မျက်မှန်


(ပုံကို အင်တာနက်မှ ရယူပါတယ်)

ဒီနေ့ ချန်းချန်းရဲ့မျက်မှန် နှာတံဘေးက ပစ္စည်းလေးတစ်ခု ကျိုးသွားပါတယ်။။
မဖြစ်မနေ ဆိုင်သွားပြင်ရမယ့် ကိန်းဆိုက်လို့ အလုပ်ကနေ ခွင့်တိုင်ပြီး လိုက်ပို့ဖြစ်ပါတယ်။။
မျက်မှန်လည်း ပြင်ရင်း သူ့ရဲ့ မျက်လုံးပါဝါလည်း ထပ်မံစမ်းသပ်ရင်းနဲ့ပေါ့။။
သူ့ကို စတင် စမ်းသပ်ပါတယ်။။ ညာဖက်မျက်လုံးကို စတင် စမ်းသပ်ပါပြီ။။
ပထမဆုံး စာလုံးကြီးကြီးတွေ အာသွက် လျှာသွက်နဲ့ခပ်မြန်မြန်ပဲ ဖြေဆိုနိင်ပါတယ် ။။

နောက် စာလုံး အလတ်စားလေးတွေကို ခပ်မှန်မှန်ပဲ ဖြေနိုင်ပါသေးတယ်။။
နောက်ထပ် စာလုံး အငယ်စားတွေကို မျက်မှောင်ကုတ်ဖြေပါတယ်..။။
မှားပါတယ် ......။။
စမ်းသပ်ပေးတဲ့သူက မှန်ချပ်လေး လဲပေးပါတယ် ။။ ပထမတစ်ကြောင်း ဖြေဆိုနိုင်ပါတယ်။
ဒုတိယအကြောင်း တုန့်ဆိုင်း တုန့်ဆိုင်းပါပဲ ။။ တတိယအကြောင်း လုံးဝ မှားပါတယ်။။
နောက်ဆုံးကြောင်း မှာ ပြန်ဖြေနိင်ပါတယ် ။။
သူမှားတဲ့ ဂဏန်းတွေကလည်း 3 ကို 2 လို့မှားဖြေပါတယ်။။
8ကို 3 လို့ မြင်ပါတယ် ။။

နောက်ထပ်မှန်တစ်ချပ် အသစ်လဲပါတယ် ။။ သူရဲ့ အပေါ်ကလိုပဲ မှန်လိုက်မှားလိုက်နဲ့။။
နောက်ထပ် မှန်တစ်ချပ်လဲပြီး စမ်းသပ်ပါတယ် ။။

ဒီလိုနဲ့ ချန်းချန်း မျက်မှန်အသစ်တစ်လက် ရရှိသွားပါတယ် ။။
သူကတော့ မျက်မှန် အသစ်တစ်လက်တင်မကဘူး ။ ပါဝါဒီဂရီပါ အဆစ်လက်ဆောင်
ရလိုက်ပါသေးတယ် ။။ ရလဒ်ကတော့ နဂို မျက်မှန်ပါဝါရဲ့ တစ်ဆပါတဲ့ ။။
နဂိုမျက်မှန်ပါဝါက ၁၇၅ ။အခုတော့ အဆင့်မြင့်သွားပါပြီ ၃၀၀ ပါ။။
မနက်ဖြန်တော့ ပျော်ပျော်ပါးပါးနဲ့ မျက်မှန်အသစ်တစ်လက် သွားယူကြဦးစို့။။

( သူ့အမေကတော့ စိတ်မသက်သာစွာနဲ့ ဒီရလဒ်ကို လက်ခံလိုက်ရပါတယ်..ဟူးးး)


14 comments:

ပေါက်ရေ တို့တော့ ရန်ကုန် ပြန်တိုင်း မျက်မှန်လုပ်တယ်... အများကြီး သက်သာတယ်... မျက်စိ စမ်းပြီး ဆေးစာ ပေးလိုက်တဲ့ သူငယ်ချင်းတွေ အတွက်တောင် မျက်မှန်လုပ်ပြီး ယူလာရသေးတယ်။ ချန်းချန်းတော့ မျက်စိ ညောင်းစေမယ့် အရာတွေ နဲနဲ လျှော့ရတော့မယ် ထင်တယ်...

5 Dec 09, 06:27 AM
kom: စတိသူငယ်ချင်းလာသွားသည.
5 Dec 09, 06:27 AM
kom: ချန်းချန်းအမေကတော့ကျန်းမာပု့ဘ

ဒီအရွယ်နဲ့300ဆိုတာ များတယ်နော်..။ကလေးခမျာ တပ်ရတာ ရှုပ်နေမှာပဲ။ မျက်ကပ်မှန်တပ်လို့မရဘူးလား။ချန်းအမေရော.. မတပ်ရဘူးလား။

တို့လည်းဒီတခေါက်ပြန်ရင် မျက်စိပြန်စမ်းရမယ်..

သမီးသူငယ်ချင်းတွေထဲလည်း မျက်မှန်ထူထူကလေးလေးတွေများပါတယ်။ အဆင်ပြေဖို့ ပဲလိုတာပါပေါက်ရေ။ တို့ တော့ သမီးငယ်မှာ သွားတွေမပေါက်သေးလို့ ညစ်နေတာ :(

ပါဝါအကြီးကြီး နဲ့ ကလေးလေး ချန်း သနားပါတယ်။ ကွန်ပျူတာဂိမ်းများ သိပ်ကစားသလား။ ဘလော့များ ဖတ်နေသလား။ :)

ပေါက်ရေ.. တို့လည်း မျက်မှန်တခါစမ်းတိုင်း ပါဝါ တက်တက်လာတယ်.. ဘယ်တော့မှ လျော့သွားတယ် ဆိုတာ မရှိဘူး.. ချန်းချန်းက မျက်စေ့အားစိုက်ရတာတွေ လုပ်ရလို့လားပေါက်.. ပါဝါ ၃၀၀ တောင်ဆိုတော့လေ...

မနေ့ ကလူနာ၂ယောက်ကို မျက်စိစမ်းပေးရသေးတယ်။
၃၀၀ တောင်? မျက်စိအားစိုက်ရလို့ လား။

မမီယာ...
ချန်းက တီဗွီအရမ်းကြည့်လို့။။
ဂိမ်းလဲ ဆော့တယ်။။

မမ...
..........

မွန်ရေ..
မျက်မှန်တပ်တာ ရှုပ်တာက တပိုင်း။။
သူ အားစိုက်ကြည့်နေတာကို သနားတာ။။
သူ့အမေကတော့ အခုချိန်ထိတော့ မျက်မှန်မတပ်ဖူးသေးဘူး..ငှဲငှဲ

မြိုး ..
ကွန်ပြူတာ လျှော့ပါလေ..။။

မယုဝရီ..
ကျေးဇူး..
အခုချန်းလဲ သွားကျိုးပြီး ပြန်မပေါက်တာ ၂ချောင်းလောက်ရှိတယ်။။

မချိုသင်းရေ...
တီဗွီကြည့်လွန်းလို့..။။
စာအုပ်ဖတ်ရင်လည်း အိပ်ယာမှာဖတ်တတ်တယ်။။

မနုစံရေ..
အပေါ်မှာ ရှင်းပြထားတဲ့ အတိုင်းပါပဲ..။။ဟီးး
မနုစံလည်း ဂရုစိုက်အုန်းနော့။။

ဟုတ်တယ်..မရှင်လေးး
၃၀၀တောင်..။။
ကျနော်ဆို ကြားခါစက စိတကို ပျက်သွားတာပါပဲ။။

ဟိုတလောက...
သမီးမျက်မှန်အတွက် အဖော်လိုက်ပေးရင်း
သမီးမြှောက်ပေးလို့  ကိုယ်ပါ မျက်စေ့ ၀င်စစ်မိပါတယ်..
kr. 5000 ကျော် ထိသွားလို့ ...
စာဖတ်ရတာတောင် ရင်ထဲမကောင်းဘူး...း)

အယ်...ချန်းလေး သနားပါတယ်..ခုခေတ်ကလေးတွေက မျက်လုံးအသုံးပြုရတာ ပိုများနေတာကိုး။ တို့လည်း မျက်မှန်တပ်ရမှာကို ရှုပ်လို့ မတပ်ဖြစ်ဘူး..မျက်မှန်တပ်ပြီး စာကြည့်ရင် ပိုကြည်ပေမယ့် အခုလည်း မြင်သလောက်တော့ ဒီအတိုင်းဖတ်နေတာပါပဲ။ ၃၀၀ ဆိုတော့ များတယ်နော် ပေါက်...မျက်စေ့အားတိုးဆေးတွေ အသီးအရွက်စိမ်းတွေ ကျွေးရတာလားမသိဘူးနော်.. အဲ..နေဦး...ဒီမှာ လေဆာနဲ့ မျက်စေ့ပါဝါလျှော့လို့ရတယ်ဆိုတာ သတင်းဖတ်လိုက်ရတယ်ပေါက်ရဲ့...

ကိုယ်လဲ nearsightedness ဖြစ်နေပြီ။

အော် blog blog

ညီလည်း မျက်စိစစ်ရမယ်.. မျက်စိတင်မဟုတ်ဘူး အာရုံကြောစနစ်ကို စစ်ရမှာတဲ့.. အီဟီဟီ

ပါဝါ ၃၀၀ ဆိုတာ အတော်များတာဘဲ။

အမ နည်းကို မျှပေးချင်တယ် အမ မုန်လာနီစားတယ်၊ ဆေးသောက်တယ်။ မျက်စိအားပျက်မဲ့ အရာတွေ တတ်နိုင်သလောက် ရှောင်တယ်။ မုန်လာဥနီကို အစိမ်းစားရင် မျက်စိအားကောင်းတယ် အမျှင်လေး ဖြစ်အောင် ဂျစ်နဲ့ ခြစ်ပြီး သုတ်စား။ မုန်လာနီကို JUICE EXTRACTOR http://www.chemistdirect.co.uk/breville-professional-juice-extractor_1_152222.html လိုမျိုးနဲ့  မုန်လာဥနီကို အရည် ထုတ်သောက်ပါလား မုန်လာဥနီ ရည်ကချိုပြီးသားသကြားထဲ့စရာမလိုဘူး ကျန်တဲ့အဖတ် ကို ရေထဲ့ နဲနဲထဲ့ ချက်ပြီး စားလို့ ရတယ် ဒီမှာတော့ carrot mash ဆိုပြီး စားကြတာဘဲ

အမ တော့သုတ်စားရတာကြိုက်ပေမဲ့ ခြစ်နဲ့ ခြစ်နေရ တာ ရှုပ်လို့ အနုလေးတွေဝယ်ပြီး ဒီအတိုင်း ကိုက်စား တယ်။ အရည်ထုတ် သောက်ရင်တော့ နဲနဲ ရင့်တာ ၀ယ်မှကောင်းတယ်။ ဆိုင်တွေမှာတော့ မုန်လာဥနီ ဖျော်ရည် နဲ့ တခြားသစ်သီး ရောရောင်းတယ် မုန်လာနီ အရည်က များများမရတော့ တခြားအသီးနဲ့ ရောရောင်း ကြတယ်

ချက်ချင်းတော့ သိသာမှာ မဟုတ်ဘူး တချို့ က တလလောက် စွဲစားကြည့်တာ သိသာတယ် ပြောတယ်

အမကတော့ ရန်ကုန်က အေဒီဗစ် ကို သောက်တယ် Advitလို့ ထင်တာဘဲ မျက်စိအားကောင်းတဲ့ ဗိတာမင် လို့ ပြောတယ်

ချန်းကလေး ဖတ်ရင် မီးဝါ၀ါ ကြီး မဖြစ်စေနဲ့ လေ အမကတော့ မီးချောင်းအရှည်က ရန်ကုန်က မီးလို (နီယွန်ဖလိုဆင့်လိုက်)အဖြူရောင်ကို သုံးတယ်။ အ၀ါရောင်မီးနဲ့ ဖတ်ရတာ မျက်စိညောင်းလွန်းလို့  ။

စာဖတ်တဲ့အခါမှာ မီးအလင်းရောင် မှိန်တဲ့ နေရာ မှာ မဖတ်ဘူး။ မျက်စိအားစိုက်ရလို့ ။

တီဗွီကြည့်ရင် သိပ်အနားကပ်မကြည့်ဘူး ခပ်ဝေးဝေးက ကြည့်တယ်၊ ကွန်ပျူတာသုံးရင် တီဗွီကြည့်ရင်အခန်းထဲ မှာ မီးမထွန်းဘဲ မကြည့်ဘူး။ အဲဒီကထွက်တဲ့ အလင်းရောင်တွေ စူးရှ လွန်းလို့ မျက်စိညောင်းတယ်

အမ ကွန်ပျူတာဆိုရင် အလင်းရောင်စူးလွန်းလို့  အလင်းရောင်မှိန်ထားတယ် အမရဲ့မျက်စိအား မကောင်း တော့ မျက်လုံးအောင့်တာ ညောင်းတာ ဖြစ်တတ်လို့ 

ပါဝါတက်တာက တက်ပေမဲ့ အတက်နှေးအောင် လူသက်သာအောင် ပေါ့နော် စမ်းကြည့်ပေါ့