9/26/2009

အလွမ်းစာ..



ဒီမုန့်လေးက 油香 (ယို ရှမ်း) လို့ခေါ်ပါတယ်..
ကိုယ်တို့ဘာသာရေး ပွဲတော်တွေမှာ လုပ်တတ်တဲ့ မုန့်လေးပေါ့...
ငယ်ငယ်တုန်းက (အဖွားရှိစဉ်..) လုပ်တဲ့မုန့်က ဒီပုံစံတော့မဟုတ်ဘူး။။
ဆနွင်းမကင်းပုံစံလေးတွေ အပေါ်ကနေ တူလေးနဲ့ လိုက်ဖိရတယ် ။
ပြီးရင် နှမ်းစေ့လေးနဲ့ စမုန်စပါးစေ့လေးတွေ ကျဲထားလိုက်ရသေးတယ်။။
အခု ဒီမုန့်လေးက ယက်တောင်လေးလို လုပ်ယူရတယ်..(အဖေတို့နယ်ဖက်က လုပ်နေကျ ပုံစံလေးပေါ့)
တစ်သက်နဲ့ တစ်ကိုယ် ဒီမုန့်ကို ဒါပထမဆုံး ဂျုံမှုန့်ဝယ်ပြီး ကိုယ်တိုင် စမ်းကြည့်တာပဲ။။
中筋麵粉( Plain flour) သုံးရတယ်ဆိုတာလဲ အခုမှ သိတယ်..။။
သကြားရည် အေးမှ ထည့်ရတယ်ဆိုတာလဲ အခုမှသိတယ် ...ပြီးတော့ ထောပတ်ထည့်နယ်ရပါတယ်။။
ဆော်ဒါမုန့်အနည်းငယ်နဲ့ပေါ့ ။။မုန့်နယ်ရတာလဲ အသက်ထွက်မတတ်ပဲ..ချွေးတဒီးဒီးကျနေအောင်
နယ်ရတယ် ။။ ကျနော်လုပ်တာ မုန့်သားနဲနဲမာသွားတော့ တော်ရုံဒလိမ့်တုံးနဲ့ လှိမ့်မရဘူး။။
တအား အားစိုက်ရတယ် ။ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ခေါ်ပြီး မုန့်သားလှိမ့်ခိုင်းရတယ်..
သူကတော့ ဒီမုန့်လုပ်တဲ့နေရာမှာ ဆရာမကြီးပဲ။။အဲဒီလိုနဲ့ မုန့်လေး ကြော်ဖြစ်သွားပါတယ်။။


နောက်၂ရက်လောက်နေတော့ ပွဲတော်အတွက် မုန့်များများ လုပ်လိုတာကြောင့် ညီအစ်မများတဲ့
သူငယ်ချင်းအိမ်ပြေးပြီး မုန့်ကူလုပ်ခိုင်းရပါတယ် ။။တစ်ယောက်တည်း မုန့်နယ်အုန်း..လှိမ့်အုန်း..
မုန့်သားကိုဓါးလေးနဲ့လှီးပြီး ပန်းဖေါ်အုန်းနဲ့ ပြီးရင် မီးအေးအေးနဲ့ ကြော်ရတော့...
မနိုင်လို့..။။(အဟီး ပိုင်တယ်နော်..)








ဒါကတော့ တခြားလူမျိုးများရဲ့ ပွဲတော်စာ ဆမိုင် ပါ..။။
အားမနာကြပါနဲ့..ဖြည်းဖြည်း သုံးဆောင်ပါ ။။

26 comments:

  1. တခါမှ မစားဖူးဘူးထင်တယ်..
    စားဖူးတဲ့ မုန့်ကြိုးလိမ်ဆိုတဲ့ မုန့်နဲ့တူမလားမသိ..
    သကြားရည်ဆမ်းပြီး အခြောက်ခံထားတာ..
    ဒါကတော့ အပျော့နဲ့တူတယ်.. ဟိုမုန့်က မာသွားတယ်

    ReplyDelete
  2. မစားဖူးဘူး.. ဒါပေမယ့်ကြိုက်လောက်တယ်..
    စမိုင်တော့ သိပ်မကြိုက်ဘူး....။

    ReplyDelete
  3. ဒီမုန့်လေးက အပြင်သား မာသလိုနဲ့ အတွင်းသားက ကျွတ်ရွရွလေး..
    မုန့်ကြိုးလိမ် မဟုတ်ဘူးနော်..
    ကြက်ဥပါတယ်..

    ReplyDelete
  4. မုန့်ကို ကြည့်ရတာ လုပ်ရတာ ခက်မယ့်ပုံနော်.. ယပ်တောင်ပုံတွေ လုပ်ထားတော့ လှတယ် ပေါက်ရဲ့.. မြည်းကြည့်ချင်လိုက်တာ.. :D

    စမိုင်တော့ တခါမှ မစားဖူးဘူး.. အချိုကြောက်လို့..:P

    ReplyDelete
  5. တို့လဲ စားကြည့်ချင်လိုက်တာ..း)

    ReplyDelete
  6. မဆိုးဘူး လက်တက်လာပြီ။ မကြာခင် ပဲကို မီတော့မယ်။

    ReplyDelete
  7. ယို ရှမ်းဆိုတဲ့မုန့် လုပ်စားကြည့်ချင်တယ်။
    စမိုင်ကိုတော့ သိပ်ကြိုက်ပါတယ်။ နီးရင်လာစားဖြစ်မှာ

    ReplyDelete
  8. အမပေါက်

    ငိုချင်သွားဘီ.

    မေကလုပ်ပေးနေကျ

    တစ်ခါလုပ်ပေးပြီးရင် ဘူးထဲထည့် အားတိုင်းစားနေကျ
    ကြက်ဥလေးနဲ့ နွားနို့လေးပါထည့်။

    ဒီညတော့ ငိုရဘီ အိမ်ပြန်ပို့ပေးပါ

    ReplyDelete
  9. ပေါက်

    ယိုရှမ်းတော့ မစားဖူးဘူး။ စမိုင် အရမ်းကြိုက်တယ်၊ အဲဒီမှာ စမိုင်ရတယ်လား။

    ReplyDelete
  10. အဲဒါ ဘာမုန့်လဲဟင်..ပေါက်ပြောတာ တော်တော်လက်ဝင်မယ့်ပုံပဲ။ စားလို့ကောင်းမယ်ထင်တယ်နော်.. စမိုင်တော့ကြိုက်တယ်.. မနက်ဖြန်လုပ်စားဦးမယ်..:)

    င်္FB မှာ အရင်တွေ့လိုက်တာ..ခုမှ အိမ်ဘက်ရောက်လာ..:)

    ReplyDelete
  11. Anonymous ကဘယ်သူလဲတော့မသိဘူး
    ဆမိုင်ခြောက်က ချန်းပြန်လာတော့ အိမ်ကိုမှာလိုက်တာပါ..

    မသိင်္ဂီရေ...လက်ဝင်တယ်..ဒါမယ့်
    စားကောင်းတယ်..အချိုမကြိုက်ရင် သကြားရည်လျှော့ထည့်ရမယ်..

    မနုစံရေ..ကျနော့်ဆမိုင်က အချိုနဲလွန်းလို့
    ဒီက လူတွေတောင် သကြားထပ်ထည့်ရ/တယ်..

    ပြာပြာ...မကြာ မကြာလာ..ကျွေးမယ်နော်..

    မရှင်လေး..
    လုပ်စားကြည့်ပါ..အရင်နဲနဲလုပ်ကြည့်ပါ..
    သကြားရည်ကျိုပြီး အအေးခံထားပေးပါ..
    ကျနော်ကတော့ ရေမထည့်ပါဘူး..
    ၁) ဂျုံမှုန့်
    ၂)သကြားရည်အေး..
    ၃)ဆော်ဒါမှုန့်အနည်းငယ်..
    ၄) ကြက်ဥ..
    ၅)ထောပတ်
    နယ်ပြီးရင် အလုံးကြီးဖြစ်သွားရင် အ၀တ်ခနအုပ်ထားပေးပါ..
    ပြီးရင် လက်တစ်ဆုပ်စာယူပြီး
    လှိမ့်တုံးလေးနဲ့ ပါးပါးလှိမ့်ပေးပါ..
    ပန်းမဖေါ်လဲ အချောင်းလေးတွေ လုပ်ပြီးကြော်လို့ အဆင်ပြေပါတယ်..
    မီးအေးအေးနဲ့ ကြော်ပါ..အဆင်ပြေပါစေ..

    ကိုရွာသား မငိုပါနဲ့...စောကပဲ ပို့ပေးလိုက်တယ်..အဟိ..

    ReplyDelete
  12. စမိုင် ကြိုက်တယ် ....ပေါက်

    ReplyDelete
  13. ပေါက်ရေ...မုန့်လာစားတယ် ကောင်းမယ့်ပုံပဲ
    တခါမှ မစားဖူးဘူး
    ဆမိုင်သိပ်မကြိုက်ဘူး

    ReplyDelete
  14. စမိုင်ခြောက်ကို ဒီမှာ၇ှာတွေ့ထားတယ်။
    လူလဲ.. မလိုင်လေးရှာလိုက်၊ မဆလာသွားဝယ်လိုက်၊စမိုင်ဝယ်လိုက်နဲ့။
    ဆိုင်ကလူတွေနဲ့ ခင်နေတာ။ သူတို့ညွှန်းတဲ့အစားအသောက်တွေ မြည်းကြည့်လိုက်နဲ့။
    ရုပ်က အဲဒီလူမျိုးမဟုတ်တာတစ်ခုပဲကျန်တော့တယ်။

    ReplyDelete
  15. စမိုင်လာစားတယ် ပေါက်ရေ။ မလင်းကိုလည်း လာစားဖို့ ပြောလိုက်မယ်။

    မမွန်ကွန်မင့်ကိုလည်း ဖတ်ပြီးရီသွားတယ်။း)

    ReplyDelete
  16. ပေါက်ရေ မစားဖူးတဲ့ မုန့်မို့ အထူးအဆန်း ကြည့်သွားတယ်။ ပေါက်က တော်လိုက်တာ အစားတွေ အစုံလုပ်တတ်တယ်။ ချန်းတော့ ကံကောင်းတာပဲ။ စမိုင်ကို ရန်ကုန်ရောက်တုန်း စားချင်တယ် ဆိုပြီး မှာလိုက်တာ ပိုးဟပ်နဲ့တိုးလို့ နောက်တခါ မစားရဲတော့ဘူး :( ကိုယ်တိုင်လုပ်တတ်ချင်တာ

    ReplyDelete
  17. မုန့်လေးတွေကချစ်စရာ။စမ်းလုပ်ကြည့်မယ်။ဆော်ဒါ မ၀ယ်တတ်တာ ခက်တာပဲ။စမိုင် မကြိုက်ဖူး။

    ReplyDelete
  18. စမိုင်က Smile နေသလို
    (တကယ် ရုပ်တရက်ကြည့်လိုက်တော့ ချန်းများ မုန့်တခုခုကို ပုံဖော်ထားတယ် မှတ်တာ...)

    ReplyDelete
  19. စားချင်လိုက်တာ။ ဒီမှာ ရောင်းတဲ့ fannel cake နဲ့ ဆင်သလိုပဲ။ အစားအသောက်ဆိုတာ မကြိုက် မရှိကောင်းဘူး တဲ့ ပေါက်ရဲ့။
    စမိုင်ကတော့ အရမ်းကြိုက်။ ချိုလို့..

    ReplyDelete
  20. ဘီယာကျန်သေးလားဟေ့.

    ReplyDelete
  21. မြည်းကြည့်ချင်တယ်... မစားဖူးလို့

    ReplyDelete
  22. ပေါက်ရေ.. စမ်းလုပ်ကြည့်တယ်။
    ပုံကတော့ ပေါက်လိုမလှဘူး။ အချောင်းရော၊ မချောင်းမပြားရော အစုံပဲ။ တော်တော်တော့ စိတ်ရှည်
    ရသားနော်။
    အဆင်းမလှပေမဲ့ အရသာကတော့ရှိသား။
    မွမွလေး။ စားလို့ ကောင်းတယ်။
    ပေါက်လက်ရာကို အရင် စားကြည့်ရရင် ပိုကောင်းမှာ။
    နောက်မှ ဓါတ်ပုံ တင်ပေးလိုက်တယ်။
    မုန့် လုပ်နည်းအသစ်အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete
  23. စားကြပါ။ စားကြ။ စားကြ။ ဒီကတော့ ၀ိတ်တက်ပြီး အလှပျက်နေမှာစိုးလို့ မစားတော့ဘူး။ ပြန်တော့မယ်။ ရွှတ်ရွှတ်။

    ReplyDelete
  24. မုန့် ချိုလေးတွေကိုကြိုက်တယ် ပေါက်

    ReplyDelete
  25. လုပ်နည်းသင်ပေးပါ.. စားချင်တယ်

    ReplyDelete
  26. uhhh.. အဲမုန့်မြင်တော့ အိမ်ကို အရမ်း သတိရသွားတယ်။ ခေါက်ဘဲ ခေါက်တတ်တယ်။ ဂျုံမနယ်တတ်ဘူး :D

    ReplyDelete