလှည့်မိပါတယ်။။
ဝယ်စရာတော့ မရှိပါဘူး ။။ ခရစ်စမတ်အတွက် ပြင်ဆင်ထားတာတွေကို ချန်းကို
လိုက်လည်ပြတာ သက်သက်ပါ။။


အပြင်မှာတော့ အတော်လင်းပြီး လှပါတယ်..။။
ကိုယ့်ကင်မရာလေးကြောင့် သူ့အလှတွေ မှေးမှိန်ကုန်တယ်။။




ဒီလို လမ်းဘေးအနုပညာရှင်တွေလဲ တွေ့ခဲ့ရတယ်။။




လှတယ်နော်..ဒီတစ်ယောက်...။။
ချန်းကတော့ သဘောကျလို့ မဆုံးဘူး။။



ဒီတစ်ယောက်ကျ အ၀တ်စတွေနဲ့ ဖုံးအုပ်ထားလိုက်တာ..
ဘာမှ မမြင်ရတော့ဘူး ။။



ဒီနိုင်ငံခြာားသား ဆိုတာ တော်တော် နားထောင်ကောင်းတယ်။။



.................................................

ဒီကစလို့ ဟန်းဖုန်းနဲ့ ရိုက်ရပါတယ်...
စားသောက်ဆိုင်မှာ ကင်မရာကြီးတကားကားနဲ့ ရှက်လို့ပါ။။


အရွက်ကြော်



ပုဇွန် ရေလုံပြုပ်


ဆာရှိမိ....






ကော့တေး(စတော်ဘယ်ရီ)


စားမိတာတွေ များတယ်။။
မရိုက်ရဲဘူး ။။ရှက်လို့ ။။
စိတ်တော့ မပါဘူး။။
စားတော့ စားခဲ့တယ်။။

13 comments:

မပါပေလို့ဘဲ။

အင်း မမ ရေးသွားသလို စိတ်မပါလို့ပဲ ပေါက်ရယ်..း)

စိတ်ပါလက်ပါ သွားတဲ့နေ့ ကြရင် လိုက်လည်မယ်။
အခုတောင်ပုံတွေက ကြည့်လို့ ကောင်း။ စားစရာတွေကများနဲ့  ပြေးလာချင်စိတ်တောင်ပေါက်လာ
ပြီ။

ပေါက်ရေ...ခရစ်စမတ်နားနီးလို့ မီးတွေနဲ့ အလှဆင်ထားတာ လှလိုက်တာနော်...အရုပ်တွေ အောက်မေ့လို့...လူတွေကိုး..:) စိတ်မပါပဲ စားခဲ့တဲ့ အစားအသောက်တွေကိုလည်း ကြည့်သွားပါတယ။် ဟုတ်မယ်..အများကြီး ကျန်နေသေးတာပဲ..ဟဲဟဲ...
အဆင်ပြေ နေကောင်း ပျော်ရွှင်ပါစေ..ချန်းချန်းလေးနဲ့ ပေါက်တို့ရေ...

ကမ်းစပ်သွားတာဆို
ကမ်းစပ်ပုံလည်းမပါဘူး..
ခရစ်စမတ်ပြင်ထားတာတွေက ဒီမှာလိုပဲ..

လမ်းဘေးက အဲလိုမျိုး ပါဖောမန့်စ်သမားတွေကို သိပ်သဘောကျတာပဲ.. ဒီမှာ အဲဒါမျိုးမရှိဘူးနော်.. လုပ်ချင်တယ်.. လမ်းမမှာ.. အဲလို.. ရွှေရောင်တွေ တကိုယ်လုံး သုတ်ပီးတော့.. ငြိမ်ငြိမ်သက်သက်..

ပေါက်ရေ....တို့လဲလိုက်မယ် ချန်မထားနဲ့ .. ပေါက်လေး စားတော့ ငတ်လှတယ်...၊ အဲ ...ပေါက် စားရင် ဒို့လဲ ဝ သလိုပါပဲ...:D

ပေါက်ရေ... ဂဏန်းစားချင်တယ်.. ပုဇွန်ရေလုံပြုတ်ထားတာကို ဒီအတိုင်းစားတာလား ပေါက်.. ဘာနဲ့ တို့စားတာလဲဟင်.. ဒီမှာလည်း အဲလို ရေလုံပြုတ်ရောင်းတာ တွေ့တယ်. ပုံစံအတူတူပဲ.. တို့က ပြန်ကြော်ပစ်လိုက်တယ်... ခရစ်စမတ်မီးထွန်းပွဲတာကို ကျော်ပြီး အောက်က စားစရာတွေအကြောင်းရေးလို့ စိတ်လေသွားပလား.. ပေါက် ;P နောက်တစ်ခါသွားရင် စိတ်ကိုပါ ခေါ်သွားနော်.. :D

X'mas Tree ကိုတွေ့လို့ အမြန်လာခဲ့တာ...
စိတ်ထဲမှာ ပေါက်တို့ ဒီကိုရောက်နေသလားလို့... ဒီက အပြင်အဆင်နဲ့ တော်တော်တူနေတယ်... လမ်းပေါ်မှာ လူတွေ performance လုပ်နေတာချင်းလဲ တော်တော်တူတယ်...း))

ပေါက်ရေ စားစရာတွေက ရှယ်ပဲ... ဒါတောင် ကျန်သေးတယ် ဆိုပါလား... ချန်း ကျောင်းပိတ်ပြီလား

လည်တဲ့အချိန်သာ စိတ်မပါတာ၊ စားတဲ့အချိန်တော့ စိတ်ပါတယ် မဟုတ်လား..:)

ကင်မရာကြီးတစ်ကားကားနဲ့ ရှက်လို့ပါတဲ့၊ ပေါက်နော်.. ပြောချင်လဲ တည့်တည့်ပြောပါ

ဟွန်း

(sashimi စားချင်တယ်၊ ဟိုနေ့ကသွားတာ ဒီနားက တစ်ဆိုင်တည်းသော ဆိုင်က ပိတ်သွားလို့)

အဲဒီ ကိုယ့်ကိုယ် အရောင် ဒါမှမဟုတ် ဝတ်စုံ ဝတ်ပြီး
လမ်းမှာ ပြတာမျိုး ကြည့်ချင်တယ်။
စင်ကျားပူမှာ ခပ်ရှားရှားရယ်...