ဖိနပ်

မိန်းကလေးတွေများ ရလေ လိုလေ အိုတစ္ဆေ ဆိုတာမျိုး...
မနေ့ညက ဟိုကြည့် ဒီဖတ်ရင်း Dr.marten's boots တစ်ရံလောက် လိုချင်နေမိတယ်။။
ဒါနဲ့ ကိုယ့်ဖိနပ်စင်ကို ဖုန်သုတ်ရင်း ပြန်ဆန်းစစ်တော့ အသစ်တစ်ရံ ၀ယ်ဖို့ရာ
ကိုယ့်ကိုယ်ကို အားနာနေတယ်။။





ဒီ လေးရံက သားရေနဲ့..
(မစူး..ဒီ လေးရံထဲက ဘယ်ဖက်ဆုံးပဲ အနက်ရောင်..
ကျန်တဲ့ ညာဖက် ၃ရံက အညိုရောင် ရင့်တွေ)



ဒီ သုံးရံကတော့ ရှန်မွိုင်းသား (အမွေးတို) မြန်မာလို ဘယ်လို
ခေါ်ရမယ် မသိလို့ပါ..


ဒီ converse သုံးရံကတော့ ကိုယ့်ရဲ့နေ့စဉ်အဖေါ်လေးတွေပါ။။
ဘယ်ဖက်ထောင့်ဆုံးက ဆုတ်ပြဲ..ပေါက်ပြဲနေပါပြီ...။။
ဒါပေမယ့်လည်း မပစ်ပယ်ရက်ပဲ အဖေါ်လုပ်နေရတုန်းပါ။။
အလယ်က ညစ်ပတ်ပေရေနေတာကို လျှော်ပြီးခါစလေး...။။
ညာဖက်ထောက်ဆုံးက အဖေါ်အသစ်လေး..။။
ဘယ်ဖက်ထောင့်ဆုံးလေး ညောင်းသွားရင် အစားထိုးဖို့အသင့်ပြင်နေတယ်။။
converse ကို ဘယ်လောက်ချစ်လဲဆိုရင်.....
နွေရာသီမင်္ဂလာဆောင်သွားရင်တောင်
အပါခေါ်သွားရတဲ့အထိ....။။
(အမှန်က မိန်းမဆန်ဆန် နွေရာသီဝတ် ရှူးဖိနပ် မရှိလို့ပါ)


ဟောဒီက ပန်းသီး...။။
ငယ်ကတည်းက ပန်းသီးမှ ပန်းသီးး။။
သည်းကြိုး အသေးပဲ ၀တ်ပါတယ်။။
နံပါတ်ကိုယောင်လို့မှ နှိပ်မကြည့်ပါနဲ့..။။
လန့်ဖျန့်ကုန်မှာ စိုးလှပါတယ်။။
ငယ်ကတည်းက မန်းလေး သားရေဖိနပ်ပဲ ကြိုက်ပါတယ်။။

အခုတလော...




လွမ်းလွမ်းနဲ့ မြို့ထဲက မြင်းလှည်းသမားကြီးကို လွမ်းလာလို့

အဲလေ..ဟုတ်ပေါင် ..မေမြို့နာရီစဉ်ကြီးကို အလွမ်းပြေ တင်လိုက်ပါတယ်။။




ချယ်ရီတွေဟာ ဘယ်လောက် လှ လှ..
လူတွေ ဘယ်လောက် တန်ဖိုး ထား ထား...
ဘယ်သူတွေ ဘယ်လိုပဲ ဓါတ်ပုံရိုက် မှတ်တမ်း တင်တင်...
အချိန်တန်တော့ မြေခကြရစမြဲ။။


အခုတလော ပျင်းနေတယ် ။။
အခုတလော ကိုယ့်အတွက် အဆင်ပြေနေတယ်။။
အခုတလော ကိုယ့်နေ့ရက်တွေ အေးချမ်းနေတယ်။။
အခုတလော ရှေ့ဆက်ရမယ့် နေ့ရက်တွေ အတွက် ပူပင်နေတယ်။။
အခုတလော ငွေကုန်ပေါက် များနေတယ်။။
အခုတလော ကိုယ့်စိတ်တွေ ရေစုန် မျောနေတယ်။။
အခုတလော....
အခုတလော...........
.................
............................
......................
...................................
အခုတလော အမေ့အတွက် စိတ်မကောင်း ဖြစ်နေတယ်။။
(နောက်နှစ်ပေါ့ အမေရေ..)


တကယ်လို့ ကမ္ဘာပျက်မယ် ဆိုရင်ပေါ့....တဲ့

မသီတာက တက်ဂ်လာပါတယ်။။
တကယ်လို့ ကမ္ဘာပျက်မယ် ဆိုရင်ပေါ့..တဲ့...
ကျွန်တော်အမြင်ကတော့ အခု လက်ရှိအနေအထားကလည်း
ကမ္ဘာပျက်နေသလိုပါပဲ...။။
ရာသီဥတုတွေ ကမောက်ကမ။။
မုန်တိုင်းတွေ ။
မြေငလျင်တွေ ။
တိရိစ္ဆာန်တွေ မျိုးတုန်း။။
လူတွေရဲ့ စာရိတ္တတွေ ပျက်ပြား။။
.........................
.............................
...................................
တချို့ဖြစ်ပျက်တဲ့ကိစ္စတွေကို လိုက်လို့တောင်မမှီတော့ပါဘူး ။။
သဘာဝလွန်တွေ များလာတယ်။။
ဆိုတော့ ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်
ပျက်လို့ရတဲ့ အနေအထားရောက်နေပါပြီ။။

၁ ။ ဘယ်သူတွေနဲ့ ရှိနေချင်လဲ...

ဒါက ရွေးချယ်လို့ရတဲ့အရာမှ မဟုတ်တာနော်..
ရတယ်ဆိုရင်..
အမေ ...
နောက်ထက်ရွေးချယ်ခွင့်ရှိအုန်းမယ်ဆိုရင်
သမီးနဲ့..မောင်နှမ..
နောက်ထက်ရှိအုန်းမယ်ဆိုရင်...
...

၂ ။ ဘာတွေ ခံစားနေရမလဲ

ဒါကိုတော့ ကျွန်တော် တကယ်မသိပါဘူး။။


၃ ။ဘာတွေ ပြင်ဆင်ထားမလဲ

အချိန်မရတော့ဘူးထင်တယ် ။။
အချိန်ရရင်တောင် ပြင်ဆင်တာလို့ မခေါ်ဆိုနိုင်ဘူး။။
စိတ် အမြဲသန့်ရှင်းစင်ကြယ်နေဖို့ အဓိက ။။


၎ ။ ၀မ်းနည်းမိမှာက

အချိန်တန်လို့ ဖြစ်ပျက်တာပဲလေ ။ (၀မ်းမနည်းတော့ပါဘူး)

၅ ။ကြောက်လန့်မိတာက

........................

( တကယ် မသိလို့ပါ ။ )

၆ ။ဆောင်ထားချင်တာက


မသီတာလိုပဲ ကြည်လင်ပြတ်သားတဲ့ အသိစိတ်တစ်ခု


ရ ။ဘာတွေ ရေးမိမလဲ

........................


၈ ။တွေးမိတွေးရာ အတွေး

တွေးဖို့ အချိန်မရတော့ဘူး ။။ကမ္ဘာပျက်တာကို စောင့်ကြည့်နေရလို့။။


၉ ။ဂုဏ်ယူချင်တာက

မသီတာပြောသလို...

ဤကမ္ဘာမြေမှာ လူဖြစ်ခဲ့တာ ဂုဏ်ယူစရာပါ။( အဟီး ကူးချနေရပြန်ပြီ။။)

၁၀ ။ ရှာကြံဖြေသိမ့်မိတာက
.....................