လှတစ်မျက်နှာ






ယဉ်တကိုယ် လှတစ်မျက်နှာတဲ့...။။
ဒီကတော့ ယဉ်လည်းမယဉ်...မျက်နှာကတော့ ပြောမနေပါနဲ့တော့..။။
ဒီနေ့ ဒှီတစ်မျက်နှာစူပုပ်ပုပ်အတွက် မိုးထဲ လေထဲ ဘာမှ မှုပဲ shopping centerကို ချီတက်ရပါတယ်။။
သုံးနေတဲ့ ပစ္စည်းတစ်မျိုး ဒစ်စကောင့် ချနေတယ် ကြားလို့ပါ..။။
အရေးထဲ လမ်းမှားနေပါသေးတယ်..။။ တစ်ကွေ့ တစ်ပတ်ကြီးပတ်ပြီး ကောင်တာရှေ့ ရောက်ခါမှ
ကောင်တာက အမျိုးသား(ဟုတ်..အမျိုးသားပါ..)က လုံးဝ မချပါဘူးတဲ့။။
ဒီတော့ ခပ်တည်တည်နဲ့ သုံးနေတာ ရှိနေသေးပါတယ် ..ဈေးချတယ်ကြားလို့ အပြေးအလွှားလာဝယ်တာပါ
လို့ ပြောပြီး လှည့်ထွက်ခဲ့ပါတယ်..။

အပြန်လမ်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားနေမိပါတယ်..။။ဒီဈေးလျှော့တာလေးနဲ့ပဲ..
မိုးထဲ လေထဲ ဇွဲမလျှော့ပဲ လာဖို့ လိုအပ်ပါသလား ဆိုတာ..။။

(လှတစ်မျက်နှာဆိုလို့ အထင်မကြီးလိုက်ကြပါနဲ့..
စိတ်ထဲရှိတာ ဖြစ်ပျက်ခဲ့တာကို ရေးချင်လို့ပါ..။။)

22 comments:

ခွိ.. လှချင်ရက်....... ....... .......

တစ်ဆယ်ဆိုလို့ဝယ်မယ်လို့ပြောလိုက်တယ်။ကောင်တာရောက်တော့မှ အဲဒါက ၂၉ ကျပ် ၉၀ ပါတဲ့ဟင် ၁၀ ဆို ဆိုတော့ ၁၀ က အဲဒါနဲ့ကပ်ရက်ကပါတဲ့ ။ ဒါဆိုရင်မဝယ်တော့ပါဘူးဆောရီးလို့မရှက်ဘဲပြောခဲ့တယ။် ဘာလို့ဝယ်ရမှာလဲ 29.90 နဲ့။

တို့ လှတစ်မျက်နှာ ဆင်တစ်ကိုယ်လုံးမို့ လှတစ်မျက်နှာအတွက် လိုသလားလို့ အဟဲ။

မှာပါလို့ ပြောနေတာကို

တို့တော့ မိတ်ကပ်ကို မလိမ်းဖြစ်လို့..

ဒီမှာလဲ Cosmetic တွေက Discount ကို တိုက်ရိုက် ချခဲတယ်... Gift Voucher တို့ Beauty Voucher တို့ ပေးတာမျိုးပဲ ရှိတာ...
ပေါက်လိုပဲ တို့လဲ အဲဒီလို ပစ္စည်းလေးတွေကို ခြင်းအမဲလေးထဲမှာ ထည့်ထားတယ်...
တူ တာ...

ဒီက ၀ယ်ချင်တာလေး လမ်းသင့်သလို တဆိုင်ဝင်တဆိုင်ထွက် မေးတုန်းစမ်းတုန်း...
(ဟိုအဒေါ်ကြီးတယောက် ညွှန်းတာလေ)

ပေါက်ရေ.. ဒီမှာလည်း sales ဆိုပြီး 30% discount တဲ့.. ဘယ်တော့မှ မပြောင်းသလိုပဲ.. :D ဘယ်အချိန်သွားဝယ်ဝယ် စာကပ်ထားတာကတော့ 30%ပဲ.. :)

မိတ်ကပ်ပြီးရင် ရီမုဗာ ကတစ်မျိုး အဲဒါတွေစိတ်ကုန်လို့ 
မျက်နှာပြောင်ပဲနေတယ် ..
Facial care ,Skin care ပဲသုံးတယ်

ခေါင်းစဉ်က သာမီးကို စောင်းရေးထားတာလား..အန်တီပေါက်။

မဝယ်ခဲ့တာကောင်းတယ်... ဈေးမလျှော့ဘဲနဲ့ ဘာလို့သတင်းမှား လွှင့်တာလဲ...

မိတ်ကပ်မလိမ်းပါဘူး..
ဝယ်ထားတာ..(အသင့်ပြင်ထားတာ..ဟီးး)
မိတ်ကပ်ဆိုတာကို ၁လနေလို့ ၁ခါတောင် မလိမ်းမိဘူး..
tonerနဲ့ cream ပဲလိမ်းတာပါ..။။
သွားဝယ်တာကလဲ foundationပါ..
၂နှစ်လောက်နေမှ ၁ဘူး အနိုင်နိုင်ရယ်..
ပိတ်ရက်မှ လိမ်းဖြစ်လို့လေ..။။

ပေါက်ကလဲကွယ်… သနပ်ခါးတုံးလေးနဲ့ သနပ်ခါးကျောက်ပျဉ်လေးရှိရင် ဘာလိုဦးမှာတုန်း… လှတကိုယ်လုံးယဉ်တကိုယ်လုံးပေါ့….

ကိုယ်လဲ မျက်နှာပြောင်ပဲ နေတယ် ပေါက်စ်။
မိတ်ကပ်ဆို မစားကောင်းတဲ့ အသီးလိုပဲ။
အလှပြင်တယ် ဆိုတာ မလှတဲ့ လူတွေ အလုပ်ပါလို့ တွေးမိတာပဲ။

အမျိုးသမီးတွေက ဈေးလျှော့တယ်ပြောရင် အသုံးလိုတာရော၊ မလိုတာရော ပိုက်ပိုက်ဖြုန်း အကုန်ဝယ်ချင်တယ်။

အမျိုးသားတွေက ကိုယ်ကြိုက်တာတွေ့ရင် ဘယ်လောက်ပဲ ဈေးဈေးကြီးကြီး ရှေ့မကြည့်နောက်မကြည့် ဈေးမဆစ်ပဲ ၀ယ်တယ်။

မဟုတ်မကြံ၊ မမှန်မဆို ။
အပိုမချဲ့၊ ကဲ့ရဲ့မပြော ။
ဒေါသမပွါး၊ အမှားကင်းကင်း ။
စကားတင်းရှောင်၊ မာန်မထောင်လွှားမေတ္တာထားကာ၊
လှည့်စားခြင်းဖျောက် ။
မကောက်မကျစ်၊ မညစ်မပတ်။မဖျက်မဆီး၊
အပူမီးခွါချမ်းမြေ့ပါရန်၊
သန္နိဋ္ဌာန်သည်မြဲမြံတည်တံ့ ခိုင်စေသောဝ်။ … ။

(မေဓါဝီ)




ကြိုက်လို့ ကူးလာတာပါ..
မမေဓါဝီမကြိုက်ရင် ပြန်ဖြုတ်ပေးပါ့မယ်နော်။။
ကျေးဇူး..။။

hee..အဖေ ပြောပြောနေတာ သွားသတိရတယ်။ နင့်အဒေါ်တွေက discount ၁၀ ဖိုးလောက် ချတာကို ခရီးစရိတ် ၅၀ လောက် အကုန်ခံပြီး သွားဝယ်ကြတယ်တဲ့ :D

လှပါတယ်မေရယ်.. ကြည့်လို့မရတဲ့ အဲလေ ကြည့်လို့မဝတဲ့ ကိုယ့်မျက်လုံးထဲဝယ်..

အဟဲ..တို့လည်း ပေါက်လိုပဲ.. မိတ်ကပ်ဆိုတာ ၂-နှစ်ကျော် သုံးနှစ်နီးပါးလောက် သုံးတချက် မသုံးတချက်ပဲ။ မျက်နှာပြောင်နေတာ များပါတယ်။ toner,lotion လေးလိမ်းပြီး နှုတ်ခမ်းနီဆိုး။ စိတ်လိုလက်ရရှိရင်တော့ တဖတ်ဖတ်နဲ့ ရိုက်ဖြစ်သေးတယ်..(ခြင်မဟုတ်)။ ဒါပေမယ့်.. မိန်းကလေးဆိုတော့ လှချင်တာ ဘာဖြစ်လဲ..ဘာဖြစ်လဲနော်..လှနေတဲ့သူတွေကို ကြည့်ရတာတော့ စိတ်ချမ်းသာတယ်..ကိုယ်ကသာ မပြင်တတ်တာကိုး။ :)

ပေါက်နဲ့ တို့ နဲ့ တူလိုက်တာဟယ်။ ဒါလဲ ယူမဲ့သူရှိတာပဲနော်။ သြော်..ဒါပဲ စဉ်းစားနေသလိုများဖြစ်ကုန်ပြီလားမသိပါဘူး :p

လှတယ်ဆို ကောင်းပါတယ်လေ။ မယုံလို့ အဲဒီရောက်ရင် လာကြည့်မယ်လေ။ တကယ် မလှဘူးဆိုရင် မုန့်ဝယ်ကျွေးရမယ်။ ဒါပဲ။

ဟုတ်ပါ့ အရာယွင်းပုံမရဘူး