မိုးနေ့

ဒီနေ့ မုန်တိုင်းရှိလို့ အလုပ်ပိတ်တာ ညကတည်းက သိရပါတယ်။။
ကိုယ့် အလုပ်က ၀န်ဆောင်မှု အလုပ်ဆိုတော့ တီဗွီက သတင်းအတိုင်း
မလိုက်နာ နိုင်ပါဘူး ။။ ဆိုတော့ ဒီနေ့ နေ့လည် အချိန်တန်တာနဲ့ အလုပ်ကို
သွားရပါတယ် ။။ မိုးက မဆိုစလောက်ရွာနေပါတယ် ။။ လေကလဲ မဆိုစလောက်ပဲ
တိုက်နေပါတယ် ။။ အလုပ်ရောက်တော့ ခြောက်ကပ်နေတာပဲ ။။
၂နာရီကျော်မှာ ဆိုင်ပိတ်ဖို့ သူဌေးမက ပြောလာပါတယ်။။

ဆိုင်ပိတ်ပြီး အိမ်ပြန်ဖို့ ပျင်းနေတာနဲ့သူငယ်ချင်းတစ်ယောက်ရဲ့ အထည်ဆိုင်သွားလည်တာပေါ့။။
ကိုယ်ကြိုက်တတ်တဲ့ ရှပ်အင်္ကျီတွေ တီရှပ်တွေ တစ်ထည်ပြီး တစ်ထည် စမ်းဝတ်ကြည့်ပါတယ်။။
မ၀ယ်ပါဘူး ။။ သူငယ်ချင်းကျွေးတဲ့ ခေါက်ဆွဲသုပ်နဲ့ သံပုရာရည်သောက်ပြီး ပြန်လာပါတယ်။။

ရုပ်ရှင်ကြည့်မလား စိတ်ကူးတယ် ။ ဟိုး အဝေးကြီး မသွားချင်ပါဘူး ။။ ဆိုင်ကယ်နဲ့ သွားရင်
အန္တရာယ်များမယ် ။ မုန်တိုင်းကြောင့် လေတိုက်လို့ လွှင့်ပါသွားရင် ဘယ်လိုလုပ်မလဲ ။
တက္ကစီနဲ့ ဆို ဈေးကြီးမယ် ။ ဆိုတော့ ရုပ်ရှင်ကြည့်ဖို့ စိတ်ကူးလေး ပယ်ဖျက်လိုက်ပါတယ်။။
စိတ်ကူးထဲ မှာ ကြည့်ချင်တဲ့ ကားလေးတွေ ရှိနေပါတယ်။။
management နဲ့ public enemies ။။


နောက်တစ်ရက် နှစ်ရက်နေရင် ဆီဈေးတွေ တက်မယ်လို့ ကြားထားလို့ ဆိုင်ကယ်ဆီ
အပြေးသွားဖြည့်လိုက်ပါတယ် ။။ ဒါပေမယ့် ဆီဈေးဘယ်လောက်ဈေးဆိုတာ ဒိုင်ခွက်ကို
မကြည့်မိပါဘူး ။။


ဆူပါမားကက်ကို ၀င်ဖို့ စဉ်းစားမိသေးတယ် ။။ ဘာဝယ်ရမလဲ စဉ်းစားတယ် ။။ လိုအပ်တာ
ဘာမှ မရှိတာ စဉ်းစားမိလို့ ဆိုင်ရှေ့ကနေ ပြန်လှည့်လာတယ် ။။

အခုတလော အိမ်မှာ ထမင်းဟင်းချက်မစားဘူးနော် လို့ ပြောတတ်တဲ့သူကြောင့်
ထမင်း ကမန်းကတမ်း ချက်လိုက်ပါတယ်။။ ဟင်းတော့ ဖြစ်သလိုပေါ့ ။ အိမ်ကပို့ထားတဲ့
အမဲခြောက် အမဲကလီစာ ကို ခရမ်းချဉ်သီးနဲ့ ချက် ။ ပဲဟင်းချက် ။ ငြုပ်သီးစိမ်းမရှိလို့
အိမ်အောက်က ကိုယ် တစ်ခါမှ မ၀ယ်စားဖူးတဲ့ ထမင်းကြော်ဆိုင်က ငြုပ်သီးစိမ်း
၁၀ဖိုးလောက်သွားဝယ်တော့ ဆိုင်ရှင်က အလကားပေးတာကို မျက်နှာပူပူ နဲ့ ယူပြီး
အိမ်ပြန်လာပါတယ်။။ ဟင်းကို တင်ဖို့တော့ စိတ်ကူးမရှိပါဘူး ။။ မယ်နိကို သတိရသွားတာ
တစ်ခုပဲ ။။





8 comments:

မိုးနေ့ကို မျိုးကျော့မြိုင်ရဲ့ မိုးည သီချင်းနဲ့ တွဲတင်ပါလား..


sdl

ဖြစ်သလိုက နှစ်ခွက်တောင်နော်။
မယ်နိကို သတိရတယ်..သူကတော့ တို့ကို ပစ်ထားခဲ့ပါတယ်လေ။
လွမ်းတာ..။
mm

ဘာမုန်တိုင်းဝင်မှာလဲ ပေါက်ရေ တကယ်လား
နိနိက အလုပ်ရှုပ်နေတယ် ထင်ပါ့ မေးလ် ပို့ကြည့်ရအောင်

ဆိုင်ကယ်စီးရင်သတိထားနော်ပေါက်လေး။ အစ်မလည်း ဆိုင်ကယ်စီးပြီးရုံးသွားတဲ့သူမို့ အဲဒါပဲ တွေးမိတယ်။

ကောင်းပါတယ်။စိတ်ကူးပေါက်တာလုပ်ရတာ။

ThuHninSee said...

ဟားဟား.. မမရေးတာရီလိုက်ရတာ။
yong tofuကိုသိပ်ကြိုက်တယ်။ မစားရတာကြာပေါ့။ ပေါက်ရေ..ဒီမှာ သွားကြည့်
http://www.flickr.com/photos/girlyamy/2858437430/

ပေါက်အချစ်.. လာဖတ်ပြီး comment မရေးဖြစ်လို့၊ မုန်တိုင်းကျနေတုန်းလား?

ပေါက်ရေ… လာဖတ်သွားတယ်။ အရည်မရ အဖတ်မရလို့ မပြောဘူးနော်။ အဖတ်တွေ တွေ့ရတယ်။ အမဲကလီစာကို ခရမ်းချဉ်သီးနဲ့ ချက်တယ်ဆိုတော့။ ပဲဟင်းကရော အရည်သောက်ဆိုရင် အရည်တွေ ပါမှာ သေချာတယ်။ ဟင်းထဲမှာ ပြောပါတယ်။း-)