9/28/2009

ယောင်ချာချာနေ့...


ဒီနေ့ သူငယ်ချင်း ခေါ်လည်လို့ အပြင်သွားဖြစ်ပါတယ်..။။




လမ်းမှာ..ဆောင်းခိုဖို့ ပူနွေးတဲ့ နေရာကိုပြောင်းနေတဲ့ ငှက်အုပ်နဲ့ ကြုံလိုက်ပါသေးတယ်..။။
အပင်အနောက်က အဖြူရောင်အစက်လေးတွေက ငှက်အုပ်လေးတွေပါ..။။












နေရောင်ကတိုးထွက်ချင်နေပေမယ့်လည်း...
မိုးကောင်းကင်ကြီးက ပြိုမလိုလိုနဲ့ ညိုပြီး အတင်းတွန်းထုတ်နေတယ်..။။





လေတိုက်လွန်းတော့ စွန်(လေတံခွန်) လွှတ်တဲ့သူလဲ မရှားဘူး။။







သွား..လာ..လည်ပတ်နေပေမယ့်...လူက ဘာဖြစ်နေမှန်းမသိဘူး..။။
မပျော်ဘူးဆိုတာ သေချာတယ်...။။
ယောင်ချာချာ ဖြစ်နေတယ်..။။

19 comments:

  1. အဲဒီ ပုံဖော်ထားတဲ့ ကော်ဖီ သောက်ချင်တယ်
    တိုဟူးလှလှလေး စားချင်တယ်
    dim sum လည်း စားချင်တယ်
    အရင်နေ့က ပိုစ့်ထဲက ယပ်တောင်မုန့် စားချင်တယ်

    (စားချင်တာတွေ များလှပါလားနော်းဝ)

    ReplyDelete
  2. အစ်မပေါက်

    ပျော်အောင်နေပါ
    ကမ်းခြေမှာ ပင်လယ်လေရှူပြီး သဲအိမ်လေး ဆောက်ပါ
    ခရုလေးတွေ ကျောက်ဆောင်ပေါ်မှာ အိမ်လုပ်နေတာကို ရှာကြည့်ပါ

    ပျော်ရွှင်ပါစေနော်

    ReplyDelete
  3. ပေါက်...
    နောက်နေ့ ဆို ပျော်မှာပါ။
    ပင်လယ်လေက အားဖြစ်စေပါတယ်။

    ReplyDelete
  4. စားချင်တယ်.. tofu.. dimsum

    လာခဲ့ဒီကို၊ ပျော်အောင် လုပ်ပေးမယ်

    ReplyDelete
  5. ပျော်အောင်နေပါ မပေါက်။ စိတ်ညစ်တာတွေက ခဏပါ။ နောက်တော့ အားလုံး ပြီးသွားမှာပါ။

    ReplyDelete
  6. kom: သာယာတယ် လိုရင်းကတော့စိတ်ဘဲ စိတ်ပျော်ရင်သာယာတယ် စိတ်မရွင်ရင် မပျော်ဘူး။

    ReplyDelete
  7. အင်း.. ဂျီးဒေါ်ပြောသွားတာလည်းမမှားဘူး..
    ပတ်ဝန်းကျင်ကလှပေမယ့် စိတ်ညစ်ရင် အကုန်ညစ်တယ်
    မလှပေမယ့် ပျော်ချင်ပျော်တယ်..
    တစ်ခုခုကိုကြောင့်ကြနေတာလည်းဖြစ်နိုင်တယ်၊ လွမ်းတာလည်းဖြစ်နိုင်ပါတယ်.. (ခန့်မှန်းခြေ)

    ReplyDelete
  8. မတ်ခွက်ကြီးနဲ့အပြည့်က ဘာလဲ..
    ပင်လယ်ကြီးက သာယာတဲ့ပုံရှိပါတယ်..

    ဒီကိုလည်းလာခဲ့ ပျော်အောင်လုပ်ပေးမယ်။

    ReplyDelete
  9. ကမ်းခြေမှာ ပင်လယ်လေရှူပါ
    မနက်စောစောထပြေးပါ
    သဲအိမ်လေး ဆောက်ပါ
    ခရုလေးတွေ ရှာကြည့်ပါ
    ဒီလောက်သာယာတဲ့နေရာရောက်နေမှ အလကားမဖြစ်စေနဲ့ 
    သဘာဝကိုခံစားလိုက်....

    ReplyDelete
  10. ဘာတွေများ မပျော်စရာရှိနေလဲ.... ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

    ReplyDelete
  11. dim sum စားချင်တယ်..

    ပျော်သလိုနေပါကွယ် ပေါက်ရယ်... (သီချင်းဆိုပြသွားတာ မဟုတ်ဘူးနော်.. :))

    ReplyDelete
  12. ပေါက် အချစ် အောက်ဆုံးက စားစရာ ၂ ပုံ အကြိုက်ဆုံးပဲ

    ReplyDelete
  13. ယောင်ချာချာနေ့များ ကုန်ဆုံး လွန်မြောက်ပါစေကွယ်...

    ReplyDelete
  14. ရေစပ်မှာ စိတ်ထဲရှိတာတွေကို အော်ခဲ့ပြီးရော။

    ReplyDelete
  15. ဟာတာတာ ရင်မှာကျန်နေဆဲ..
    မောင်မနေတတ်ဘူး... ယောင်ချာချာအရူးတစ်ပိုင်းဖြစ်နေပြီ

    တချင်းချိုတာနော်....
    ယောင်ချာချာဖြစ်နေတာတောင် ဓာတ်ပုံလှလှလေးတွေ ရိုက်လာနိုင်သေးတယ်.. ကော်ဖီက လှထှာအေ့.. ကိတ်ကတော့ အီမယ့်ပုံပဲ ..။

    ReplyDelete
  16. အဲဒါ ကိတ်မဟုတ်ဘူး မမ SDL ရဲ့ တို့ဖူးလေ၊ ကိတ်ကို ကြက်သွန်မိတ် ဘယ်ဖြူးစားပါ့မလဲ၊ မမဆင်ရဲ့

    တခါက မျိုးရှေ့နေ

    ReplyDelete
  17. ကိတ်မှန်းမသိ။ တိုဟူးမှန်းမသိနဲ့။ သိပ်စိတ်ညစ်တယ်အေ။

    (ခပ်တည်တည်နဲ့ ဟောက်လိုက်တာ။ ကျွန်တော်လည်း ကိတ်ပဲ ထင်နေတာ။)

    ReplyDelete
  18. ဘယ်မြို့မှာလဲ

    ReplyDelete
  19. ယောင်ချာချာ ဖြစ်နေတာ ပေါက် မဟုတ်ဘဲ စင်စင် ဖြစ်နေပါလား။ =)

    ReplyDelete